ရပ်ဆိုင်းထားသောထားဝယ်စက်မှုဇုန်စီမံကိန်းလုပ်ငန်းများပြန်စမည်

...

ရပ်ဆိုင်းထားသောထားဝယ်စက်မှုဇုန်စီမံကိန်းလုပ်ငန်းများပြန်စမည်

Mizzima News, 19 Aug 2014

URL: http://www.mizzima.com/business/dawei/item/12194-closed-tenders-sought-in-bid-to-restart-dawei-sez-says-official
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီသည်ကုမ္ပဏီနှစ်ခုကိုတင်ဒါခေါ်ယူထားပြီးအခက်အခဲဖြစ်နေသောစီမံကိန်းကိုပြန်လည်စတင်ရန်ရည်ရွယ်ကြောင်းသြဂုတ်လ(၁၈)ရက်နေ့
တွင်မိစ္ဇျိမသို့ပြောကြားခဲ့သည်။

ထားဝယ်စီးပွားရေးဇုန်တွင်လုပ်ရမည့်စီမံကိန်း(၇)မျိုးအတွက်အီတာလျှံထိုင်းအများပိုင်ကုမ္ပဏီလီမိတက်နှင့်ဂျပန်ကုမ္ပဏီတို့ကိုရွေးချယ်ကာတင်ဒါခေါ်ယူပြီးအောက်တိုဘာတွင်စတင်မည်ဖြစ်
ပြီးပြုလုပ်မည့်နေရာတွင်လုပ်ငန်းကိုစတင်လုပ်ဆောင်ရန်ကျပ်သန်းပေါင်း(၇)ထောင်ကျော်(၇.၇၈၉)သန်းကုန်ကျမည်ဟုမျှော်မှန်းထားသည်။

ကုမ္ပဏီနှစ်ခုမှပူးတွဲအဆိုပြုချက်များကိုလည်းစီမံခန့်ခွဲရေးကော်မတီမှကြိုဆိုကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဖြစ်သူဦးဟန်စိန်မှပြောကြားခဲ့သည်။

ကနဦးအကောင်အထည်ဖော်စီမံကိန်းတွင်နှစ်လမ်းသွားကားလမ်း၊ဆိပ်ကမ်းငယ်၊ကနဦးစက်မှုဇုန်၊လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊လူနေအဆောက်အအုံနှင့်မြို့ပြစီမံကိန်း၊ရေပေးဝေရေးနှင့်ဆက်
သွယ်ရေးလိုင်းစသည်ဖြင့်စီမံကိန်းများပါဝင်သည်။

မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံတို့သည်၂၀၀၈ခုနှစ်မေလတွင်စီမံကိန်းကိုစတင်ဆောင်ရွက်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်းဘဏ္ဍာရေးပိုင်းဆိုင်ရာများအပါအဝင်အခက်အခဲများစွာတို့
ကြောင့်နှောင့်နှေးခဲ့ရသည်။