လျှပ်စစ်ဓာတ်အားပံ့ပိုးပေးမည့် တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားစီမံကိန်း

...

လျှပ်စစ်ဓာတ်အားပံ့ပိုးပေးမည့် တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားစီမံကိန်း

MITV News, 20 Mar 2017

URL: http://www.myanmarinternational.tv/news/electricity-supply-china-myanmar-electric-power-project
The China Three Gorges ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိစေဖို့ မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနနှင့် ၂၀၁၂ ခုနှစ်ကတည်းကပင်
နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့သည်။

The China Three Gorges ကော်ပိုရေးရှင်းကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားကုမ္ပဏီဖြစ်ပြီး သန့်စင်သောလျှပ်စစ်ဓာတ်အားအဖွဲ့အ
ဖြစ် အနေအထားတကျရှိကာ လေနှင့်နေရောင်ခြည်စွမ်းအားအပါအဝင် ပမာဏကြီးမားသောဟိုက်ဒိုပါဝါဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ခြင်းအပေါ် ဦးတည်ထားဆောင်ရွက်နေသည်။

The China Three Gorges (CTG) ကော်ပိုရေးရှင်းသည် ချင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် ရန်ကုန်တိုင်းတွင် ဟိုက်ဒို၊ လေနှင့် နေရောင်ခြည်စွမ်းအင်၌ လျှပ်စစ်ဓာတ်အားစီမံကိန်း ဖွံ့ဖြိုး
စေရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနနှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။

China Three Gorges International ကော်ပိုရေးရှင်း(မြန်မာ)မှ ကိုယ်စားလှယ်အကြီးအကဲဖြစ်သူ Shan Haichao က တကယ်တော့မြန်မာနိုင်ငံက အရမ်းကို ကောင်းမွန်တဲ့နိုင်ငံတစ်ခုပါ။ ဘာ
ကြောင့်လဲဆိုတော့် ကျွန်တို့က အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပါတယ်။ စီးပွားရေးတိုးတက်ချင်တယ်ဆိုရင် လျှစ်စစ်ဓာတ်အားက အရင်ဆုံးဦးစားပေး လုပ်ဆောင်ရမယ့်အရာတစ်ခုပါပဲ၊ ဒါကြောင့် မြန်မာ
နိုင်ငံအတွက် ကျွန်တော်တို့ တစ်ခုခုလုပ်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အခြေအနေတစ်ခုမို့လို့ပါ။"

တရုတ်နိုင်ငံသည် စွမ်းအင်ကဏ္ဍတွင် လူ့အရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အကူအညီများ ပံ့ပိုးပေးခဲ့ပြီး မြန်မာ့ ဓာတ်အားလိုင်းကွန်ယက်စီမံချက်အတွက် ယူအက်စ်ဒေါ်လာ(၄)သန်း ပံ့ပိုး
ပေးခဲ့သည်။

China Three Gorges International ကော်ပိုရေးရှင်းမှ ကိုယ်စားလှယ်အကြီးအကဲဖြစ်သူ Shan Haichao က " ကျွန်တော်တို့ မြန်မာနိုင်ငံကို တကယ်ပဲ စိတ်ဝင်စားပါတယ်၊ အလွန်ကောင်းမွန်တဲ့
အရင်းအမြစ်တွေရှိတယ်။ မြန်မာနိုင်ငံနဲ့အတူပူးပေါင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ချင်ပါတယ်။ "

မြန်မာနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးရန်နှင့် စွမ်းအင်များရရှိစေရန်အတွက် လေအားလျှပ်စစ်စွမ်းအင်ရရှိရေးကို CTG မှ ဦးစားပေးလုပ်ဆောင်နေသည်။