လျှပ်စစ်ကွန်ရက်အတွက် ချေးငွေဒေါ်လာ၂၉၈သန်းကို အတည်ပြုပေးရန် သမ္မတ တောင်းဆို

The Irrawaddy, 12 Sep 2018
URL: https://www.irrawaddy.com/news/president-requests-approval-298m-loan-improve-electricity-network.html
သမ္မတဦးဝင်းမြင့်မှ နိုင်ငံ၏ပြည်နယ်(၇)ခုနှင့် တိုင်း(၇)ခုတွင် လျှပ်စစ်ကွန်ရက်များကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးမည့် ချေးငွေ ဒေါ်လာ ၂၉၈.၉သန်းကို အတည် ပြုပေးရန် တောင်းဆိုခဲ့သည်။.
လျှပ်စစ်နှင့်စွမ်းအင်ဒုတိယဝန်ကြီးဦးထွန်းနိုင်က ချေးငွေကို ၆ နှစ်တာစီမံကိန်း(၂၀၁၉-၂၀၂၅)အတွက်ဖြစ်ကြောင်းနှင့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့နှင့် မွန်၊ ကရင်နှင့် ရခိုင်ပြည် နယ်များတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့သည်။
စီမံကိန်းမှ ကျေးလက်ဒေသများ၏ လျှပ်စစ်သုံးစွဲမှုတိုးလာခြင်းကို ဖြည့်ဆည်ပေးနိုင်ရန်ရည်ရွယ်ပြီး လက်ရှိစနစ်ကောင်းမွန်လာစေရန်လည်း ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
စီမံကိန်းတွင် အပိုင်း(၂)ပိုင်းပါဝင်သည်။ လျှပ်စစ်ထုတ်လွှင့်ခြင်းနှင့် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ဧရာဝတီတိုင်းတွင် အိမ်ထောင်စု ၈၄၈၅၀စု၊ ပဲခူးတိုင်းတွင် အိမ်ထောင်စု ၁၅၁ ၀၀၀၊ မွန်ပြည်နယ်တွင် အိမ်ထောင်စု ၄၂၇၅၇ စု၊ ကရင်ပြည်နယ်တွင် အိမ်ထောင်စု ၂၇၈၂၀ စုနှင့် ရခိုင်ပြည်နယ်တွင် အိမ်ထောင်စု ၃၆၆၉၄ စု စသည့်အိမ်ထောင်စုများဆီသို့ လျှပ်စစ်မီးဖြန့် ဖြူးပေးမည်ဖြစ်သည်။
ခြောက်နှစ်တာစီမံကိန်းသည် စုစုပေါင်း ဒေါ်လာ ၃၀၈.၉ သန်း ကုန်ကျမည်ဖြစ်ပြီး ဒေါ်လာ၁၀သန်းကို ပြည်နယ်ဘတ်ဂျက်မှ ရန်ပုံငွေ ထူထောင်ပေးမည်ဖြစ်သည်။