ရေကြီးမှုကို ကာကွယ်ရန်အတွက် ဒေသကြီးအစိုးရမှ ငွေကျပ် ၈ ဘီလီယမ်သုံးမည်

...

ရေကြီးမှုကို ကာကွယ်ရန်အတွက် ဒေသကြီးအစိုးရမှ ငွေကျပ် ၈ ဘီလီယမ်သုံးမည်

The Global New Light of Myanmar, 11 Apr 2017

URL: https://issuu.com/myanmarnewspaper/docs/11_april_17_gnlm
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် လှိုင်နှင့်ဧရာဝတီမြစ်မှ ရေကြီးရေလွှမ်းမိုးမှုများကို ကာကွယ်နိုင်ရန်အတွက် ငွေကျပ် ၈ ဘီလီယမ်သုံးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

အစိုးရသည် ထိုမြစ်များ၌ နှစ်စဉ်ရေလွှမ်းမိုးမှုဖြစ်ပွားခြင်းအား ကာကွယ်မှုပြုရာတွင် ပါဝင်မည်ဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်းအားဖြင့် လည်းကူးမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ်များ၌ ရေကြီးမှုကြောင့် ထိခိုက်မှုများကို လျော့ချနိုင်ခဲ့သည်။
တိုက်ကြီးနှင့် မှော်ဘီမြို့နယ်များ၌ ရေကြီးမှုကြိုတင်ကာကွယ်ခြင်းများတွင်လည်း အစိုးရမှ ပါဝင်မည်ဖြစ်သည်။

ဒေသကြီးအစိုးရသည် နိုင်ငံတွင် နှစ်စဉ်ရေလွှမ်းမိုးမှုကို ရင်ဆိုင်နေရသည့် ပြည်သူလူထုအား ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် ဘတ်ဂျက်ငွေကို အသုံးပြုခဲ့သည်။ ဒေသကြီးအစိုးရသည် လမ်းမများပေါ်တွင် ရေလွှမ်းမိုးမှုကိုကာကွယ်
ရန်အတွက် ရေနုတ်မြောင်းစနစ် တိုးတက်ကောင်းမွန်လာရန် ကြိုးပမ်းနေသည်။

အလားတူ ဒေသကြီးအစိုးရသည် စည်ပင်သာယာပိုင်နက်ဧရိယာ အပြင်ဘက်တွင်ရှိသော နေရာများဖွံ့ဖြိုးလာစေရန်အတွက် အထူးစီမံကိန်းတစ်ခုအနေဖြင့် ငွေကျပ်(၃၂)ဘီလီယမ် အသုံးပြုခဲ့သည်။