အသက် ၉၀ နှင့်အထက် သက်ကြီးရွယ်အိုများကို ပင်စင်လစာပေးမည်

...

အသက် ၉၀ နှင့်အထက် သက်ကြီးရွယ်အိုများကို ပင်စင်လစာပေးမည်

Myanmar Times, 19 Jan 2017

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/24599-elderly-pension-payments-to-cont-at-reduced-rate.html
အသက် ၉၀ နှင့်အထက် သက်ကြီးရွယ်အိုများကို လာမည့်ဘဏ္ဍာနှစ်တွင် ပင်စင်လစာ လ စဉ် ပေးအပ်တော့မည်ဖြစ်သည်။ သို့သော်လည်း ပေးသည့်လစာနှုန်းမှာ၂၀၁၆ ခုနှစ်တွင်ရရှိသည့် ကျပ် ၁၈၀၀၀မှ
လျော့ကျသွားမည်ဖြစ်ပြီး ၂၀၁၈မှစ၍ လ စဉ် ငွေကျပ်တစ်သောင်းပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်း
မြတ်အေးက ပြောကြားခဲ့သည်။

သက်ကြီးရွယ်အိုဆိုင်ရာဥပဒေကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်တွင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။ ပင်စင်အား အသက်၆၀ ကျော် နိုင်ငံသားတိုင်းကို အသက်အပိုင်းအခြားအလိုက်ပေးမည်ဖြစ်
သော်လည်း ယခုအခါထိုစီမံကိန်းကို အပြည့်အဝအကောင်အထည်ဖော်ရန် အစိုးရတွင် လက်ရှိ ဘဏ္ဍာငွေမရှိသေးကြောင်းပြောကြားကဲ့သည်။

" အစိုးရက ၂၀၁၆ ခုနှစ်မှာ အသက် ၉၀မှ ၉၉နှစ် နဲ့ ရာကျော်ဘိုးဘွားများကို ပင်စင်ပေးမယ်ဆိုရင် ခန့်မှန်းခြေအားဖြင့် နိုင်ငံမှာ ၃၃၃၇၃ဦးအတွက်ပေးဖို့လိုအပ်ပါလိမ့်မယ်၊ တလကို ၁၈၀၀၀ကျပ်ပေးမယ်ဆို
ရင်စုစုပေါင်းဘတ်ဂျက်ခန့်မှန်းခြေအားဖြင့် ငွေကျပ် ၄၂၀.၇၁၄သန်း လိုအပ်ပါမယ်။"

သက်ကြီးရွယ်အိုဆိုင်ရာခံစားခွင့်ဥပဒေကို အစိုးရသစ်လက်ထက်တွင် သက်ကြီးရွယ်အိုများအား ငွေကြေးပံ့ပိုးပေးနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

နောင်လာမည့်ဘဏ္ဍာနှစ်တွင် ငွေကြေးအထောက်အပံ့ပေးလက်ခံရရှိမည့်သူများစာရင်းကို ဝန်ကြီးဌာနမှ စာရင်းပြုစုနေဆဲဖြစ်ကြောင်း ဦးဝင်းမြတ်အေးက ပြောကြားခဲ့သည်။

“ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ အသက် ၉၀အထက် သက်ကြီးရွယ်အိုအရေအတွက်ကို ကျွန်တော်တို့ တွက်ချက်နေပါတယ်၊အသက် ၁၀၀နဲ့အထက်လည်း ပါပါတယ်။ ကျွန်တို့ဒီထက်အကုန်အကျပိုခံနိုင်တယ်ဆိုရင်
အသက် ၈၀သက်ကြီးရွယ်အိုတွေပါ ပါဝင်လို့ရအောင်လုပ်သွားဖို့ စဉ်းစားထားပါတယ် ” ဟု သူကဆိုသည်။

အစိုးရအနေဖြင့် ငွေရေးကြေးရေးအခြေအနေကောင်းမွန်ပါက သင့်လျော်သည့်ခံစားမှုများကို အသက် ၆၀ နှင့်အထက်ကိုပါ ထောက်ပံ့ပေးနိုင်ခြေရှိသည်။

“သက်ကြီးရွယ်အအိုထောက်ပံ့ပေးရေးဥပဒေပြဌာန်းပြီးကတည်းက ဒါကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ကျွန်တော်တို့လည်း လုပ်ထုံးလုပ်နည်း၊စည်း မျဉ်းစည်းကမ်းတွေဆွဲဖို့လို
ပါတယ်။ပြီးရင် ဥပဒေကို ပံ့ပိုးပေးမယ့် မူဝါဒတွေ ချမှတ်သွားဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ တချိန်ထဲမှာပဲ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ် ” ဟု သူကပြောခဲ့သည်။။