ရန်ကုန်တွင် ဘတ်စ်ကားစနစ်သစ် စတင်

...

ရန်ကုန်တွင် ဘတ်စ်ကားစနစ်သစ် စတင်

The Irrawaddy, 16 Jan 2017

URL: http://www.irrawaddy.com/news/rangoon-launches-new-bus-system.html
ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုစနစ်သစ်(YBS)အား မြို့တော်တွင် နာမည်ဆိုးဖြင့်ကျော်ကြားလှသည့် ဘတ်စ်ကားလိုင်း ၆၉ လိုင်းရှိသော ရန်ကုန်ယာဉ်
ထိန်းသိမ်းမှုကြီးကြပ်ရေးကော်မတီ၏ မထသအမည်ရှိ ယခင်ဘတ်စ်ကားဟောင်းစနစ်နေရာတွင် အစားထိုးလိုက်ပြီဖြစ်သည်၊

လူထုဝန်ဆောင်မှုစနစ်သစ်တွင် မော်တော်ယာဉ်များကို ခရီးသွားများအတွက် မနက် ၅ နာရီမှ ည၉နာရီအထိ ယာဉ်စုစုပေါင်း ၄ထောင်နီးပါးဖြင့် ပြေးဆွဲ
ပေးသွားမည်ဖြစ်သည်ဟု ဒေသကြီးအစိုးရက ပြီးခဲ့သည့်အပတ်က ကြေငြာခဲ့သည်။

ဒေသဆိုင်ရာလွှတ်တော်အမတ်များဦးဆောင်သည့် ပရဟိတအဖွဲ့များနှင့် အများအကျိုးဆောင်အဖွဲ့များမှ စေတနာ့ဝန်ထမ်း ၄ ထောင်ခန့်သည် တနင်္လာနေ့
၌ မြို့တော်တလျှောက်ရှိ ဘတ်စ်ကားမှတ်တိုင် နှစ်ထောင်တွင် ဘတ်စ်ကားလိုင်းများပြေးဆွဲမည့်လမ်းကြောင်းများနှင့်သတင်းအချက်အလက်များပါဝင်သည့်
လက်ကမ်းကြေငြာစာရွက်များကို ဝေငှပေးကြပြီး YBS မိုဘိုင်းဖုန်းပရိုဂရမ်ဖုန်းထဲ ထည့်သွင်းခြင်းကိုလည်း အကူအညီပေးနေကြသည်။

စနစ်သစ်ပြောင်းလဲမှုတွင် စေတနာ့ဝန်ထမ်းများသည် ခရီးသွားပြည်သူများအား သောကြာနေ့အထိ အကူအညီပေးမည်ဖြစ်သည်။

ယာဉ်စီးခမှာ ၁၀၀မှ ၃၀၀ကျပ်ထိဖြစ်ပြီး ခရီးအကွာအဝေးပေါ်မူတည်သည်။

ဒေသကြီးအစိုးရမှ အချက်အချာကျသည့်မြို့တော်တွင် စနစ်သစ်သည် ယာဉ်ကြောကြပ်တည်းခြင်းအချို့ကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်၊ မြို့
တွင်းပတ်ယာဉ်လိုင်းများကို အကန့်အသတ်ဖြင့်သာ ထားရှိတော့သည်။

စနစ်သစ်အောက်တွင် ပြေးဆွဲနေသောယာဉ် များတွင် ငွေပေးချေခြင်းဒစ်ဂျစ်တယ်စနစ် မရှိသေးပေ၊ ယင်းစနစ်အား နောက်လာမည့်သုံးလအတွင်း အကောင်
အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးဦးဖြိုးမင်းသိန်းက စနေနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများအား ပြောပြ
ခဲ့သည်။

ရန်ကုန်ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့်ပတ်သတ်၍ ၂၀၁၄ ခုနှစ်တွင် Japan International Cooperation Agency ၏ စစ်တမ်းကောက်ယူမှုအရ
ခန့်မှန်းခြေအားဖြင့် ပြည်သူ ၂.၆ သန်းတွင် ရန်ကုန်လူဦးရေ၏ ၆၁ ရာခိုင်နှုန်းသည် အများပြည်သူသယ်ယူပို့ဆောင်ရေးအပေါ်အားကိုးအားထားပြုနေရပြီး ပုံ
မှန်ခရီးဝေးအလုပ်ဆင်းသူအားလုံး ၄၉ ရာခိုင်နှုန်းမှာ ဘတ်စ်ကားကို အသုံးပြုရသည်။