ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းနေထိုင်လျက်ရှိသည့်လူနည်းစုဖြစ်သောတိုင်းရင်းသားလူမျိးများ၏အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ဂျပန်အစိုးရမှထောက်ပံ့ကူညီမှုများပေးအပ်ခြင်း

...

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းနေထိုင်လျက်ရှိသည့်လူနည်းစုဖြစ်သောတိုင်းရင်းသားလူမျိးများ၏အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ဂျပန်အစိုးရမှထောက်ပံ့ကူညီမှုများပေးအပ်ခြင်း

The Mobile Website of the Ministry of Foreign Affairs of Japan, 06 Jan 2014

URL: http://www.mofa.go.jp/s_sa/sea1/mm/page4e_000055.html
ဇန်နဝါရီလ ၆ ရက်နေ့မွန်းလွဲတစ်နာရီအချိန်(ဂျပန်ဒေသစံတော်ချိန်ညနေ ၃ နာရီ)အချိန်၌ရန်ကုန်မြို့​တွင်​ဂျပန်နိုင်ငံ၏အထူးအာဏာအပ်နှင်းခြင်းခံရသောပြည်ထောင်စုမြန်မာ နိုင်ငံတော်ဆိုင်ရာသံအမတ်ကြီး Mr. Mikio Numata နှင့်မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်ဂျပန်နိုင်ငံအစိုးရ၏အထူးသံတမန် Mr.Yohei Sasakawa တို့သည်တွင်သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပပြုလုပ်ခဲ့ပြီးဂျပန်အစိုးရအနေဖြင့်နောင်လာမည့်ငါးနှစ်အတွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ၏တိုးတက်မှုအခြေအနေအ​ပေါ်မူတည်၍မြန်မာနိုင်ငံသို့ JPY ၁၀ဘီလီယမ်ထောက်ပံ့ကူညီပေးရန်အစီအစဥ်ရှိကြောင်းကြေငြာခဲ့ပြီးအမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွင်အောင်မြင်မှုရရှိစေရန်နှင့်အသက် မွေးဝမ်းကျောင်းမှုဘဝများတိုးတက်လာစေရန်တို့ဖြစ်သည်။ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင်နေထိုင်လျက်ရှိသောတဦးချင်းစီအလိုက်အကူအညီအကူအညီပေးမှုများပါဝင် သည်။ အထူးအသေးစိတ်အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်သည်။
၁။မြန်မာနိုင်ငံအစိုးရနှင့်လူနည်းစုဖြစ်သောတိုင်းရင်းသားလူမျိုးများအတွင်းရှိငြိမ်းချမ်းရေးဖော်ဆောင်မှုရှုထောင့်များအရမြန်မာနိုင်ငံ၏အလယ်အလတ်လမ်းစဥ်ရေရှည်တည်မြဲ ရေးနှင့်တိုးတက်မှုရှိစေရန်မုချလိုအပ်ပါသည်။ဂျပန်အစိုးရသည်နှစ်ဖက်စလုံးဘက်မှလိုက်လျောမှုများအားကြိုဆိုလိုက်ပြီးမြန်မာနိုင်ငံတွင်နိုင်ငံတဝှမ်းအပြစ်အခတ်ရပ်စဲရေးအ တွက်သဘောတူညီမှုရရှိလာအောင်လတ်တလောဆောင်ရွက်လျက်ရှိသည်၊ယမန်နှစ်ဒီဇင်ဘာလ၁၅ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သောဂျပန်-မြန်မာညီလာခံ အစည်းအဝေးတွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့်H.E၊ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်တို့အတွင်းတွင်ထိုအကြောင်းကိုဆွေးနွေးခဲ့ကြသည်။
၂။ အရှိန်အဟုန်ကောင်းစွာရရှိလာသောအခွင့်အရေးများကြောင့်ဂျပန်အစိုးရသည်မြန်မာနိုင်ငံအတွင်းတွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ၏လုပ်ဆောင်ချက်များအ​ ပေါ်မူတည်၍နောင်လာမည့်ငါးနှစ်အတွက် JYP ၁၀ဘီလီယမ်ထောက်ပံ့ပေးရန်အစီအစဥ််များကိုမကြာသေးမီကဆုံးဖြတ်ချက်ချခဲ့သည်။ဖြစ်နိုင်လျှင်အမျိုးသားပြန်လည်ရင် ကြားစေ့ရေးကိုစောလျှင်စွာရရှိစေရန်နှင့်လူနည်းစုဖြစ်သောတိုင်းရင်းသားလူမျိုးများ၏အသင်းဝင်များကိုငြိမ်းချမ်းရေးအသီးအပွင့်များခံစားရရှိစေချင်ပြီးအသက်မွေးဝမ်း ကျောင်းပညာရပ်များစသည်တို့တိုးတက်မှုရရှိစေရန်ဖြစ်သည်။ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင်နေထိုင်လျက်ရှိသောတဦးချင်းစီအလိုက်အကူအညီအကူအညီပေးမှုများ ပါဝင်သည်၊၊
