မြန်မာမှနိုင်ငံကူးလက်မှတ်ရုံးများကိုနိုင်ငံတဝိုက်တွင်ဖွင့်လှစ်ခြင်း

...

မြန်မာမှနိုင်ငံကူးလက်မှတ်ရုံးများကိုနိုင်ငံတဝိုက်တွင်ဖွင့်လှစ်ခြင်း

Irrawaddy News, 10 Jan 2014

URL: http://www.irrawaddy.org/burma/burma-opens-new-passport-offices-around-country.html
ယခုအခါတွင်နိုင်ငံတဝိုက်ရှိတည်နေရာ(၁၅)ခု၌မြန်မာနိုင်ငံသားများမှနိုင်ငံကူးလက်မှတ်များကိုလျှောက်ထားနိုင်ပြီးတိုက်ရိုက်လက်ခံရရှိနိုင်ပြီဖြစ်သည်။နိုင်ငံသည်လွန်ခဲ့သေကာလများ၌ရန်ကုန်မြို့တမြို့တည်းတွင်သာနိုင်ငံကူးလက်မှတ်ရုံးရှိခဲ့သည်။
အလုပ်လုပ်ရန်နှင့်ဆေးကုသရန်အကြောင်းပြချက်များအတွက်အထောက်အထားများလိုအပ်လာသောလျှောက်ထားသူအရေအတွက်သည်တိုးလာခြင်းကြောင့်ပြီးခဲ့သောတပတ် သောကြာနေ့တွင်အစိုးရမှနိုင်ငံကူးလက်မှတ်ရုံးအသစ်များကိုဖွင့်လှစ်ခဲ့ သည်ဟုမွန်ပြည်နယ်အခြေစိုက်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသောဘုတ်အဖွဲ့မှရဲအရာရှိမောင်မောင်လင်းမှပြောဆိုလိုက်သည်။
ယမန်နှစ်မှစ၍အစိုးရသည်လျှောက်လွှာတင်ခြင်းဆိုင်ရာလုပ်ဆောင်မှုများထိရောက်မှုရှိစေရန်အတွက်ခြေလှမ်းများစတင်လာခြင်းဖြစ်ပြီးနိုင်ငံကူးလက်မှတ်ရရှိရန်စောင့်ဆိုင်းရ သောအချိန်ကာလကို(၂၁)ရက်မှနေ၍(၁၀)ရက်အထိလျှော့ချပေးခဲ့သည်။ လျှောက်ထားသူများမှ၎င်းတို့၏အခွန်များကိုအပြည့်အဝဆောင်ပြီးပြီဖြစ်ကြောင်းသက်သေပြရန်အတွက်လိုအပ်သောစာရွက်စာတမ်းများတင်ပြမှုကိုမကြာစေရန်လျှောက်လွှာပုံစံများကိုစာမျက်နှာ(၁၄)ရွက်မှစာမျက်နှာ(၅)ရွက်အထိလျှော့ချခဲ့ပါသည်။
လျှောက်ထားသူများသည်နိုင်ငံကူးလက်မှတ်များအတွက်ရန်ကုန်တွင်ကျပ်နှစ်သောင်း(ယူအက်စ်ဒေါ်လာ၂၀)ပေးဆောင်ရပြီးအခြားနေရာများရှိပြည်နယ်နှင့်တိုင်းရုံးအသစ်များ တွင်အခြားအပိုဝန်ဆောင်ခများအရကျပ်နှစ်သောင်းငါးထောင်(ယူအက်စ် ဒေါ်လာ၂၅)ပေးဆောင်ရမည်ဖြစ်သည်။နိုင်ငံကူးလက်မှတ်သည်ငါးနှစ်သက်တမ်းတည်ရှိမည်ဖြစ်ပြီးအရေးပေါ်ဆေးကုသမှုများကဲ့သို့သေချာသောအခြေအနေများတွင်သုံးရက်မှငါးရက်အတွင်းလုပ်ဆောင်ပြီးထုတ်ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကဒ်နှင့်အိမ်ထောင်စုစာရင်းမူရင်းကဒ်ပြားကိုင်ဆောင်ထားသူတိုင်းသည်နိုင်ငံကူးလက်မှတ်မှတ်လျှောက်ထားနိုင်ကြောင်းဧရာဝတီသို့မောင် မောင်လင်းမှပြောဆိုခဲ့သည်။မွန်ပြည်နယ်တွင်လည်းအယောက်ငါးဆယ်ထက် မနည်းလျှောက်ထားနှင့်ပြီးဖြစ်သည်။
သို့သော်လည်းနိုင်ငံရေးအရထိမ်းသိမ်းခံထားရသူများအပါအဝင်ယခင်ကအကျဥသားများသည်လက်ရှိတွဲဖက်စာရွက်စာတမ်းများကိုပြရမည်ဖြစ်သဖြင့်အချိန်ကာလကြာမည် ကိုလက်ခံရမည်ဖြစ်သည်ဟုမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသောဘုတ် အဖွဲ့အကြီးတန်းအရာရှိမှဧရာဝတီသို့ယမန်နှစ်တွင်ပြောကြားခဲ့သည်။
နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုအသစ်များမှအကျိုးခံစားရမည့်သူများသည်နိုင်ငံခြားသို့ရွှေ့ပြောင်းအလုပ်သမားများအနေနှင့်ခရီးထွက်ရန်အစီအစဥရှိသည့်မြန်မာနိုင်ငံသားတ အုပ်စုတည်းသာဖြစ်သည်ဟုရွှေ့ပြောင်းအခွင့်အရေးဆိုင်ရာလှုပ်ရှားရေးဝါဒမှ ထွန်းထွန်းလွင်ကပြောဆိုလိုက်သည်။
တကြိမ်တည်းဖြင့်နိုင်ငံကူးလက်မှတ်ကိုကိုင်ဆောင်ထားနိုင်ပြီးလုပ်ဆောင်မှုများအတွက်ထပ်ပြီးကုန်ကျစရာမလိုတော့ပါဟု၎င်းမှပြောဆိုလိုက်သည်။သို့သော်လည်းနိုင်ငံမှမထွက်ခွာခင်ရန်ကုန်သို့လာရောက်လည်ပတ်ပြီးတရားဝင်အလုပ်အကိုင်ရှာဖွေပေးသော ကိုယ်စားလှယ်လုပ်ငန်းများနှင့်နိုင်ငံရပ်ခြားတွင်တရားဝင်အလုပ်နေရာရရှိရန်ပြုလုပ်ခြင်းသည်စိတ်ကူးကောင်းတခုပင်ဖြစ်ကြောင်း၎င်းမှထည့်သွင်းပြောဆိုလိုက်သည်။