လူသားချင်း စာနာမှု သူရဲကောင်းဆု ဒေါက်တာစင်သီယာမောင် ရရှိ

...

လူသားချင်း စာနာမှု သူရဲကောင်းဆု ဒေါက်တာစင်သီယာမောင် ရရှိ

The Irrawaddy, 17 Nov 2016

URL: http://www.irrawaddy.com/news/burma/burma-refugee-doctor-wins-humanitarian-prize-for-clinic-in-thailand.html
၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် ဒီမိုကရေစီ ဆန္ဒပြမှုများနှင့်ပတ်သတ်ပြီး မြန်မာအစိုးရ၏ ခြေမှုန်းမှုကြောင့် ဆင်းရဲဒုက္ခများဖြင့်
အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသည့် ဒုက္ခသည်များကို ဒေါက်တာစင်သီယာမောင်မှ တွေ့မြင်ရသောအခါ ထိုအ
ဖြစ်အပျက်များနှင့်ပတ်သတ်ပြီး သူမတစ်ခုခုလုပ်မှဖြစ်တော့မည်ဟု နားလည်လိုက်သည်။

လူသိများသည့် ဒေါက်တာစင်သီယာမောင်သည် နယ်စပ်မဲဆောက်မြို့၌ သူမဆေးခန်းဖွင့်လှစ်ရာတွင် အကူအညီရရှိရန်အ
တွက် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ အခြားသော ဆေးပညာကျွမ်းကျင် အတတ်ပညာရှင်များ
ကို စုစည်းရန် ဆုံးဖြတ်ခဲ့သည်။

၁၉၉၈ခုနှစ်တွင် ကုတင် ၄ လုံးထဲဖြင့် စတင်ခဲ့သည့် ဆေးခန်းသည် ယခုအခါ လူမမာများအား ကျန်းမာရေးဝန်ဆောင်မှု၊
ခွဲစိတ်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု ၊ သွားဘက်ဆိုင်ရာကျန်းမာရေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် HIVတားဆီးကာ
ကွယ်ခြင်းစသည့်ဖြင့် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်သည်အထိ တိုးတက်နေပြီဖြစ်သည်။

တစ်နှစ်လျှင်လူနာ ၇ သောင်း ငါးထောင်ကျော် ကုသပေးနေသည်။

“နှစ်စဉ်နှစ်တိုင်း ဆေးခန်းကို လာရောက်တဲ့ လူနာအရေအတွက်က တိုးလာပါတယ် ” ဟုသူမ၏ လူသားချင်းစာနာထောက်
ထားသည့် အလုပ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ပေးအပ်သော နိုင်ငံတကာဆုကိုလက်ခံရရှိခဲ့သည့်ဒေါက်
တာစင်သီယာမောင်ကပြောပြခဲ့သည်။

" ကျွန်မတို့က ကျန်းမာရေးလုပ်သားတွေကို လေ့ကျင့်ပေးပြီး ဆေးဝါးကုသမှု အနီးကပ်လိုအပ်တဲ့ လူနာတွေအတွက် သူတို့ရဲ့
အသိုင်းအဝိုင်းအထိ ပြင်ပဝန်ဆောင်မှုတွေပေးပါတယ် " ဟု သူမက Thomson Reuters Foundation ကိုပြောပြခဲ့သည်။

“ကျွန်မတို့ ရင်ဆိုင်ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုကတော့ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်မရေရောမှုတွေနဲ့
ပတ်သတ်ပြီး သူတို့ရဲ့ စိတ်ပူပန်သောကတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးလာကြပြီးနောက် ရရှိလာတဲ့ စိတ်ဒဏ်ရာတွေကို ကိုင်
တွယ်ဖြေရှင်းရတာကိုပါပဲ” ဟု ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းဖြစ်သည့် AidEx
အဖွဲ့၏ လူသားချင်းစာနာထောက်ထားမှု သူရဲကောင်းဆုကို လက်ခံမရယူမီ သူမကပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ကျွန်မတို့ရဲ့ ကာကွယ်စောင့်ရှောက်မှု ၊ ဆေးကုသပေးမှုနဲ့ ပံ့ပိုးပေးမှုတွေကို
လိုအပ်နေသမျှ ကာလပတ်လုံး ကျွန်မတို့ ရှိနေအုံးမှာပါ ။ ဆက်လက်ပြီး လုပ်ရမယ့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက်သွားမှာပါ ”
ဟုဒေါက်တာစင်သီယာမောင်က ပြောခဲ့သည်။