အသေးစားကုန်ထုတ်လုပ်မှုများသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဦးဆောင်နိုင်မည်

...

အသေးစားကုန်ထုတ်လုပ်မှုများသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဦးဆောင်နိုင်မည်

The Irrawaddy, 02 Jan 2017

URL: http://www.irrawaddy.com/business/light-manufacturing-to-lead-way-in-foreign-investment.html
ရန်ကုန် - ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံ၏ အခြေခံအဆောက်အအုံများအပေါ် စိုးရိမ်ပူပန်မှုများရှိသော်လည်း ၂၀၁၇ခုနှစ်၌ မြန်မာနိုင်ငံ၏ အသေးစားကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံခြားမှတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများတွင် ဦးဆောင်လာမည်ဖြစ်သည် ဟု ပြည်တွင်းစီးပွားရေးအ
သိုင်းအဝိုင်းထံမှ သိရှိရသည်။

ယမန်နှစ်တွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများလာရောက် လည်ပတ်ကြပြီး လျှပ်စစ်ရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် မြေယာကိစ္စများအပေါ်
မေးခွန်းများထုတ်ခဲ့ကြပြီး အကြီးစားစက်မှုကုန်ထုတ်လုပ်မှုများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ချီတုံချီချ ဖြစ်နေကြသည်ဟု ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဖြစ်သူ ဒေါက်တာမောင်မောင်လေးက ပြောခဲ့သည်။

နိုင်ငံတကာကိုယ်စားလှယ်အများအပြားမှ အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုပြုရန်အတွက် ဆွေးနွေးခဲ့ကြသော်လည်း အခြေခံအဆောက်အအုံ အားနည်းချက်များရှိသောကြောင်း ရင်းနှီးမြှုပ်နှံရန် ကတိမပေးခဲ့ကြဟု သူကပြောပြခဲ့သည်၊ ၂၀၁၆ခုနှစ်တွင် အခြားအာရှနိုင်ငံများကို ကျော်
လွန်ကာ မြန်မာနိုင်ငံသို့ ဥရောပကိုယ်စားလှယ်အများအပြားလာရောက် လည်ပတ်မှုတိုးလာကြောင်း ၎င်းက ပြောခဲ့သည်။

“ရင်းနှီးမြှုပ်နှံသူတွေအတွက် လျှပ်စစ်မီးရရှိဖို့က အဓိက အကြောင်းအရာပါပဲ ” ဟု သူက ထပ်ပေါင်းပြောကြားခဲ့သည်၊ “ ဖယောင်းတိုင်မီးနဲ့
တော့ သူတို့ရဲ့ ထုတ်ကုန်တွေကို မထုတ်လုပ်နိုင်ဘူးလို့ သူတို့က ကျွန်တော်တို့ကိုပြောပါတယ်၊ ဒါကြောင့် ရင်းနှီးမြှုပ်နှံဖို့အတွက်သူတို့ကတိ
မပေးနိုင်ကြပါဘူး။”

အသေးစား ကုန်ထုတ်လုပ်မှု ဖြတ်လုပ်ထုပ်ပိုး(CMP)အထည်ချုပ်စက်ရုံများသည် လုပ်ခသက်သာသည့် အလုပ်သမားများ လိုအပ်ပြီး စက်
မှုဇုန်များတွင် စက်ရုံများ ရရှိနိုင်သည်။ US နှင့် EU မှ ရင်းနှီးမြှုပ်နှံသူများသည်လည်း(GSP)အခွန်စနစ်ကိုအသုံးပြုရန်စိတ်ဝင်စားနေကြ
သည်။

“စျေးကွက်မှာ ပြောင်းလဲတဲ့လက္ခဏာ ဘာမှမတွေ့တာကြောင့်ရည်မှန်းချက်နဲ့ ကိုက်ညီနိုင်မှုမရှိပါဘူး ”ဟု မြန်မာ့ဆန်စပါးအသင်းမှ ဒုတိယ
ဥက္ကဌ ဒေါက်တာစိုးထွန်းကပြောခဲ့သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေ စည်းမျဉ်းစည်းကမ်းများကို ဧပြီလထိတိုင်အောင် မထုတ်ပြန်နိုင်ကြောင်း ၎င်းကညွှန်ပြခဲ့သည်၊ ထိုအချိန်ထိ
တိုင်အောင် ရင်းနှီးမြှုပ်နှံသူများသည် မြှုပ်နှံမှုပြုဖို့အတွက် ရွှေ့ဆိုင်းရန် အလားအလာရှိကြောင်း သူကပြောခဲ့သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဟိုက်ဒရိုစွမ်းအင်စီမံကိန်းများကို အတည်ပြုနိုင်ပြီဆိုလျှင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရည်
မှန်းထားသည်အတိုင်း ရောက်ရှိလာနိုင်ကြောင်း NLD စီးပွားရေးကော်မတီမှ ဦးရဲမင်းဦးက ပြောခဲ့သည်။

“ ဟိုက်ဒရိုစွမ်းအင်စီမံကိန်းကဏ္ဍတွေမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်တွေဟာ ဒေါ်လာ ၂ ဘီလီယံပမာဏရှိပေမယ့် ခွင့်
ပြုချက် ရရှိဖို့ စောင့်ဆိုင်းနေရပါတယ်၊ တကယ်လို့ ခွင့်ပြုချက်ရမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အစိုးရရည်မှန်းထားတဲ့အတိုင်း
ကရောက်ရှိလာမှာပဲ ဖြစ်တယ် ” ဟု သူကဆိုသည်။

သို့သော်လည်း “ ရည်မှန်းချက်ကိုရောက်ဖို့က အရေးမကြီးပါဘူး၊ အဓိက အရေးကြီးတာက ဒီ စီမံကိန်းတွေက နိုင်ငံကို ဘယ်လိုမျိုး ထိထိ
ရောက်​ရောက်​ အကျိုးပြု ကူညီပေးနိုင်မလဲဆိုတာပါပဲ ” ဟု သူက ဂရုတစိုက်တိုက်တွန်းခဲ့သည်။