ဒုက္ခသည်များနေရပ်သို့ပြန်လည်အခြေချခြင်းအချိန်ကြန့်ကြာနိုင်

...

ဒုက္ခသည်များနေရပ်သို့ပြန်လည်အခြေချခြင်းအချိန်ကြန့်ကြာနိုင်

Bangkok Post, 17 Jul 2014

URL: http://www.bangkokpost.com/news/asia/420750/refugees-return-home-faces-delay
ထိုင်းနယ်စပ်တွင်ရှိသောဒုက္ခသည်များနေရပ်သို့ပြန်လည်အခြေချခြင်းသည်မြန်မာနိုင်ငံထဲတွင်ရှိသောအခြေအနေများကြောင့်ပြန်လည်အခြေချရန်အချိန်မကျသေးကြောင်းကိုဘန်ကောက်ရှိကုလသ
မဂ္ဂဆိုင်ရာမဟာမင်းကြီးရုံးမှပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဗီဗီယန်တန်မှထိုင်းစစ်တပ်မှဒုက္ခသည်များအားတနှစ်အတွင်းပြန်လည်အခြေချဖို့အတွက်လုပ်ဆောင်ရန်ပြောကြားချက်ကိုတနင်္လာနေ့တွင်ဖော်ပြခဲ့သောဘန်ကောက်ပို့စ်သတင်းစာတွင်ကိုးကား၍ဖော်
ပြခြင်းသည်စခန်းတွင်းနေထိုင်သောဒုက္ခသည်များအကြားမလိုလားအပ်သောစိုးရိမ်ပူပန်မှုများကိုဖြစ်စေခဲ့သည်ဟုပြောကြားခဲ့သည်။

ထိုင်းနှင့်မြန်မာနှစ်ဖက်စလုံးမှပြန်လည်အခြေချခြင်းလုပ်ဆောင်ရန်အတွက်အသေးစိတ်အချိန်ကာလသတ်မှတ်ထားခြင်းမရှိကြောင်းMs Tan မှပြောခဲ့သည်။

ဒုက္ခသည်အများစုလာကြသည့်မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ဒုက္ခသည်များပြန်လည်အခြေချဖို့စုစည်းလုပ်ဆောင်ရန်အတွက်ယခုအချိန်မတန်သေးကြောင်းအားလုံးမှသဘောတူခဲ့ကြသည်ဟုသူမ
မှပြောခဲ့သည်။အခြေအနေတွေဟာဘေးကင်းလုံခြုံ မှုရှိပြီးဂုဏ်သိက္ခာရှိမှုအပြည့်အဝမရှိသေးပါဘူးဟုသူမမှပြောခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းကိုးခုတွင်၂၀၁၃ဇူလိုင်လမှ၂၀၁၄ဇွန်လအတွင်းမယ့်ဖားလွန်ဖောင်ဒေးရှင်းနှင့်အတူUNHCRမှပါဝင်ကာဒုက္ခသည်စစ်တမ်းကောက်ယူခြင်းနှင့်ပက်သက်၍လူအ များအထင်လွဲနေမှုကိုပြောပြခဲ့သည်။စစ်တမ်းကောက်ယူခြင်းသည်ဒုက္ခသည်အဖြစ်မှတ်ပုံတင်ခြင်းမဟုတ်ကြောင်းသူမမှပြောခဲ့သည်။

အမှတ်(၃)စစ်ဆင်ရေးဒေသကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးပရီချားကျန်းအိုချာသည်မြန်မာနိုင်ငံမော်ကျွန်းတွင်ဇူလိုင်လ(၂၇)ရက်နေ့တွင်ပြုလုပ်မည့်အစည်းအဝေးသို့တက်ရောက်ရန်သွားမည်ဖြစ်ပြီးပြန်
လည်အခြေချရေးအစီအစဉ်များကိုဆွေးနွေးမည်ဖြစ်သည်။