လုပ်ငန်းခွင်တွင် မသန်စွမ်းသူများပါ ထည့်သွင်းလာစေရန် အလုပ်ရှင်များကို တိုက်တွန်း

...

လုပ်ငန်းခွင်တွင် မသန်စွမ်းသူများပါ ထည့်သွင်းလာစေရန် အလုပ်ရှင်များကို တိုက်တွန်း

Myanmar Times, 04 Dec 2018

URL: https://www.mmtimes.com/news/employers-encouraged-embrace-disability-inclusion.html
မသန်စွမ်းသူများကို လုပ်ငန်းတွင် ငှားရမ်းခြင်းနှင့် ပံ့ပိုးပေးရန်အတွက် လက်စွဲစာအုပ်ထွက်ရှိလာပြီဖြစ်ပြီး ကုမ္ပဏီများသည် ယခုအခါ ထိုလမ်းညွှန်စာအုပ်အတိုင်း လုပ်ဆောင်နိုင်ပြီဖြစ်သည်။

အလုပ်ရှင်များသည် လုပ်ငန်းခွင်တွင် မသန်စွမ်းသူများအား မည်သို့မြှင့်တင်ကူညီပေးနိုင်သည့် လမ်းညွှန်စာအုပ်ထွက်ရှိလာပြီဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများကို လုပ်ငန်းခွင်၌ မသန်စွမ်းသူများကို ခန့်ထားရန်နှင့် ပံ့ပိုးပေးရန် တိုက်တွန်းနေသည်။

ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံရှိ အမြတ်အစွန်းအတွက် မရည် ရွယ်သောအဖွဲ့အစည်း(MCRB) နှင့် ဂျပန်ကူညီကယ်ဆယ်ရေးအဖွဲ့(AARJ) တို့သည် မသန်စွမ်းသည့်အလုပ်သမားငှားရမ်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ အလုပ်ရှင်များအတွက် လမ်းညွှန်စာအုပ်ကို စတင်ရေးသားခဲ့သည်။

“မသန်စွမ်းသည့်အလုပ်သမားများ- မြန်မာနိုင်ငံရှိအလုပ်ရှင်များအတွက် လက်စွဲစာအုပ် ” သည် နိုင်ငံရှိအဖွဲ့အစည်းများအား မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မည်သို့ဖန်တီးပေးရန်နှင့် အလုပ်သမားစုဆောင်းမှုနှင့်အလုပ်အကိုင်မည်သို့ထိန်းသိမ်းထားနိုင်ရန် စသည်တို့နှင့်ပတ်သက်၍ လက်တွေ့အကြံဉာဏ်များပေးနိုင်ရန် ရည်ရွယ်သည်။

နိုင်ငံတကာမသန်စွမ်းသူများနေ့ အခမ်းအနားတွင် လမ်းညွှန်စာအုပ်ကို စတင်ဖြန့်ဝေခဲ့ပြီး အခမ်းအနားဆောင်ပုဒ်မှာ “အားလုံးတူညီအခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများအစွမ်းမြှင့်တင်ပေး ”ဟူ၍ ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက် အာဘော်မှာ မသန်စွမ်းသူများအားမြှင့်တင်ပေးရေး၊ ပါဝင်နိုင်ရေး၊ တန်းတူရေးနှင့် ခိုင်မြဲသည့် ဖွံ့ဖြိုးမှုအတွက် ၂၀၃၀ ခုနှစ် လုပ်ငန်းစဉ်အရ ရေရှည်ဖွံ့ဖြိုးမှုများကို မျှော်မှန်းထားရှိခြင်း ဖြစ်သည်။

နိုင်ငံတကာ NGO တစ်ခုဖြစ်သည့် AARJ သည် အသက် ၁၈ နှစ်ပြည့် မသန်စွမ်းသူများအတွက် ၂၀၀၀ ခုနှစ်မှစ၍ အသက်မွေးသင်တန်းကျောင်းတစ်ခု ဖွင့်ထားခဲ့သည်။ မသန်စွမ်းသူများသည် ၎င်းတို့ကိုယ် ကိုင်ယုံကြည်မှုနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ရန်လိုအပ်ပြီး VTC က ထိုသို့လိုအပ်မှုများကိုလည်း လေ့ကျင့်ပေးနေကြောင်း AARJ ရန်ကုန်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ရိုရှီယို နာကာဂါဝါက ပြောခဲ့သည်။

