အပစ်အခတ်ရပ်စဲရေးတွင်ဖက်ဒရယ်မူကိုထည့်သွင်းရန်မြန်မာအစိုးရမှသဘောတူ

...

အပစ်အခတ်ရပ်စဲရေးတွင်ဖက်ဒရယ်မူကိုထည့်သွင်းရန်မြန်မာအစိုးရမှသဘောတူ

Irrawaddy News, 15 Aug 2014

URL: http://www.irrawaddy.org/burma/burma-govt-agrees-include-federal-system-ceasefire-deal.html
တိုင်းရင်းသားများဘက်မှတင်ပြသည့်ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးကိုအစိုးရဘက်မှလက်ခံလိုက်ပြီဖြစ်
ကြောင်းသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုကိုကိုယ်စားပြုထားသည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်း(NCCT)နှင့်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့
သည်ရန်ကုန်မြို့ရှိပြည်ထောင်စုငြိမ်းချမ်းရေးစင်တာတွင်သောကြာနေ့ကတွေ့ဆုံခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အဓိကထားတောင်းဆိုသောအချက်မှာတိုင်းရင်းသားနယ်မြေများတွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့်ဖက်ဒရယ်စနစ်ကိုနိုင်ငံတွင်သဘောတူလက်ခံစေရန်ဖြစ်
ပြီးမြန်မာစစ်တပ်ကိုယ်စားလှယ်များမှလည်းပြီးခဲ့သောဆွေးနွေးမှုများတွင်ဖက်ဒရယ်စနစ်ကိုထည့်သွင်းရန်ဆန္ဒရှိကြကြောင်းဖော်ပြခဲ့ကြသည်။

NCCTမှခေါင်းဆောင်နိုင်ဟံသာမှသောကြာနေ့တွင်ကျင်းပပြုလုပ်ခဲ့သောအစည်းအဝေးသည်အစိုးရဘက်မှမိမိတို့တောင်းဆိုထားသည်များကိုပထမဦးဆုံးအကြိမ်အခိုင်အမာသဘောတူခြင်း
ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“အစည်းအဝေးမှာကောင်းမွန်စွာဆွေးနွေးခဲ့ကြပါတယ်၊ပြီးတော့တိုးတက်မှုအများအပြားလည်းရှိခဲ့ပါတယ်။အရေးအကြီးဆုံးအချက်ကတော့အစိုးရကနိုင်ငံမှာဖက်ဒရယ်စနစ်ဖြစ်တဲ့ဒီမိုကရေစီ
ရေး၊တန်းတူညီတူရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ကိုသဘောတူလိုက်တာပါပဲ။ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေတောင်းဆိုတာကိုသူတို့သဘောတူလိုက်ပါတယ်”ဟုနိုင်ဟံသာ
မှပြောကြားခဲ့သည်။

“ပြည်သူတွေအတွက်သတင်းကောင်းကတော့အဓိကအချက်တွေကိုကျွန်တော်တို့ဖြတ်သန်းခဲ့ပြီးပါပြီ၊ပြီးတော့ဒီအချက်တွေဟာအလွန်ကိုအရေးကြီးတဲ့အချက်တွေပါပဲ။ကျန်တဲ့အချက်တွေကတော့
အလွယ်တကူဆွေးနွေးလို့ရတဲ့အချက်တွေပါပဲ။”

ဖက်ဒရယ်တပ်မတော်ပိုင်းနှင့်ပက်သက်ပြီးတိုင်းရင်းသားများဘက်မှခေါင်းစဉ်တစ်ခုအနေဖြင့်တင်ပြထားသော်လည်းအဆိုပါအချက်နှင့်ပက်သက်၍အသေးစိတ်ကိုတော့နိုင်ငံရေးဆွေးနွေးပွဲမှာ
ဆွေးနွေးသွားမည်ဟုနိုင်ဟံသာကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှပြန်ကြားရေးတာဝန်ခံဦးလှမောင်ရွှေကအစိုးရဘက်မှညှိနှိုင်းသူများသည်သဘောတူထားသည့်ဖက်ဒရယ်စနစ်တွင်စကားလုံးရွေးချယ်သုံး
နှုန်းခြင်းကိုထည့်သွင်းရန်သဘောတူညီခဲ့ကြသည်။

“အစည်းအဝေးမှာကျွန်တော်တို့တစ်ဖက်စီကနေအလျော့အတင်းပြုလုပ်ဖို့၊နားလည်မှုရှိဖို့နဲ့ဆင်ခြင်သုံးသပ်စရာတွေအများအပြားကျွန်တော်တို့တွေ့ခဲ့ပါတယ်။အရေးကြီးတဲ့ဖက်ဒရယ်စနစ်ကိုကျွန် တော်တို့ရရှိဖို့သဘောတူညီမှုရရှိခဲ့ပါပြီ”ဟု၎င်းမှပြောကြားခဲ့သည်။