အုန်းဖြန့်ဒုက္ခသည်စခန်းမီးလောင်ကျွမ်းမှုဖြစ်ပွားခြင်း

...

အုန်းဖြန့်ဒုက္ခသည်စခန်းမီးလောင်ကျွမ်းမှုဖြစ်ပွားခြင်း

Karen News, 03 Feb 2014

URL: http://karennews.org/2014/02/fire-reported-at-umpiem-refugee-camp.html/
တာ့ခ်ခရိုင်ရှိအုန်းဖြန့်ဒုက္ခသည်စခန်းတွင်ယနေ့ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးအိမ်ခြေ(၁၁)လုံးမီးလောင်ကျွမ်းသွားကြောင်းကယ်ဆယ်ရေးလုပ်သားများမှကရင်သတင်းသို့အတည်
ပြုအကြောင်းကြားခဲ့သည်။နေအိမ်အလုံး(၂၈)ကိုလည်းမီးလောင်မှုကူးစက်ခြင်းမှကာကွယ်ရန်အတွက်အမိုးများကိုဖြိုဖျက်ခဲ့ရသည်။
ထိခိုက်ဒဏ်ရာရသူမရှိကြောင်းကယ်ဆယ်ရေးလုပ်သားမှပြောဆိုခဲ့သည်။NGO’sများ၊ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့်စခန်းတာဝန်ရှိသူများစခန်းအစည်းအဝေးပြုလုပ်နေချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတရားဝင်ထုတ်ပြန်ချက်များအရမီးလောင်မှုသည်လောင်ကျွမ်းမှုမြန်ခဲ့ကြောင်းကရင်သတင်းသို့ကယ်ဆယ်ရေးလုပ်သားမှပြောဆိုခဲ့သည်။
မီး လောင်ကျွမ်းမှုသည်စခန်း၏ရပ်ကွက်(၅)တွင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းကရင်သတင်းစဥမှပြန်ကြားခဲ့သည်။
အုန်းဖြန့်၌မီးလောင်ကျွမ်းမှုသည်တစ်နာရီခွဲလောက်တွင်စတင်လောင်ခဲ့ပြီးဇုန်(A)၊ရပ်ကွက်(၅)တွင်တစ်နာရီအကြာဆုံးလောင်ကျွမ်းခဲ့သည်။စခန်းများတွင်စီမံခန့်ခွဲရေးကိုကူညီပေး နေသည့်နယ်စပ်အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(TBC)၏နောက်ဆုံးအကြိမ်ကောက်ယူထားသောစာရင်းများအရအုန်းဖြန့်တွင်နေထိုင်သူဒုက္ခသည်ပေါင်း (၁၄,၀၀၀) ရှိသည်။
မီးလောင်ကျွမ်းမှုသည်သစ်သား(သို့)ဝါးဖြင့်ဆောက်လုပ်ထားသောထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းကိုးခုတွင်ထပ်တလဲလဲဖြစ်ပေါ်နေသောပြဿနာတရပ်ပင်ဖြစ်သည်။၂၀၁၃ခုနှစ်ဒီဇင်ဘာ လတွင်လည်းအကြီးဆုံးစခန်းဖြစ်သောမယ်လစခန်း၌မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးအိမ်ခြေ၁၂၀ပျက်စီးဆုံးရှုံးခဲ့ပြီး၂၀၁၂ဖေဖော်ဝါရီလတွင်အုန်းဖြန့်၌မီးလောင်ကျွမ်းခဲ့ပြီးအိမ်ခြေ တစ်ထောင်ထက်မနည်းပျက်စီးဆုံးရှုံးခဲ့သည်။ယမန်နှစ်မတ်လတွင်ဘန်မဲ့စာရီးစခန်း၌မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ပြီးသေစာရင်းအထောက်အထားများအရဒုက္ခသည်သုံးဆယ့်ခုနစ်
ယောက်သေဆုံးခဲ့သည်။