အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်သစ်ကိုသုံးလအတွင်းလက်မှတ်ရေးထိုးနိုင်မည်-ကေအဲန်ယူမှပြောကြား

...

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်သစ်ကိုသုံးလအတွင်းလက်မှတ်ရေးထိုးနိုင်မည်-ကေအဲန်ယူမှပြောကြား

Mizzima News, 05 Jun 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/11375-new-ceasefire-agreement-to-be-signed-in-three-months-says-knu
ကရင်အမျိုးသားအစည်းအရုံးမှတပ်မတော်နှင့်အတူသုံးလအတွင်းအပစ်အခတ်ရပ်စဲရေးစာချုပ်အသစ်ကိုလက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံးဗဟိုကော်မတီအဖွဲ့
ဝင်ပဒိုမန်းငြိမ်းမောင်မှဇွန်လ(၄)ရက်နေ့တွင်ပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးမှဥက္ကဌဖြစ်သူဗိုလ်ချုပ်မူတူးစေးဖိုးဦးဆောင်သောကေအဲန်ယူကိုယ်စားလှယ်များနှင့်ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည်နေပြည်တော်
တွင်တွေ့ဆုံသောဆွေးနွေးပွဲမှသ ဘောတူညီမှုရရှိလာခြင်းဖြစ်သည်ဟုပဒိုမန်းငြိမ်းမောင်မှမိဇ္စျိမသို့ပြောကြားခဲ့သည်။

“တပ်မတော်ကနိုင်ငံတဝှမ်းလုံးအတိုင်းအတာဖြင့်သြဂုတ်လ(၁)ရက်နေ့မှာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုအပြီးသတ်ချင်တဲ့ဆန္ဒရှိတယ်လို့ကျွန်တော်တို့ကိုသူတို့ကပြောပါတယ်၊ဒါဟာ ကျွန်တော်တို့ဆန္ဒနဲ့လဲကိုက်ညီတာကြောင့်မို့လို့ကျွန်တော်တို့တပ်မတော်စစ်ဦးစီးအကြီးအကဲနဲ့သဘောတူညီမှုလုပ်ခဲ့ပါတယ်။”ဟု၎င်းမှပြော ကြားခဲ့သည်။

တပ်မတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အစည်းအဝေးလုပ်ပြီးနောက်ကေအဲန်ယူကိုယ်စားလှယ်များသည်သမ္မတဦးသိန်းစိန်နှင့်ဆွေးနွေးပွဲကျင်းပခဲ့သည်ဟုပဒိုမန်းငြိမ်းမောင်မှ
ပြောခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသည်ကေအဲန်ယူမှသမ္မတနှင့်ငါးကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးနှင့်ခြောက်ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်သည်။သမ္မတနှင့်လက်ရှိ တွေ့ဆုံဆွေးနွေးရာတွင်ကေအဲန်ယူကိုယ်စားလှယ်များနှင့်ဦးသိန်းစိန်တို့သည်နှစ်မကုန်မီအလားအလာရှိသောနိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးပွဲများကိုကနဦးဆွေးနွေးခဲ့သည်ဟုပြောကြားခဲ့သူမြန်
မာငြိမ်းချမ်းရေးစင်ရာမှဦးလှမောင်ရွှေလည်းပါဝင်ခဲ့သည်။

အစိုး​ရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုစေ့စပ်ညှိနှိုင်းစဉ်အတွင်းတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း သည်နှစ်ဖက်စလုံးအတွင်းနိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုများပြုလုပ်ရန်အတွက်မည်သည့်သဘောတူညီချက်ကိုမဆိုထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။