တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးအတွက်သုံးပွင့်ဆိုင်များမှအရေးပါသည့်အပြန်အလှန်ဆွေးနွေးပွဲပြုလုပ်ရန်နိုင်ငံရေးပါတီများတောင်းဆို

...

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးအတွက်သုံးပွင့်ဆိုင်များမှအရေးပါသည့်အပြန်အလှန်ဆွေးနွေးပွဲပြုလုပ်ရန်နိုင်ငံရေးပါတီများတောင်းဆို

The New Light of Myanmar, 12 Aug 2014

URL: http://www.moi.gov.mm/npe/nlm/content/12-august-14
မြန်မာနိုင်ငံတွင်ခိုင်မာသောအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရယူရန်လိုအပ်သည်ကို နိုင်ငံရေးပါတီများမှလေးနက်စွာဖြင့်တနင်္လာနေ့တွင်ပူးတွဲထုပ်ပြန်ကြေငြှာချက်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(Myanmar Peace Center)မှပြုလုပ်သည့်ငြိမ်းချမ်းရေးဖြစ်စဥများအားရှင်းလင်းတင်ပြခြင်းနှင့်အပြန်အလှန်ဆွေးနွေးခြင်းအခမ်းအနားကိုနိုင်ငံရေးပါတီ ၆၆ပါတီမှတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများစုစုပေါင်း ၁၅၁ ဦးတက်ရောက်ကြသည်။

အခမ်းအနားတွင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကအဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၁ ခုနှစ်သြဂုတ်လကနိုင်ငံတော်သမ္မတကြီးကတစ် ပြည်လုံးအတိုင်းအတာဖြင့်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုပြုလုပ်ခဲ့ပါကြောင်း၊ထိုအချိန်မှစ၍တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလိုက်လံတွေ့ဆုံပြီးငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း။

လုပ်ငန်းကော်မတီအနေဖြင့်ငြိမ်းချမ်းရေးဆောင်ရွက်သည့်ကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အလွတ်သဘောအကြိမ်(၂၅၀)ခန့်တွေ့ဆုံဆွေးနွေးခဲ့ပြီးတရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိမ်(၅၀)ကျော် ပြုလုပ်နိုင်ခဲ့ပါကြောင်း၊လူထုအခြေပြုအဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အနည်းဆုံးအကြိမ်(၁၅၀)ကျော်တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၆)ဖွဲ့နှင့်ရရှိရေးဆွေးနွေးညှိနှိုင်းခဲ့ပြီးလက်ရှိအခြေအနေတွင်အဖွဲ့(၁၄)ဖွဲ့နှင့်ပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီချက်များရေးထိုးထားပြီးဖြစ်ပါကြောင်း၊တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲ ရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရန်လုပ်ငန်းစဥအဆင့်ဆင့်ကိုအသေးစိတ်ညှိနှိုင်းအကောင်အထည်ဖော်လျက်ရှိကြောင်း။

၎င်းတို့သည်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သောတစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့၊နှင့်နိုင်ငံရေးပါတီများမှသုံးပွင့်ဆိုင်အပြန်အလှန် ဆွေးနွေးပွဲပြုလုပ်ရန်တောင်းဆိုခဲ့ပါသည်။