လူမှုပင်စင်ထုတ်ပေးရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် ကျောက်ကြီးမြို့နယ်ရှိ သက်ကြီးရွယ်အိုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေ

...

လူမှုပင်စင်ထုတ်ပေးရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် ကျောက်ကြီးမြို့နယ်ရှိ သက်ကြီးရွယ်အိုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေ

Eleven Myanmar, 08 Oct 2018

URL: http://www.elevenmyanmar.com/local/15396
မွန်၊ တောင်ငူနှင့် ပဲခူးတိုင်း ကျောက်ကြီးတွင်နေထိုင်ကြသော သက်ကြီးရွယ်အိုများအား လူမှုပင်စင်ထုတ်ပေးရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ကျောက်ကြီးမြို့နယ်ရှိ လွှတ်တော်အမတ်များနှင့် လဝကမှ တာဝန်ရှိသူများသည် အောက်တိုဘာ ၆ ရက်နေ့တွင် ကွင်းဆင်း ကြည့်ရှု့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“အစိုးရက အရင်က အသက် ၉၀ ရှိတဲ့ နိုင်ငံသားတွေကို လူမှုရေးပင်စင်တွေ ထုတ်ပေးပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အသက် ၈၅ နှစ်ကနေ စပြီး ပေးနေပါပြီ။ ဒါ့အပြင် မှတ်ပုံတင်ကတ်ပျက်စီးသွားတဲ့ သက်ကြီးရွယ်အိုတွေလည်းရှိပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကို လူမှုရေးပင်စင်လွယ်လွယ်ကူကူထုတ်ပေးနိုင်ဖို့အတွက် သက်ကြီးတွေအိမ်ကို တစ်အိမ်တက်ဆင်း ကျွန်တော်တို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ကြပြီး မှတ်ပုံတင်ကတ်ပြားအသစ်ထုတ်ပေးခဲ့ပါတယ်။ သူတို့ သက်ရှိထင်ရှားရှိနေတုန်း လူမှုပင်စင်အခွင့်အရေးရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ အိမ်တိုင်ရာရောက် မှတ်ပုံတင်ကတ်ပြားတွေ ထုတ် ပေးနေခြင်းဖြစ်ပါတယ်” ဟု ကျောက်ကြီး မြို့နယ် လဝကမှ အရာရှိဖြစ်သူ ညီဇော်ထက်က ပြောခဲ့သည်။

သက်ကြီးရွယ်အိုများကို မှတ်ပုံတင်ကတ်ပြတ်ထုတ်ပေးခြင်းအပြင် မွန်ပြည်နယ်အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ၁၇၆ ဦးကိုလည်း မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့သည်။ အစိုးရသည် သက်ကြီးရွယ် အိုများအား ပိုမိုကောင်းမွန်သည့်ပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ ထိရောက်သော ထိနည်းဗျူဟာများကို ရေးဆွဲလျှက်ရှိသည်။

လူမှုပင်စင်သည် သက်ကြီးရွယ်အိုများအတွက် အစိုးရမှ ပထမဆုံးကမကထပြုသည့် လစဉ် ပေးသော ငွေကြေးထောက်ပံ့ကြေးဖြစ်ပြီး ၂၀၁၄ ခုနှစ် ပြည်နယ်အဆင့်သက်ကြီးရွယ်အို ကာကွယ်ရေးဆိုင်ရာမဟာဗျူ ဟာ၏ တစိတ်တပိုင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅- ၂၀၁၆ ခန့်မှန်းခြေအရ သက်ကြီးရွယ်အို ၄.၇၅ သန်းရှိပြီး နိုင်ငံ၏လူဦးရေ ၅၁ သန်းတွင် ၉.၀၆ ရာခိုင်နှုန်းရှိသည်။