လက်နက်ကိုင်ဒေသများတွင်အကူအညီပေးရေးအစိုးရ၊ကေအဲန်ယူနှင့်ဂျပန်အလှူရှင်များဆွေးနွေး

...

လက်နက်ကိုင်ဒေသများတွင်အကူအညီပေးရေးအစိုးရ၊ကေအဲန်ယူနှင့်ဂျပန်အလှူရှင်များဆွေးနွေး

Irrawaddy News, 05 Aug 2014

URL: http://www.irrawaddy.org/burma/japanese-donors-govt-knu-discuss-aid-projects-rebel-areas.html
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)လက်အောက်ခံတပ်ရင်းတွေကခေါင်းဆောင်တချို့သည်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဂျပန်ကပေးအပ်မည့်အကူအညီများနှင့်ပက်သက်ပြီးဂျပန်အန်ဂျီ
အို၊သံရုံးတာဝန်ရှိသူများနှင့်ရန်ကုန်မြို့မှာယနေ့တွေ့ဆုံခဲ့သည်။

ဂျပန်သံရုံးတာဝန်ရှိသူများ၊နီပွန်ဖောင်ဒေးရှင်းမှတာဝန်ရှိသူများနှင့်ဂျပန်အကူအညီပေးရေးအဖွဲ့တွေကလက်ရှိကရင်ပြည်နယ်အတွင်းအခက်အခဲရှိနေသည့်ကရင်လူထုကိုဘယ်လိုကူညီနိုင်မလဲဆို​
သည်ကိုလေ့လာသည့်အနေဖြင့်ကေအဲန်ယူနှင့်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒီတွေ့ဆုံပွဲတွင်ကေအဲန်ယူမြိတ်ထားဝယ်ခရိုင်၊ဒူးပလာယာခရိုင်နဲ့ဘားအံခရိုင်မှတာဝန်ယူရှိသူများတက်ရောက်ပြီး၎င်းတို့ဒေသမှာလက်ရှိလိုအပ်နေသည့်အခြေအနေတွေကိုတင်ပြခဲ့သည်ဟုကေအဲန်
ယူဗဟိုကော်မတီဝင်ပဒိုမန်းငြိမ်းမောင်ကပြောခဲ့သည်။

ဂျပန်အကူအညီပေးရေးအဖွဲ့တွေအနေနှင့်၎င်းတို့ကူညီချင်သည့်လက်ရှိကရင်ပြည်နယ်အတွင်းကလူထုလိုအပ်ချက်တွေကိုသိရဖို့ဖိတ်ခေါ်ခြင်းဖြစ်သည်ဟုပြောခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှဦးလှမောင်ရွှေကတော့တဖက်ကလိုအပ်ချက်ကိုတဖက်ကကူညီနိုင်ဖို့အတွက်ကမကထလုပ်ချိတ်ဆက်ပေးခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက်ဂျပန်ယန်းငွေသန်း(၉၁၀၀၀)အကူအညီပေးသွားမည်ဖြစ်ကြောင်းဂျပန်ဝန်ကြီးချုပ်မစ္စတာရှင်ဇိုအာဘေးမှပြီးခဲ့သည့်မေလ၌မြန်မာနိုင်ငံသို့လာ
ရောက်စဉ်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေး၊ပညာရေးနှင့်အခြေခံအဆောက်အအုံတည်ဆောက်ရေးကဏ္ဍတွေမှာအဓိကထားကူညီသွားမည်ဟုပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည်မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်လည်းအကူအညီပေးနေသည်။