KNU မှဘိတ်ထားဝယ်ခရိုင်တွင်မြေယာတိုင်းတာမည်

...

KNU မှဘိတ်ထားဝယ်ခရိုင်တွင်မြေယာတိုင်းတာမည်

Karen News, 24 Jan 2014

URL: http://karennews.org/2014/01/ethnic-conference-builds-unity-among-armed-organisation.html/
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ဘိတ်/ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေရှိမြေယာများကိုမြန်မာအစိုးရမှတရားဝင်အသိအမှတ်ပြုနိုင်ရန်ဇန်နဝါရီမှဖေဖော်ဝါရီလ
အထိတိုင်းတာသတ်မှတ်သွားမည်ဟု(KNU)ဘိတ်-ထားဝယ်ခရိုင်ရှိတွဲဘက်အတွင်းရေးမှူးပဒိုစောအဲ့နာကပြောဆိုလိုက်သည်။
“အခုတိုင်းတာမယ့်မြေယာတွေကပိုင်ရှင်ရှိပြီးမြေဂရမ်စာရွက်စာတမ်းမရှိသေးတဲ့တောင်ယာမြေ၊လယ်ယာမြေတွေအပြင်KNUကသတ်မှတ်ထားတဲ့တိရစ္ဆာန်ကြိုးဝိုင်း၊သစ်တော
ကြိုးဝိုင်းနဲ့မြေလွတ်မြေရိုင်းတွေကိုပြန်လည် တိုင်းတာမှာဖြစ်ပါတယ်”ဟုပဒိုစောအဲ့နာကကေအိုင်စီသို့ပြောသည်။
လက်ရှိမြေယာတိုင်းတာမှုကိစ္စနှင့်ပက်သက်၍အမြန်ဆုံးလုပ်ဆောင်သွားနိုင်ရန်ပြင်ဆင်လျက်ရှိပြီးစတင်တိုင်းတာမည်ဆိုပါကKNUထိန်းချုပ်နယ်မြေများရှိေမြယာများကိုဦးစွာ
တိုင်းတာကာကျန်အစိုးရနယ်မြေနှင့်ဆက်စပ်သည့်ဒေသများကိုနောက်တဆင့်အနေဖြင့်သက်ဆိုင်ရာအစိုးရနှင့်ဆက်လက်ဆွေးနွေးသွားမည်ဟုသိရသည်။
ထို့အပြင်မြေယာတိုင်းတာမှုအတွက်မြေယာတိုင်းတာမည့်အတတ်ပညာရှင်များ၊တိုင်းတာသည့်အခါအသုံးပြုမည့်ပစ္စည်းကိရိယာများကိုပြင်ဆင်ထားပြီးဖြစ်ကြောင်းKNUဘိတ်/
ထားဝယ်ကခရိုင်ကဆိုသည်။
တနသာၤရီတိုင်း၊မေတ္တာမြို့နယ်ခွဲရှိကတ္တရာခီးကျေးရွာမှာအမည်မဖော်လိုသူဒေသခံအမျိုးသမီးတဦးက“KNUကကျွန်မတို့အတွက်မြေလာတိုင်းမယ်လို့တချို့ရွာသားတွေရဲ့ပြောသံ
တွေကြားမိတယ်။ဒီလိုမျိုးမြေယာ တိုင်းတာကျွန်မတို့အတွက်အာမခံချက်တွေတရားဝင်ဖြစ်သွားအောင်အထောက်အထားပုံစံမျိုးနဲ့လုပ်ပေးသွားမယ်ဆိုရင်တော့ကောင်းတာပေါ့”ဟု ပြောသည်။
သို့သောမြေယာများတိုင်းတာသွားမည့်ကိစ္ဓနှင့်ပက်သက်၍ဘိတ်/ထားဝယ်ခရိုင်KNUကဒေသခံများအားတရားဝင်အသိပေးအကြောင်းကြားခြင်းမရှိသေးဟုသူမကကေအိုင်စီသို့
ဆက်လက်ပြောသည်။
KNU၏ထိန်းချုပ်နယ်မြေဘိတ်/ထားဝယ်ခရိုင်တွင်မြို့နယ်ပေါင်း(၄)ခုရှိပြီးယင်းမြို့နယ်အတွင်းရှိဒေသခံအများစုသည်တောင်ယာနှင့်လယ်ယာများကိုအသက်မွေးဝမ်းကျောင်းအ
ဖြစ်အဓိကလုပ်ကိုင်စားသောက်ကြသည်။
ပြီးခဲ့သည့်၂၀၀၃ခုနှစ်၊နိုဝင်ဘာ၈ရက်နေ့ကKNUဘိတ်/ထားဝယ်ခရိုင်ဥက္ကဌပဒိုစောဘီးလယ်ဦးဆောင်သောအဖွဲ့ဝင်များနှင့်တနသာၤရီတိုင်းဒေသရှိကြီးဝန်ကြီးချုပ်ဦးမြတ်ကိုအပါ
အဝင်အစိုးရတာဝန်ရှိသူအချို့တို့သည် ထားဝယ်မြို့တွင်ပညာရေးနှင့်ပက်သက်၍တွေ့ဆုံဆွေးနွေးသည့်အခါမြေယာတိုင်းတာသည့်ကိစ္စကိုအကြမ်းဖြင်းထည့်သွင်းဆွေးနွေးခဲ့သေးသည်။