ကေအန်ယူ(KNU) ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအစည်းအဝေးပွဲကိုမြဝတီတွင်ပြုလုပ်

...

ကေအန်ယူ(KNU) ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအစည်းအဝေးပွဲကိုမြဝတီတွင်ပြုလုပ်

Eleven Media, 28 Oct 2013

URL: http://elevenmyanmar.com/national/3877-knu-holds-peace-meeting-in-myawady
အောက်တိုဘာလ၂၆ ရက်နေ့တွင်(KNU)သည်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအစည်းအဝေးပွဲကိုကရင်ပြည်နယ်အရှေ့ပိုင်းနယ်စပ်ရှိမြဝတီမြို့တွင်ပြုလုပ်ခဲ့ပါသည်။ ဖားအံရှိသုမဒယာမတောရ(Thumadayamatawya)ကျောင်းမှကျောင်းထိုင်ဘုန်းကြီးအရှင်စန္ဒြာဝါရ(Sandrawara)သည်အစည်းအဝေးသဘာပတိဖြစ်ပြီးသူ၏မိန့်ခွန်း စကားထဲတွင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကိုနှောက်နှေးစေသည့်အကြမ်းဖက်မှုအမျိုးမျိုးကိုဆန့်ကျင်သည်။
ကျွန်တော်တို့၏အနာဂတ်လမ်းတွင်ယုံကြည်မှုအပြည့်အဝရှိလုနီးပါးဖြစ်ပြီးဟုစတင်တွေ့မြင်ခဲ့ရသည်။ ယင်းအပစ်ခတ်ရပ်စဲရေးကဲ့သို့စစ်မှန်သောငြိမ်းချမ်းရေးကို သေချာပေါက်ပြန်လည်ထူထောင်နိုင်မည်ဟုကေအန်ယူဗဟိုကော်မတီအဖွဲ့ဝင်ပဒိုမန်းငြိမ်းမောင်ကဆိုသည်။
ဤအစည်းအဝေးကိုကရင်ဘာသာရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့်ပြည်တွင်းပြည်ပနယ်စပ်တလျှောက်ရှိအခြေခံလူထုအကျိုးပြု အဖွဲ့အစည်းများတက်ရောက်ကြပါသည်။
ဖယ်ဒရယ်စနစ်အပေါ်မူတည်ပြီးတန်းတူညီမျှရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်မှုရရှိရေးတို့သည်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ခိုင်မာသောငြိမ်းရေးရရှိရန်အတွက် အရေးကြီးသည်ဟုအစည်းအဝေးတွင်ထိုးဖေါက်မြင်သာစွာဖေါ်ပြခဲ့သည်။
သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ၊ ထိုနည်းတူလူမှုဖူလုံရေး၊ ပညာရေးကျမ်းမာရေးအတွက်မေးခွန်းများနှင့်ယဥ်ကျေးမှုများအတွက်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်အာမခံချက်ရှိရန်လိုအပ်သည်ကိုလည်းဖော်ထုတ်ပြောဆိုပါသည်။