လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်

...

လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်

The Global New Light of Myanmar, 02 Jul 2018

URL: http://www.burmalibrary.org/docs24/GNLM2018-07-01-red.pdf
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လွိုင်ကော်ခရိုင်စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လွိုင်ကော်မြို့ရှိ အဆိုပါနေရာ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်ဖြန့်ဝေပေးသည့် ပြန်ကြားရေးလုပ်ငန်း၊ ပြည်သူလူထုအတွက် အသိပ ညာဗဟုသုတ ဖြည့်ဆည်းပေးသည့် ပညာပေးလုပ်ငန်းနှင့် ပြည်သူလူထုအတွက် ဖျော်ဖြေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ သတင်းအချက်အလက်ဖြန့်ဝေမှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရုပ်သံနှင့်ရေဒီယိုထုတ်လွှင့်မှုဖြင့်လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ နိုင်ငံပိုင်သတင်းစာများအပြင် Myanmar Digital News-MDN အမည်ဖြင့် Online မှ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးများမှ ပေးပို့သော အနယ်နယ်အရပ်ရပ်မှ သတင်းများကို နိုင်ငံပိုင်မီဒီယာများအပြင် MOI Website မှ လည်းကောင်း ထုတ်လွှင့်ဖော်ပြပေးလျှက်ရှိပါကြောင်း၊ ဆက်လက်၍ ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းမှ ဦးထွန်းလှစိုးက ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်လေ့ကျင်ပေးမှု၊ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ဒေသခံပြည်သူများကိုယ်စား ဦးမိုးဇက်အောင်လေးက လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်မှုနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင်ရှိပြီး တက်ကြွစွာ ပူးပေါင်း ပါ ဝင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။