အသုံးမပြုသည့်မြေများကို တနင်္သာရီအစိုးရမှ စောင့်ကြည့်နေ

...

အသုံးမပြုသည့်မြေများကို တနင်္သာရီအစိုးရမှ စောင့်ကြည့်နေ

Myanmar Times, 31 Aug 2016

URL: http://www.mmtimes.com/index.php/business/22231-tanintharyi-govt-eyes-unused-farmland.html
စိုက်ပျိုးရေးစီမံကိန်းလုပ်ရန် အဆိုပြုထားသည့် အကောင်အထည်မဖော်ရန် ပျက်ကွက်သောကုမ္ပဏီများမှ
မြေများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ပြန်လည်သိမ်းယူမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့လုပ်
ဆောင်ရန်အတွက် နေပြည်တော်မှ ပံ့ပိုးကူညီမှုများလိုအပ်သည်။

ခုနှစ်အစောပိုင်းတွင် ပြည်နယ်ဝန်ကြီးနေရာရလာပြီးနောက် ဒေသကြီး၏ သဘာဝသံယံဇာတများကိုအ
လွဲသုံးစားပြုလုပ်မှုများအား ကိုင်တွယ်ဖြေရှင်းပေးနေသည့် ပြည်နယ်ဝန်ကြီးဒေါ်လဲ့လဲ့မော်က မြေအသုံး
ချမှုများကို အစိုးရအနေက စောင့်ကြည့်နေကြောင်း၊ အဘယ့်ကြောင့်ဆိုသော်မြေအသုံးချမှုများသည်မြန်
မာနိုင်ငံအရှေ့တောင်ပိုင်းပြည်နယ်၌ လူမှု့ရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများကို အဓိကမောင်းနှင်
နေသည့်အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်ကုမ္ပဏီများသို့ မြေအငှားချပေးမှုများအတွက် နောင်တွင် မြေ
သိမ်းမှုများနဲ့ပတ်သတ်သည့် ဖြစ်ပေါ်လာမည့်ကိစ္စရပ်များနှင့်ပတ်သတ်၍ ဒေသကြီးအစိုးရက သြဂုတ်
လလယ်တွင်စစ်တပ်နှင့်ဆွေးနွေးခဲ့ပြီးထိုမြေများကိုငှားပြီးနောက်အသုံးပြုခြင်းမရှိပါကပြန်ယူသင့်ကြောင်း
သဘောတူညီခဲ့သည်ဟုသူမကပြောခဲ့သည်။ ဒေသကြီးအစိုးရသည်ထိုသို့ပြုလုပ်ရန် ဆုံးဖြတ်ချက်ကို၎င်း
တို့၏အင်တာနက်ဝက်ဆိုဒ်တွင်လည်း ကြေငြာထားသည်။

၂၀၁၂ခုနှစ်၊ မြေလွတ်၊ မထွန်ယက်သောမြေနှင့် မူလအတိုင်းရှိနေသောမြေများစီမံခန့်ခွဲမှုဥပဒေအရမြေငှား
စာချုပ်တွင် ကနဦးလက်မှတ်ရေးထိုးပြီးနောက် လေးနှစ်အတွင်း ထွန်ယက်စိုက်ပျိုးခြင်းမရှိပါက ပြည်နယ်
အစိုးရက လယ်ယာမြေကို ပြန်ယူခွင့်ရှိသည် ဟုဒေါ်လဲ့လဲ့မော်ကပြောခဲ့သည်။

“အသုံးမချတဲ့မြေတွေကို ကျွန်မတို့စောင့်ကြည့်နေမှာဖြစ်ပြီး ကျွန်မတို့ရဲ့တွေ့ရှိချက်တွေကို ဗဟိုအစိုးရဆီ
ကိုတင်ပြသွားမှာပါ” ဟုသူမက ပြောခဲ့သည်။

“ကျွန်မတို့မြေကိုပြန်ယူပြီးရင် အဲ့မြေကို မူလပိုင်ရှင်ထံပြန်ပေးတာပဲဖြစ်ဖြစ်၊ နေရပ်ပြန်လာတဲ့ရွှေ့ပြောင်း
နေထိုင်သူတွေပဲဖြစ်ဖြစ် ပေးပါမယ်၊ သူတို့ကို အသေးစားစိုက်ပျိုးတဲ့ လယ်မြေတွေမှာ ထွန်ယက်ဖို့ခွင့်ပြု
ပေးပါမယ်။”

လက်တွေ့တွင် မြေပြန်ယူခြင်းသည် အချိန်အနည်းငယ်ကြာတတ်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်
မြောင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းရေးမှူးဖြစ်သူ ဦးမျိုးတင့်ထွန်းကပြောခဲ့သည်၊ ဒေသကြီးအစိုး
ရအနေဖြင့် မြေယာအသုံးပြုခြင်း လုပ်ပိုင်ခွင့်အာဏာသည် အကန့်အသတ်ရှိကြောင်းပြောခဲ့သည်။

စိုက်ပျိုးမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူဦးလွှမ်းမိုးက ဒေသကြီးအစိုးရသည်
ဧက(၅၀)ထက်နည်းပါးသည့် မြေကွက်ကိုသာ သိမ်းယူနိုင်ကြောင်း၊ ပိုမိုများပြားသည့်မြေကွက်များသည်မ
ကြာသေးမီကဖွဲ့စည်းလိုက်သည့် မြေလွတ်၊ မထွန်ယက်သောမြေနှင့် မူလအတိုင်းရှိနေသောမြေများစီမံခန့်
ခွဲမှု ပြည်ထောင်စုအဆင့် ဗဟိုကော်မတီအပေါ်တွင် မူတည်ကြောင်း ပြောခဲ့သည်။

မြေလွတ်၊မထွန်ယက်ရသေးသောမြေများနှင့်မူလအတိုင်းရှိနေသောမြေများတွင် ထွန်ယက်ရန် ခွင့်ပြုထား
သည့် မည်သူမဆို လေးနှစ်အတွင်း ၎င်းတို့ိုအဆိုပြုထားသည့် စီးပွားရေးစီမံချက်ကို ဆက်လက်ဆောင်ရွက်
ရမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောခဲ့သည်။

“ကုမ္ပဏီအများစုက ဥပဒေကိုမလိုက်နာတဲ့အတွက် အကြောင်းကိစ္စတွေ မြင့်တက်လာရတာပါ ”ဟု သူက
ပြောခဲ့သည်။ “ဒေသကြီးအစိုးရက ဆက်လက် ကွင်းဆင်းလေ့လာနိုင်ပြီး အသုံးမပြုတဲ့မြေတွေကိုတွေ့ရှိရင်
ဗဟိုကော်မတီဆီ တင်ပြမှာဖြစ်ပါတယ်။”

အကယ်၍ ဗဟိုကော်မတီမှ မြေပြန်ယူနိုင်ကြောင်း ဆုံးဖြတ်ပါက မြေငှားထားသူသည် ဆုံးဖြတ်ချက်ကိုလေး
စားလိုက်နာရမည်ဟု ၎င်းကပြောခဲ့သည်။