ရာဘာစျေးများ ပြန်လည်တက်လာသောကြောင်း ထုန်ကုန်များ ပြန်လည်ထုတ်လုပ်ရန် စတင်

...

ရာဘာစျေးများ ပြန်လည်တက်လာသောကြောင်း ထုန်ကုန်များ ပြန်လည်ထုတ်လုပ်ရန် စတင်

Myanmar Times, 04 Jan 2017

URL: http://www.mmtimes.com/index.php/business/24404-rubber-price-rebound-prompts-some-farmers-to-restart-production.html
လပေါင်းများစွာ ရာဘာစျေးကျဆင်းမှုကြောင့် အခက်အခဲများစွာကြုံတွေ့ရသည့် မြန်မာ့ရာဘာလယ်သမားများနှင့် ရာဘာထုတ်လုပ်
သူများသည် ယမန်နှစ်တွင် ကမ္ဘာ့စျေးကွက်၌ ရာဘာစျေးပြန်လည်တက်လာသောကြောင့် ပျော်ရွှင်နေကြသည်။

ပြည်တွင်းမှတောင်းဆိုမှု နည်းနေသေးသည့် မြန်မာ့ရာဘာလုပ်ငန်းသည် ကမ္ဘာ့စျေးကွက်တွင် သက်ညှာစွာရှိခဲ့သည်၊ ၂၀၁၅ ခုနှစ်တွင်
စျေးနှုန်းကျဆင်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံ၏ရာဘာထုတ်လုပ်သူ အများအပြားသည် ထုတ်လုပ်မှုများကို ပိတ်သိမ်းခဲ့သည်။

သို့သော်လည်း ကမ္ဘာ့စျေးကွက်သည် ယမန်နှစ်တွင် ပြန်လည်ဦးမော့လာခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် RSS ၃ တစ်တန် သို့မ
ဟုတ် မီးခိုးတိုက်ထားသည့် ၃ ပြားလျှင် ဒေါ်လာ ၁၂၆၀ဖြင့် ဘန်ကောက်ကုန်ပစ္စည်းအရောင်းအဝယ်တွင် စျေးရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်
ကုန်ပိုင်းတွင် စျေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၂၂၃၀ထိတက်လာခဲ့သည်။

ကမ္ဘာ့စျေးနှုန်းသည် ၂၀၁၅ခုနှစ် ၊ အောက်တိုဘာလကတည်းကပင် နှစ်ဆရှိခဲ့သည်၊အဘယ့်ကြောင့်ဆိုသော် အရှေ့တောင်အာရှနိုင်ငံများ
အတွင်းတွင် ထုတ်လုပ်မှုကျဆင်းနေသောကြောင့်နှင့် မိုးသည်းထန်စွာရွာသွန်းသောကြောင့် ရာဘာပင်မှ ရာဘာစေးများ ခြစ်ယူရန် ခက်
ခဲသောကြောင့်ဖြစ်ပြီး တရုတ်နှင့် ဂျပန်နိုင်ငံ၌ မော်တော်ယာဉ်များ ထုတ်လုပ်မှု တိုးလာသောကြောင့်ဖြစ်သည်ဟု မြန်မာ့ရာဘာစိုက်ပျိုး
ရေးနှင့် ထုတ်လုပ်ရေးအသင်း(MRPPA)မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခိုင်မြင့်က ပြောခဲ့သည်။

မြန်မာ့ရာဘာ ပြည်တွင်းစျေးသည် ၂၀၁၆၊ အောက်တိုဘာလတွင် တစ်ပေါင်လျှင် ၅၀၀ကျပ်ဝန်းကျင်ရှိသော်လည်း ယခုအခါ တစ်ထောင်
ကျပ်ရရှိနေပြီဖြစ်သည် ဟု သူကပြောပြခဲ့သည်။ ယင်းသည် တစ်တန်လျှင် ဒေါ်လာ ၁၆၉၂ ဝန်းကျင်နှင့်ညီမျှသည်၊ မြန်မာ့ရာဘာ တင်ပို့
မှုစျေးမှာ ဒေါ်လာ ၁၈၅၀ဝန်းကျင်ရှိကြောင်း ဦးခိုင်မြင့်က ဆိုသည်။

မြန်မာ့ရာဘာသည် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ မထုတ်လုပ်နိုင်သောကြောင့် မျိုးစေ့အရည်အသွေး၊ စိုက်ပျိုးနည်းစနစ်နှင့် ခေတ်မီ
ထုတ်လုပ်မှုစသည်တို့နှင့် ပတ်သတ်၍ ဖြေရှင်းနိုင်ရန်ကြိုးပမ်းနေရသောကြောင့် နိုင်ငံတကာစျေးကွက်တွင် စျေးလျော့ရောင်းနေရသည်

၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ရာဘာ ၈၈,၀၀၀တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်မှာ တရုတ်
သို့ တင်ပို့ခြင်းဖြစ်သည်ဟု MRPPA မှ ထုတ်ပြန်ကြေငြာသည့် အချက်အလက်များအရသိရှိရသည်။သို့သော်လည်းဂျပန်ကုမ္ပဏီများသည်
သွင်းကုန်တင်သွင်းရန်အတွက် ၎င်းတို့နိုင်ငံတွင် မြန်မာ့ရာဘာအား အရည်အသွေးတိုးတက်မှုရှိစေဖို့ စိုက်ပျိုးရန်စိတ်အားထက်သန်နေကြ
သည်။

ယခုဘဏ္ဍာနှစ်အတွက် ပြည်ပပို့ကုန်စာရင်း မရှိသေးပေ၊ သို့သော်လည်း စိမ်းလန်းပျော်ဆုံး ရာဘာထုတ်လုပ်ရေးမှ ပိုင်ရှင်ဖြစ်သူ ဦးကျော်စွာ
က ဂျပန်နှင့် တရုတ်တို့မှ ထက်သန်စွာတောင်းဆိုခြင်းဖြင့် မြန်မာ့ရာဘာ တင်ပို့မှုစျေး မြင့်တက်လာစေရန် ကူညီနိုင်မည်ဟုယုံကြည်ကြောင်း
ပြောခဲ့သည်။