ကရင်ပြည်နယ်တွင်မြေမြှုပ်မိုင်းကြောင်းခြောက်နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးပြီးရွာသားငါးဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရ

...

ကရင်ပြည်နယ်တွင်မြေမြှုပ်မိုင်းကြောင်းခြောက်နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးပြီးရွာသားငါးဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရ

KIC News, 28 May 2014

URL: http://www.bnionline.net/index.php/news/kic/17064-landmine-kills-six-year-old-girl-and-seriously-injures-five-villagers-in-karen-state.html
ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ထိုင်းမြန်မာနယ်စပ်နှင့်၂ကီလိုမီတာကွာသောအူး​မူး​ထာ့​ရွာတွင်မေလ၂၅ရက်နေ့၌မြေမြှုပ်မိုင်းကြောင့်အသက်၆နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးကာရွာ
သားငါးဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာရသောရွာသားများသည်ယခုအခါထိုင်းနိုင်ငံဆေးရုံတွင်ဆေးကုသမှုခံယူနေကြပြီဖြစ်သည်။

ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးရာဌာန(KDHW)မှနယ်မြေထဲတွင်အခြေခံကျသောကျန်းမာရေးစောင့်ရှောက်မှုများကိုထောက်ပံ့ကူညီပေးခဲ့ကာထိခိုက်ဒဏ်ရာရသူများထဲမှလေးဦး
သည်စိုးရိမ်ရသောအခြေအနေတွင်ရှိသည်။KDHWမှခေါင်းဆောင်ဖြစ်သူပဒိုအဲ့ကလူရွှေဦးမှ၎င်းတို့အခြေအနေကိုကရင်သတင်းစဉ်သို့ပြောကြားခဲ့သည်။

“ဒဏ်ရာရသူများထဲကတစ်ဦးကတော့သူ့ရဲ့ဘယ်ဘက်မျက်လုံးဆုံးရှုံးသွားပါတယ်၊နောက်တစ်ဦးကတော့လက်နှစ်ဖက်စလုံးဆုံးရှုံးသွားပါတယ်၊နောက်ထပ်နှစ်ဦးကတော့အပြင်းအထန်
ဒဏ်ရာရထားပါတယ်၊သူတို့ထဲကတစ်ဦးတည်းသာထိခိုက်ဒဏ်ရာအနည်းငယ်ရတာပါ။”

KDHWအဆိုအရရွာသားများထဲမှတစ်ဦးသည်၎င်း၏လယ်အနီးတွင်အိုဟောင်းနေသောမြေမြှုပ်မိုင်းတစ်ခုကိုတွေ့ခဲ့ကာ၎င်းမှထိုမြေမြှုပ်မိုင်းကိုတူးကာ၎င်း၏လယ်တဲသို့ပြန်သယ်ယူ
လာခဲ့သည်။၎င်း၏တဲသို့ရောက်သောအခါဟောင်းနွမ်း​နေသောမြေမြှုပ်ကိုစစ်ဆေးရန်အိမ်နီးနားချင်းအချို့ မှလယ်သမားတဲတွင်ဝိုင်းဝန်းလာခဲ့ကြပြီးရွာသားများထဲမှတချို့ သည်၎င်းတို့
၏တောခုတ်ဓားဖြင့်မြေမြှုပ်မိုင်းအားရိုက်လိုက်ပြီးနောက်မိုင်းပေါက်ကွဲသွားခြင်းဖြစ်သည်။

မတော်တဆဖြစ်မှုသည်မေလ၂၅ရက်နေ့လည်တစ်နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးထိခိုက်ဒဏ်ရာရသူများကိုညနေသုံးနာရီတွင်ထိုင်းနိုင်ငံတာ့​ဆုန်ယန်း​ဆေးရုံကြီးသို့ဆေးရုံတင်လိုက်
ကြသည်။ထို့နောက်နောက်တနေ့တွင်၎င်းတို့အားမဲဆောက်ဆေးရုံကြီးသို့လွှဲပြောင်းပေးလိုက်သည်။

ပေါက်ကွဲမှုတွင်သေဆုံးခဲ့သောကလေးမလေးမှာနော်မဒီးဖြစ်ပြီးထိခိုက်ဒဏ်ရာရသူငါးဦးမှာစောဂျိုပြာ၊စောဒီဟဲ၊စောပါဘီး၊စောပါးဟိုနှင့်စောဂျိုကရီးတို့ဖြစ်သည်။