လုပ်ငန်းခွင် နေ့ကလေးထိန်းကျောင်းများ နိုင်ငံအနှံ့ ဖွင့်လှစ်မည်

...

လုပ်ငန်းခွင် နေ့ကလေးထိန်းကျောင်းများ နိုင်ငံအနှံ့ ဖွင့်လှစ်မည်

The Irrawaddy, 07 Mar 2017

URL: https://www.irrawaddy.com/news/burma/ministry-open-workplace-nursery-schools-nationwide.html
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လုပ်ငန်းခွင်ဝင်နေကြသောမိဘများ အဆင်ပြေစေရန်အတွက် နိုင်ငံတဝှမ်းတွင် လုပ်ငန်းခွင်
နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်သည်။

အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကြေငြာခဲ့ခြင်းဖြစ်သည်။ " ဘတ်ဂျက်အလုံအလောက်မရှိလည်း နိုင်ငံခြားရင်းနှီး
မြှုပ်နှံသူတွေ၊ ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေဆီကနေပြီး ကူညီထောက်ပံ့ငွေ လက်ခံပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက မနေ့ကပြောကြားခဲ့ပါတယ်။ ဒီလိုကူညီပေးဖို့ သူ
တို့သဘောတူတယ်ဆိုရင် ကျွန်တော်တို့ စတင်ဆောင်ရွက်လို့ရပါပြီ " ဟု ဝန်ကြီးကပြောကြားခဲ့သည်။

နေပြည်တော်တွင် တနင်္လာနေ့၌ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးသည့်အချိန်တွင် ထင်
ရှားသော စီးပွားရေးဦးဆောင်သူတစ်ဦးဖြစ်သူ City Mart Holdings Ltd ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်က အလုပ်လုပ်သူမိဘများအတွက် နေ့ကလေးထိန်းကျောင်းများဖွင့်ပေး
ရန်အကြံပြုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဝင်းမြတ်အေးမှ ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအတွက် ကလေးစောင့်ရှောက်မှုသင်တန်းနှင့်အစီအစဉ်များကို ပံ့ပိုးပေးနိုင်ကြောင်း
ပြောကြားခဲ့သည်။

“တကယ်လို့သူတို့က လုပ်ငန်းခွင် နေ့ကလေးထိန်းကျောင်းဖွင့်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကူအညီတွေကို ကျွန်တော်တို့ပံ့ပိုးပေးနိုင်ပါတယ်။ ကျွန်တော်
တို့ပူးပေါင်းလုပ်ဆောင်ကြမှာပါ” ဟု ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ အရာရှိတစ်ဦးဖြစ်သူ ဒေါက်တာအောင်သူရိန်က ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ရှိ ဝန်ကြီးဌာန
များတွင် အသက် ၃ နှစ်အောက်ကလေးများအတွက် အလုပ်ခွင် နေ့ကလေးထိန်းကျောင်းဖွင့်လှစ်ရာတွင် အကူအညီများပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ ကျွန်တော်တို့ဝန်ကြီးဌာနက အလုပ်ခွင်နေ့ကလေးထိန်းကျောင်းကို စတင်ဆောင်ရွက်နေပါပြီ။ ကလေးတွေကို တရားဝင်လက်မှတ်ရ သူနာပြုတွေနဲ့ ဆရာ၊ဆရာမတွေက
စောင့်ရှောက်ပေးတာပါ။ အခြားဝန်ကြီးဌာနတွေအနေနဲ့ ဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးမှာပါ” ဟု ဒေါက်တာ အောင်သူ
ရိန်က ပြောခဲ့သည်။

အစိုးရမှလည်း လူမှုဘဝဘေးကင်းလုံခြုံရေးစီမံချက်၏ တစိတ်တပိုင်းနေအဖြင့် ချင်း၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများတွင် အသက် ၂ နှစ်အောက်က
လေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်သည်များအတွက် တနေ့လျှင် ၅၀၀ ကျပ် ထောက်ပံ့ပေးနေသည်။