လိုအပ်ချက်များအတွက် အစိုးရမှ လျှပ်စစ်မီး ထပ်ပေးမည်

...

လိုအပ်ချက်များအတွက် အစိုးရမှ လျှပ်စစ်မီး ထပ်ပေးမည်

Myanmar Times, 22 Oct 2018

URL: https://www.mmtimes.com/news/govt-readies-additional-supply-electricity-meet-demand.html
စီစဉ်နေပြီဖြစ်ကြောင်း လျှစ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန(MOEE)၏ အဆိုအရသိရသည်။

လျှပ်စစ်မီးသုံးစွဲမှုနှုန်း တိုးလာခြင်းသည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းရှိသည်။ ယခုဘဏ္ဍာနှစ်တွင် တောင်းဆိုမှုများကြောင့် ၁၅ ရာခိုင်နှုန်းတိုးပေးမည်ဖြစ်သည်။ MOEE သည် ယခုနှစ်တွင် ၃၄၀၀ မီဂါဝပ်မှ ၃၇၀၀ မီဂါဝပ်အထိ တိုးပေးသွားရန် ရည်ရွယ်သည်။

MOEE ၏ ဒုတိယအမြဲတမ်းလျှပ်စစ်အတွင်းဝန်ဖြစ်သူ ဦးစိုးမြင့်က စီမံကိန်းတချို့သည် ငွေကြေးရရှိမှုအပေါ် မူတည်၍ နှောင့်နှေးနိုင်ကြောင်းသတိပေးခဲ့သည်။ ဝန်ကြီးဌာနသည် နောင်လာမည့်နှစ်တွင် နိုင်ငံတကာအကူအညီများအပါအဝင် ငွေကျပ် ၅၇၈ ဘီလီယံ အကုန်အကျခံရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်အများစုကို ၎င်းတို့၏ ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်စက်ရုံများမှတဆင့် ရရှိသည်။ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းများသည် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ဘဏ္ဍာနှစ်အတွက် နောက်ထပ်စွမ်းအင်လိုအပ်မှုကို ဓါတ်ငွေ့လျှပ်စစ်ဓါတ် အားပေးစက်ရုံ ၃ ရုံမှ ပေးမည်ဖြစ်ကြောင်း lectric Power Generation ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ
ဦးကင်မောင်ဝင်းက ပြောသည်။