လူထုကျန်းမာရေးကျွမ်းကျင်သူများမှ ငါးနှစ်ဗျူဟာစီမံကိန်း စတင်

...

လူထုကျန်းမာရေးကျွမ်းကျင်သူများမှ ငါးနှစ်ဗျူဟာစီမံကိန်း စတင်

Myanmar Times, 04 Mar 2019

URL: https://www.mmtimes.com/news/public-health-professionals-launch-five-year-strategic-plan.html
မြန်မာ့ကျန်းမာရေးကူညီမှုအသင်းသည် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍနှင့် မြန်မာပြည်သူများ၏ အထွေထွေကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်အတွက် ၅ နှစ်စီမံကိန်းကို တနင်္ဂနွေနေ့တွင် စတင်ခဲ့ကြောင်း အသင်း၏ ဥက္ကဌက ပြောပြခဲ့သည်။

"ဒါက အသင်းရဲ့ပထမဆုံးဗျူဟာစီမံကိန်းပါ။ ကျွမ်းကျင်သူတွေဆီက တန်ဖိုးရှိတဲ့အကြံပြုချက်တွေကို ကျွန်တော်တို့ စုစည်းနေပါတယ် "ဟု အသင်း၏ ဥက္ကဌ ဦးမျိုးသွင်ကပြောခဲ့သည်။

စီမံကိန်းအောက်တွင် အသင်း၏ ဝန်ထမ်း ၄၇၈ ဦးသည် ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ စကိုင်း၊ မန္တလေး၊ မကွေးနှင့် ရန်ကုန်စသည်ဖြင့် ပြည်နယ်နှင့်တိုင်းများရှိ မြို့နယ် ၇၆ ခုတွင် လူထုကျန်းမာ ရေးစီမံကိန်း ၁၂ ခု ကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

စီမံကိန်းတွင် ကူးစက်ရောဂါထိန်းချုပ်ရေး၊ မျိုးပွားခြင်း၊ မိခင်နှင့်ကလေး၊ မွေးကင်းစကလေး၊ ကလေးသူငယ်နှင့်ဆယ်ကျော်သက်ကျန်းမာရေးနှင့် အဟာရစသည်တို့ ပါဝင်သည်။

အသင်းသည် ရောက်ရှိရန်အလှမ်းဝေးသည့်ဒေသများအပါအဝင် စစ်မက်ဖြစ်ပွားနေသည့်နေရာများ၊ မြို့ပြဆင်းရဲသားရပ်ကွက်နှင့် နယ်စပ်ဒေသများတွင် ကျန်းမာရေးစနစ်နှင့်အရေးပေါ်တုန့်ပြန်မှုများကို စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်သည်။ ကိုယ်တိုင်ရပ်တည်နိုင်စွမ်းနည်းပါးသည့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ ဆယ်ကျော်သက်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ သက်ကြီးရွယ်အိုများနှင့် တိုင်း ရင်းသားများအား ပစ်မှတ်ထားဆောင်ရွက်ပေးမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အဖွဲ့သည် နိုင်ငံတဝန်းရှိ မြို့နယ် ၃၀၇ မြို့နယ်တွင် အဖွဲ့ဝင်ခန့်မှန်းခြေ ၅၃၆၅ ဖြင့် ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်သည်။