အစိုးရနှင့်နောက်တစ်ကြိမ်မတွေ့ဆုံမီတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှညီလာခံကျင်းပမည်

...

အစိုးရနှင့်နောက်တစ်ကြိမ်မတွေ့ဆုံမီတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှညီလာခံကျင်းပမည်

China Development Gate Way, 28 May 2014

URL: http://en.chinagate.cn/2014-05/28/content_32512002.htm
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှအစိုးရနှင့်နောက်တစ်ကြိမ်ထပ်မံမတွေ့ဆုံမီဒုတိယမူကြမ်းနှင့်ပက်သက်၍နောက်ထပ်ဆွေးနွေးရန်အတွက်၎င်းတို့မှညီလာခံတွင်အတူတကွထပ်မံတွေ့ဆုံ
ကြရန်စီစဉ်ကြသည်ဟုဗုဒ္ဓဟူးနေ့တွင်းပြည်တွင်းသတင်းမီဒီယာများမှဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးပဒိုစောကွယ်ထူးဝင်း၏ပြောကြားချက်အရလက်နက်ကိုင်တိုင်းရင်းသားများညီလာခံကျင်းပမည့်ရက်ကိုမသတ်မှတ်ရသေးကြောင်း၊သို့သော်လည်းအစိုးရမှတိုင်း ရင်းသားညီလာခံအတွက်ထောက်ပံ့ကူညီမည်ဟုကတိပေးခဲ့ကြောင်း၊အစည်းအဝေးကျင်းပရန်နေရာအဖြစ်ရှမ်းပြည်နယ်တာချီလိတ်မြို့တွင်ပြုလုပ်ရန်အကြံပေးခဲ့ကြောင်းကိုပြောခဲ့သည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(PMWC)နှင့်တိုင်းရင်းသားလက်နက်ကိုင်၁၆ဖွဲ့ကိုကိုယ်စားပြုထားသည့်တနိုင်ငံလုံးဆိုင်အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့(NCCT)တို့သည်သုံး
ရက်တာငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်မေလ(၂၃)ရက်၊သောကြာနေ့တွင်၎င်းတို့၏ဒုတိယမူကြမ်းကိုပြုလုပ်နိုင်ခဲ့သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ်ဒုတိယမူကြမ်းကိုအတည်ပြုခဲ့ပြီးဇွန်လတွင်အပြီးသတ်နိုင်ရန်မျှော်မှန်းခဲ့ကြသည်ဟုနှစ်ဖက်စလုံးပူးတွဲထုတ်ပြန်ချက်အရသိရသည်။

နှစ်ဖက်စလုံးမှမူကြမ်းတွင်ကျန်ရှိနေသောအခန်းများနှင့်မူကြမ်းအပြီးသတ်ပြီးစီးလျှင်ပြီးစီးခြင်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ထိုးခြင်းနှင့်အတူနိုင်ငံရေးဆိုင်ရာ
အချီချဆွေးနွေးမှုပြုလုပ်ရာတွင်ကြီးမားသောတိုးတက်မှုများရှိလာမည့်အခြေအနေကိုအာရုံစိုက်ခဲ့ကြသည်။

အစိုးရဘက်မှPMWCဒုတိယဥက္ကဌဖြစ်သောဦးအောင်မင်းခေါင်းဆောင်သောအဖွဲ့များနှင့်ပဒိုစောကွယ်ထူးဝင်းဦးခေါင်းဆောင်NCCTအဖွဲ့များမှမြန်မာငြိမ်းချမ်းရေးစင်တာတွင်ထိုဆွေးနွေးမှု
များပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်အတောအတွင်းတွင်အင်္ဂါနေ့၌ဧရာတီတိုင်း၊မအူပင်မြို့နယ်တွင်ကရင်လူထုများနှင့်စုရုံးတွေ့ဆုံခဲ့ကာကေအဲန်ယူမှအစိုးရနှင့်အတူငြိမ်းချမ်းရေးများဆောင်ရွက်မှုများကိုပံ့ပိုးကူညီဆောင် ရွက်သွားမည်ဟုကတိပေးခဲ့သည်။သို့သော်လည်းအစိုးရအပေါ်တွင်တောင်းဆိုမှုများသည်လုပ်ငန်းအားလုံးကိုအရှိန်မြှင့်တင်လုပ်ဆောင်ရန်အတွက်ကေအဲန်ယူကိုတရားဝင်ဖြစ်စေရန်ပြောကြား
ခြင်းဖြစ်သည်။