ကွန်ပြူ တာသိပ္ပံတွင်မာစတာဒီဂရီနှင့်ဘွဲ့လွန်ဒီပလိုမာကိုအွန်လိုင်းတွင်သင်ကြားနိုင်ပြီ

...

ကွန်ပြူ တာသိပ္ပံတွင်မာစတာဒီဂရီနှင့်ဘွဲ့လွန်ဒီပလိုမာကိုအွန်လိုင်းတွင်သင်ကြားနိုင်ပြီ

Eleven Media, 20 May 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6160:master-degree-and-post-graduate-diploma-in-computer-science-to-be-learn
ကွန်ပျူတာမာစတာသိပ္ပံ(M.Sc)နှင့်ကွန်ပြူတာဒီပလိုမာသိပ္ပံ(DCS)တက်ရောက်ရန်ရည်ရွယ်ထားသည့်ဘွဲ့ရများနှင့်ဘွဲ့လွန်ပညာသင်များအတွက်ရန်ကုန်တ္ကသိုလ်မှအွန်လိုင်းအစီအစဉ်များကိုစတင်
လိုက်ပြီဖြစ်သည်။

အစီအစဉ်အားလူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တက္ကသိုလ်စင်တာအောက်ရှိကွန်ပြူတာသိပ္ပံဌာနမှပြုလုပ်ခြင်းဖြစ်သည်။DCSရရန်အတွက်တက္ကသိုလ်မှအရည်ချင်းမှီသည့်မည်သည့်ဘွဲ့ရမ ဆိုစာရင်းသွင်းလေ့လာသင်ယူနိုင်သည်။ဘွဲ့လွန်ဒီပလိုမာအတွက်ဝင်ခွင့်ရရန်သင်ရိုး၁၆ခုကိုတစ်နှစ်အတွင်းအပြီးသတ်သင်ယူနိုင်ရမည်ဖြစ်သည်။

DCSရထားသူများနှင့်မည်သည့်တက္ကသိုလ်များမှမဆိုမာစတာဒီဂရီသင်ယူနေသူများသည်M.Sc(Computer Science)တက်ရောက်နိုင်သည်။၎င်းတို့မှသင်ရိုး(၁၆)ခုကိုနှစ်နှစ်အတွင်းအပြီးသတ်
သင်ယူရမည်ဖြစ်သည်။ဘွဲ့ရများနှင့်ဘွဲ့လွန်များအတွက်အစီအစဉ်အသေးစိတ်အချက်အလက်များကိုwww.wbt.com.mm နှင့်www.yuonline-wbts.com တို့တွင်ရရှိနိင်သည်။

မည်သည်နေရာဒေသများမှမဆိုစိတ်ဝင်စားသောကျောင်းသားများသည်အွန်လိုင်းတွင်သင်ယူလေ့လာနိုင်ပြီဖြစ်သည်။၎င်းတို့သည်အင်တာနက်မှတဆင့်စာရင်းသွင်းရန်အတွက်လျှောက်လွှာတင်
ခြင်း၊သင်ရိုးကထိကများနှင့်အပြန်အလှန်မေးခွန်းမေးခြင်း၊အိမ်စာများပေးပို့ပေးခြင်းနှင့်စာမေး ပွဲဖြေခြင်းစသည်ကဲ့သို့သောလိုအပ်သောသင်ယူမှုအားလုံးကိုအင်တာနက်တွင်ပြီးဆုံးသည်အထိ
သင်ယူနိုင်ပြီဖြစ်သည်။အစကနေအဆုံးထိသင်ယူမှုအားလုံးသည်စာရွက်စာတမ်းလွတ်နောက်ခံဝန်းကျင်ထဲတွင်သင်ယူနိုင်ပြီဖြစ်သည်။