၃။ စုစုပေါင်းထောက်ပံ့ငွေ JPY (၁၀ )ဘီလီယမ်အထက်သည်ဂျပန်အစိုးရမှမြန်မာနိုင်ငံအပေါ်ကူညီထောက်ပံ့မှုများ၏တစိတ်တပိုင်းမျှသာဖြစ်ပြီးရရှိလာသောထောက်ပံ့ကူညီမှု များကိုကွင်းဆင်းဆောင်ရွက်ရာတွင်ကောင်းစွာညီတူညီမျှအကောင်အထည်ဖော်ဆောင်ရွက်မှုများအပါအဝင်(၁)လူတို့၏အသက်မွေးဝမ်းကျောင်းဘဝများတိုးတက်လာစေရန် (တိုင်းရင်းသားလူနည်းစုများနှင့်ဆင်းရဲချို့တဲ့သောအုပ်စုများအတွက်စိုက်ပျိုးရေးလုပ်ငန်းများကောင်းစွာရရှိစေရန်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက့်ထောက်ပံ့ကူ ညီခြင်းများပါဝင်ပြီး)၊(၂)ဖွံ့ဖြိုးတိုးတက်လာသောစနစ်အတိုင်းဆောက်လုပ်ထားသောအဆောက်အဦးအရွယ်အစားများနှင့်စီးပွားရေးနှင့်လူမှုရေးအကျိုးပြုတက္ကသိုလ်များ(ဒီမိုက ရေစီစနစ်တိုးမြှင့်ဆောင်ရွက်စေရန်အတွက်အပါအဝင်ဖြစ်ပြီး)၊(၃)အခြေခံအဆောက်အအုံဆောက်လုပ်ခြင်းများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်တိုးတက်လာသောစီးပွားရေးကိုထိန်း သိမ်းထားရန်အတွက်လိုအပ်သောစနစ်များနှင့်ဆက်စပ်ဆောင်ရွက်လျှက်ရှိသည်။၎င်းကိုလက်ရှိတွင်ရရှိထားသောထောက်ပံ့ကူညီမှုများနှင့်အတူယှဥ်တွဲ၍အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
၄။အကူအညီပေးသောဝန်ထမ်းမျာ၏ဘေးကင်းလုံခြုံမှုသည်သေချာသောရှုထောင့်တခုထဲတွင်ရှိရမည်ဖြစ်ပြီးအဖွဲ့အစည်းများမှလည်းရရှိလာသောအကူအညီများကိုပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ရန်မျှော်မှန်းခဲ့ကြပြီး Japanese civil အဖွဲ့အစည်းသည်မြန်မာအစိုးရမှတရားဝင်အသိအမှတ်ပြုထားသည့်ပဋိပက္ခဖြစ်နေသောဒေသများအတွင်း၌၎င်းတို့၏ လုပ်ဆောင်မှုများသည်အထူးစံနှုန်းထားများနှင့်ကိုက်ညီမှုရှိပြီးလူနည်းစုဖြစ်သောတိုင်းရင်းသားလူမျိုးများမှလည်းလက်ခံခဲ့ကြသည်။
၅။ တနည်းအားဖြင့်ဆိုသော်Mr. Sasakawaသည်မြန်မာနိုင်ငံအစိုးရနှင့်လူနည်းစုဖြစ်သောတိုင်းရင်းသားလူမျိုးများအတွင်းတွင်ငြိမ်းချမ်းရေးရရှိစေရန်အတွက်မြန်မာနိုင်ငံတွင် နှစ်အတော်ကြာလုပ်ကိုင်လာခဲ့သူတဦးဖြစ်သည်။သူသည်မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်ဂျပန်အစိုးရ၏အထူးသံတမန်အနေဖြင့်ယမန်နှစ်ဖေဖော်ဝါ ရီလကတည်းကတက်ကြွစွာလုပ်ဆောင််လာခဲ့သည်။ဂျပန်အစိုးရ၏ဆုံးဖြတ်ချက်သည်အထူးသံတမန်ဖြစ်သောMr. Sasakawa ၏ရရှိလာသောအတွေ့အကြုံများမှအကြံပေး ချက်တစိတ်တဒေသပေါ်မူတည်၍နောက်ဆုံးထောက်ပံ့ကူညီမှုများကိုပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ဂျပန်အစိုးရသည်အထူးသံတမန်ဖြစ်သော Mr. Sasakawa နှင့်အ နီးကပ်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ရည်ရွယ်ပြီးနောက်ဆုံးထောက်ပံ့ကူညီမှုများကိုအကျိုးရှိစွာအသုံးချနေချိန်တွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုများဆီသို့နောက်ထပ် အားပေးတိုက်တွန်းခြင်းများလည်းရောက်ရှိလို့လာပါသည်။