လေးကေကော်မြို့သစ်အတွက် လျှပ်စစ်မီးမရရှိသေးခင် ဆိုလာစနစ်ဖြင့် တပ်ဆင်ပေးရန်ရှိ

...

လေးကေကော်မြို့သစ်အတွက် လျှပ်စစ်မီးမရရှိသေးခင် ဆိုလာစနစ်ဖြင့် တပ်ဆင်ပေးရန်ရှိ

Karen News, 26 Apr 2017

URL: http://karennews.org/2017/04/solar-power-system-set-to-light-up-lay-kay-kaws-new-town-project.html/
ကရင်ပြည်နယ်၊ နယ်စပ်ရှိ လေးကေကော်မြို့သစ်အတွက် လျှပ်စစ်မီး မရရှိသေးခင်အချိန်အတွင်း ဆိုလာစနစ်(နေရောင်ခြည်သုံးစွမ်းအင်)ဖြင့် အိမ်တိုင်းတပ်ဆင်ပေးရန်ရှိသည်ဟု ကရင်ပြည်နယ် လျှပ်စစ်နှင့်
စက်မှုဝန်ကြီး ဦးစိုးလှိုင်က ကေအိုင်စီသို့ ပြောသည်။

လေးကေကော်မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့၏တောင်ဘက် ၉ မိုင်ခန့်အကွာတွင် တည်ဆောက်ထားပြီး စစ်ဘေးရှောင် နေရပ်စွန့်ခွာခဲ့ကြသည့် ဒုက္ခသည်များနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း
အရုံး တပ်မိသားစုဝင်များအတွက် ကရင်ပြည်နယ်အစိုးရက ပြန်လည်နေရာချထားသည့် စီမံကိန်းဖြစ်သည်။

အဆိုပါမြို့သစ်စီမံကိန်းတွင် မြေနေရာသတ်မှတ်ပြီး လူနေအိမ်ခြေများ တည်ဆောက်ပြီးစီးသော်လည်း လျှပ်စစ်မီးမရရှိသည့်အတွက်ကြောင့် ပြန်လည်နေထိုင်ကြသည့် ဒုက္ခသည်များအတွက် လျှပ်စစ်မီးမရခင်
စပ်ကြားတွင် ဆိုလာစနစ်ဖြင့် တပ်ဆင်ပေးရန် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ဂျပန်အဖွဲ့နှင့် ဆွေးနွေးတိုင်ပင်နေဆဲဖြစ်သည်ဟု လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်က ပြောသည်။

ဝန်ကြီးဦးစိုးလှိုင်က “ ထိုင်းဘက်မှာရှိတဲ့ လျှပ်စစ်ကို ဝယ်ယူမယ်။ အခုလက်ရှိမှာတော့ ထိုင်းဘက်က စာချုပ်မူကြမ်းကို စောင့်နေပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနကနေပြီးတော့ လျှပ်စစ်မီးမရခင် လောလော
ဆယ် ဆိုလာနဲ့ သုံးလို့ရအောင် ဆွေးနွေးထားပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ယခုနှစ် မတ်လအတွင်း လျှပ်စစ်မီးရရှိရန် ကြိုးပမ်းနေသည်ဟု ဖေဖော်ဝါရီလက ဝန်ကြီးဦးစိုးလှိုင်ကပြောဆိုထားသော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးမရရှိသေးပေ။ လျှပ်စစ်မီးရရှိမည်ဆိုပါက ပြန်လည်နေ
ထိုင်ကြသည့် ဒုက္ခသည်ပြည်သူများအတွက် အလုပ်အကိုင်နှင့်တပိုင်တနိုင်လုပ်ငန်းများ စတင်လုပ်ဆောင်မည်ဟု လေးကေကော်မြို့သစ်လူငယ်တာဝန်ခံ စောသန်းမြင့်အောင်က ကေအိုင်စီသို့ ပြောသည်။

“ လျှပ်စစ်က အခုထိ မရရှိသေးဘူး။ ဒါပေမယ့် တာဝန်ရှိတဲ့လူတွေကတော့ ကြိုးစားနေတုန်းပဲလို့တော့ သိရတယ်။ ဆိုလာစနစ်ပေးဝေမယ့် ကိစ္စလည်း ကျွန်တော်တို့ မကြားမိသေးပါဘူး။ လျှပ်စစ်မီးရရင်တော့
အလုပ်အကိုင်တွေလည်း ရရှိလာလိမ့်မယ်လို့တော့ မျှော်လင့်တယ်” ဟု ပြောသည်။

အဆိုပါမြို့သစ်စီမံကိန်းသည် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဒုက္ခသည်များနှင့် ကေအဲန်ယူအဖွဲ့ဝင် တပ်မိသားစုများပြန်လည် စုပေါင်းနေထိုင်သူဦးရေ(၃၂၀၀)ဦးရှိသည်ဟု လေးကေကော် ပြန်လည်နေရာချ
ထားရေးကော်မတီအတွင်းရေးမှူး စောဌေးမြင့်အောင်၏ ပြောပြချက်အရ သိရသည်။ ၎င်းမြို့သစ်တွင် ပြန်လည်နေထိုင်သူများ၏ နေရေး၊ ထိုင်ရေး အဆင်ပြေကြသော်လည်း စားဝတ်နေရေးအတွက် အလုပ်အ
ကိုင် အခွင့်အလမ်း ရှားပါးနေဆဲဖြစ်ကြောင်း မြို့သစ်တွင် နေထိုင်သူများက ပြောသည်။

ယင်းလေးကေကော်မြို့သစ်စီမံကိန်းသည် ကေအဲန်ယူနှင့် ပြည်ထောင်စုအစိုးရတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ထားသည့် စီမံကိန်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်းက စတင်အကောင်အထည်ဖော်
ဆောင်လာသည့် ၅နှစ် စီမံကိန်းဖြစ်သည်။ ထို စီမံကိန်းတွင် မြေဧကအားဖြင့် ၁၈၀၀ လျာထားကာ ၇၅၅ ဧကကို အရစ်ကျ အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

ယခုအချိန်အတွင်း တန်ဖိုးနည်းအိမ်အလုံး(၆၅၀)ကို တည်ဆောက်ထားပြီး သတ်မှတ်ထားသည့် အိမ်အလုံး(၁၅၀၀)တည်ဆောက်ပြီးသွားပါက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ
ဒုက္ခသည်များ ပြန်လာမည်ဟု လေးကေကော် ပြန်လည်နေရာချာထားရေးကော်မတီတို့ထံမှ သိရသည်။