“ကုမ္ပဏီတွေနဲ့အခြားသောအဖွဲ့အစည်းတွေက မသန်စွမ်းသူတွေပါဝင်လာအောင်ဖန်တီးတဲ့အခါမှာ တန်းတူညီတူရှိရပါမယ်၊ ဒါမှ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိမှာပါ။ အလုပ်ရှင်များအားလုံးကို မတူကွဲ ပြားမှုတွေကို လက်ခံပေးဖို့နဲ့ မတူညီတဲ့ ကျွမ်းကျင်မှုတွေကို ယုံကြည်ပေးဖို့ တိုက်တွန်းချင်ပါတယ် ” ဟု ရိုရှီယို နာကာဂါဝါက ပြောခဲ့သည်။ မသန်စွမ်းသူများကို စတင်ခန့်ပေးရန်အတွက် တက်ကြွစွာလုပ် ဆောင်ကြဖို့တိုက်တွန်းခဲ့သည်။

မသန်စွမ်းသူများသည် လုပ်ငန်းခွင်များတွင် တန်းတူမပါဝင်နိုင်သေးကြောင်း ဒါရိုက်တာဖြစ်သူ မစ်စ်ဗစ်ကီဘိုးမန်းက ထောက်ပြခဲ့သည်။ “ဒါဟာသူတို့အတွက် မကောင်းရုံသာမက လုပ်ငန်းအတွက်ပါ အခွင့် အလမ်းပျောက်ဆုံးနိုင်ပါတယ်။ ကုမ္ပဏီတွေက မသန်စွမ်းတွေကို ပါဝင်မှုပေးရင်တော့ သူတို့အနေနဲ့ ကျွမ်းကျင်မှုအသစ်တွေရရှိရုံသာမက လာရောက်ဝယ်ယူသူတွေလည်း များလာပါမယ်” ဟု သူမက ပြော ခဲ့သည်။

မြန်မာနိုင်ငံသည် မသန်စွမ်းယုံကြည်မှု ပိုမိုရှိလာစေချင်သော်လည်း အများမှာ မည်သို့စတင်လုပ်ဆောင်ရမှန်းမသိဖြစ်နေသောကြောင်း မစ်စ်ဘိုးမန်းက ပြောသည်။ ယင်းနှင့်စပ်လျဉ်း၍ ထိုသို့မသိသေးသော ကုမ္ပဏီများအတွက် လက်စွဲစာအုပ်သည် အဆင်သင့်ဖြစ်လာမည်ဖြစ်ပြီး လက်တွေ့အကြံဉာဏ်ပေးမှုများပါဝင်သည်။ မသန်စွမ်းသူများအားမည်သို့အောင်မြင်စွာစုဆောင်းရမည်၊ မည်သို့ထိန်းသိမ်းရမည် စသည် ကဲ့သို့ မေးခွန်းများအပေါ် ဖြေရှင်းမှုများပါဝင်ပြီး နောက်ထပ်အကြံဉာဏ်များအတွက် လိုအပ်သည့်ချိန်ညှိခြင်းများနှင့် ပြုပြင်မွမ်းမံမှုများ လိုအပ်မည်ဖြစ်သည်။

လက်စွဲစာအုပ်တွင် နိုင်ငံရှိ မသန်စွမ်းသူများအကြောင်း လူဦးရေးအချိုးအစားသတင်းအချက်အလက်များကို ဖော်ပြထားသည်။ လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရခြင်း ဥပမာများ၊ ၎င်းတို့အား ကာကွယ်ပေး သည့် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များနှင့် လူမှုအသိုင်အဝိုင်းတွင် ၎င်းတို့ပါဝင်မှုကို မြှင့်တင်ပေးခြင်းနှင့် အလုပ်ရှင်မျာအတွက် အကြံဉာဏ်များပေးခြင်း စသည်တို့ ပါဝင်သည်။