အာဆီယမ်အဝေးပြေးလမ်းမကြီးတည်ဆောက်ခြင်းကြောင့်အကျိုးထိခိုက်ခဲ့ရသောရွာသားများကိုလျော်ကြေးပေးမည်

...

အာဆီယမ်အဝေးပြေးလမ်းမကြီးတည်ဆောက်ခြင်းကြောင့်အကျိုးထိခိုက်ခဲ့ရသောရွာသားများကိုလျော်ကြေးပေးမည်

Karen News, 18 Feb 2014

URL: http://karennews.org/2014/02/villagers-affected-by-asian-highway-to-be-paid.html/
မြန်မာအစိုးရနှင့်ထိုင်းကုမ္ပဏီတို့သည်ကရင်ပြည်နယ်ရှိကော့ကရိတ်နှင့်မြဝတီတို့အကြားအာဆီယမ်အဝေးပြေးလမ်းမကြီးကွန်ယက်ချိတ်ဆက်ရေးလမ်းမကြီးကိုတည်
ဆောက်နေသည့်အချိန်၌လယ်သမားများအား၎င်းတို့၏မြေများထိခိုက်ပျက်စီးမှုများ၊သယ်ယူခဲ့မှုများအတွက်လျောကြေးများပေးအပ်ရန်သဘောတူညီခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံးကော့ကရိတ်မြို့နယ်ရုံး၏ဥက္ကဌစောမော်ထူးမှKNU၊မြန်မာအစိုးရနှင့်ကုမ္ပဏီကိုယ်စားလှယ်များသည်မြေယာများလျော်ကြေးပေးရန်ကိစ္စများ
ဆွေးနွေးရန်အတွက်ပြီးခဲ့သည့်တပတ်၌အစည်းအဝေးတခုကျင်းပခဲ့ပြီးမြန်မာအစိုးရနှင့်ကုမ္ပဏီသည်အဝေးပြေးလမ်းမကြီးဆောက်လုပ်မှုနှင့်ဆက်နွယ်နေခဲ့သောအကျိုး
ဆက်ကြောင့်မြေယာများထိခိုက်ပျက်စီးခြင်းနှင့်မြေအခိုးခံရမှုများအတွက်ဒေသခံများကိုလျော်ကြေးများပေးအပ်ရန်သဘောတူညီခဲ့ကြသည်ဟုကရင်သတင်းအားပြော
ဆိုလိုက်သည်။

“ကျွန်တော်တို့(KNU)မှပြည်နယ်အစိုးရနဲ့ကုမ္ပဏီကိုကော့ကရိတ်မြို့နယ်မှာရှိတဲ့အထွေထွေစီမံခန့်ခွဲရေးရုံးမှာတွေ့ဆုံခဲ့ပြီးဒေသခံနေထိုင်သူများဆီသို့ကျရောက်လာတဲ့ထိခိုက်
ပျက်စီးမှုအကျိုးဆက်များအကြောင်းဆွေးနွေးခဲ့ပါတယ်။မြန်မာအစိုးရမှတဧကလျှင်လျော်ကြေးငွေကျပ်ဆယ့်ငါးသိန်း($US1,522)ပေးမည်ဖြစ်ပြီးကုမ္ပဏီမှကျပ်ငါးသိန်း
($US507)ပေးမည်ဖြစ်ကာစုစုပေါင်းတစ်ဧကလျှင်ကျပ်သိန်းနှစ်ဆယ်($US2,029)ရရှိမှာဖြစ်ပါတယ်”ဟု​စောမော်ထူးမှကရင်သတင်းသို့ပြောကြားခဲ့သည်။

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်အသင်းဝင်မန်းလှမြိုင်မှမြေယာဆုံးရှုံးထားသောလယ်သမားများအားလျော်ကြေးငွေများ
ပေးအပ်မည်ဖြစ်ကြောင်းအတည်ပြုခဲ့သည်။

လျော်ကြေးငွေများအတွက်ရန်ပုံငွေများလျာထားသော်လည်းအစိုးရတာဝန်ရှိသူများသည်ပျက်စီးထိခိုက်မှုကြောင့်တောင်းဆိုမှုများကိုအကဲဖြတ်နေဆဲဖြစ်သည်ဟုမန်းလှ
မြိုင်မှပြောဆိုခဲ့သည်။အစိုးရနှင့်KNUကိုယ်စားလှယ်များသည်ထိခိုက်ပျက်စီးမှုတောင်းဆိုသည်များကိုချင့်ချိန်ဆုံးဖြတ်အကဲဖြတ်ပြီးနောက်ပိုင်း၌ဒေသခံအခြေချနေထိုင်
သူများနှင့်ထပ်မံတွေ့ဆုံရန်အစီအစဉ်တကျပြုလုပ်ခဲ့ကြသည်။

အဝေးပြေးလမ်းမကြီးတည်ဆောက်ရေးလုပ်ငန်းများကြောင့်အကျိုးထိခိုက်ခဲ့ရသည့်အချို့သောနေထိုင်သူများသည်လျော်ကြေးငွေအစီအစဉ်ကိုစိတ်အားထက်သန်စွာဖြင့်
ကြိုဆိုခဲ့ကြသည်။

“ကျွန်တော်တို့ဆုံးရှုံးထားတဲ့မြေတွေအတွက်လျော်ကြေးငွေပေးမယ်ဆိုရင်လက်ခံနိုင်စရာရှိပါတယ်၊ဒီငွေပမာဏဟာဘာမှမရတာထက်စာရင်ပိုပြီးတော့ကောင်းပါတယ်၊
လယ်သမားများလည်းအရင်းအနှီးလုပ်ဖို့ငွေရပါလိမ့်မယ်”ဟုအဝေးပြေးလမ်းမကြီးဆောက်လုပ်ရေးကြောင့်မြေဆုံးရှုံးခဲ့သောကော့ကရိတ်မြို့နယ်၊ချောင်းတောင်တွင်နေ
ထိုင်သူနန်းပီလယ်မှပြောဆိုခဲ့သည်။

အာဆီယမ်အဝေးပြေးလမ်းမကြီးပုံစံ(၁)သည်တိုကျိုမှတူရကီ-ဘူဂေးရီးယန်းနယ်စပ်အထိကုန်းကြောင်းလမ်းတောက်လျောက်ဖြစ်ပြီးအာရှဖွံဖြိုးရေးဘဏ်မှအရှေ့တောင်
အာရှဆောက်လုပ်ရေးအပိုင်းများကိုထောက်ပံ့ကြေးပေးခဲ့သည်။၂၀၀၅ခုနှစ်တွင်မြဝတီနှင့်ကော့ကရိတ်အကြားအဝေးပြေးလမ်းမကြီးလုပ်ဆောင်မှုများကိုယာယီရပ်နား
ထားခဲ့​သော်လည်းအောက်ဖော်ပြပါအတိုင်း၂၀၁၂နိုဝင်ဘာလတွင်မြန်မာအစိုးရနှင့်KNUအတွင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်အကြိုအဖြစ်စီမံကိန်းကိုပြန်
လည်စတင်ခဲ့သည်။၂၀၁၄ခုနှစ်ဧပြီလတွင်လျော်ကြေးငွေများပေးရန်အတွက်စီမံကိန်းကိုရက်သတ်မှတ်ခဲ့သည်။