လိုင်ဇာထိပ်သီးအစည်းအဝေးပြီးဆုံး

...

လိုင်ဇာထိပ်သီးအစည်းအဝေးပြီးဆုံး

Irrawaddy News, 30 Jul 2014

URL: http://www.irrawaddy.org/burma/ethnic-ceasefire-team-concludes-laiza-summit.html
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၁၆ဖွဲ့ကထိပ်သီးခေါင်းဆောင်တွေ၏လိုင်ဇာမြို့၌ကျင်းပသောအစည်းအဝေးသည်ဒီကနေ့တွင်ပြီးဆုံး
သွားပြီဖြစ်ပြီးအပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေးနေချိန်မှာပဲနိုင်ငံရေးအတွက်မူဘောင်ချမှတ်တာတွေကိုတပြိုင်နက်တည်းဆောင်ရွက်ဖို့ဆုံးဖြစ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရန်အတွက်အခြေခံမူ(၁၀)ချက်ချမှတ်ထားသည်ဟုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့NCCTခေါင်းဆောင်မှ​ပြော​
ခဲ့သည်။

ဇူလိုင်လ(၂၅)ရက်နေ့တွင်စတင်ခဲ့သည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ထိပ်သီးခေါင်းဆောင်ပိုင်းဆွေးနွေးပွဲသည်ဒီကနေ့ည​
နေမှာပြီးဆုံးသွားပြီဖြစ်သည်။

ဆွေးနွေးပွဲများတွင်အပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေးနေချိန်မှာပဲနိုင်ငံရေးဆွေးနွေးပွဲများအတွက်မူဘောင်ချမှတ်တာတွေကိုတပြိုင်နက်တည်းဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြောင်းNCCT၏
ဒုတိယအဖွဲ့ခေါင်းဆောင်ပဒိုကွယ်ထူးဝင်းကပြောခဲ့သည်။

“ညှိနှိုင်းရခက်မယ့်အနေအထားကတော့ကျွန်တော်တို့ဒီအစည်းအဝေးကနေချလာတဲ့မူအပေါ်တော်တော်များများကတော့ကျွန်တော်တို့ကျော်လွှားသွားနိုင်ပါတယ်။တပြည်လုံးအပစ်အခတ်ရပ်စဲ
ရေးဆွေးနွေးမယ်။တချိန်တည်းမှာပဲနိုင်ငံရေးဆွေးနွေးမှုမူဘောင်ကိုကျွန်တော်တို့ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ကိစ္စပါ။ပြင်ဆင်မှုကတော့အကုန်လုံးလုပ်ရမှာပါပဲ။”

“တဆက်တည်းမှာပဲဒီဆုံးဖြတ်ချက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်အခြေခံမူ(၁၀)ချက်ကိုလည်းကျွန်တော်တို့ချမှတ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်ချနိုင်မယ့်အခြေခံမူလိုတချို့ကိစ္စတွေမှာNCCTကိုလွှဲပြီးတာဝန်ပေးတာတို့၊ရေးသားတဲ့နေရာမှာတကယ်ပြင်ရမယ့်စာအရေးအသားတို့၊ပညာရပ်ပိုင်းတို့ပေါ့လေ။ဒါကNCCTကိုတာ
ဝန်ပေးလိုက်တာ၊အာဏာပေးလိုက်တဲ့သဘောပေါ့။နောက်ပြီးတော့တချို့တိုင်းရင်းသားတွေတကယ်လက်မှတ်ထိုးမယ်ဆိုရင်ပါဝင်ရမယ့်အဖွဲ့အစည်းတွေဘယ်လိုလဲဆိုတာသတ်မှတ်တာတွေပေါ့
နော်။”

မနက်ဖြန်တွင်NCCTမှာမပါဝင်သည့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊မြန်မာတနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတို့နှင့်တွေ့ဆုံပြီးတပြည်လုံးအပစ်အခတ်ရပ်စဲ
ရေးမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးပါဝင်ရေးအတွက်ဆွေးနွေးဖို့ရှိသည်။ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့်မုန်းလားအဖွဲ့တွေကတော့တက်ရောက်နိုင်ခြင်းမရှိပေ။ဒီဆွေး
နွေးပွဲပြီးသည့်နောက်တွင်မြန်မာငြိမ်းချမ်းရေးစင်တာနှင့်ကိုယ်စားလှယ်များသည်မြစ်ကြီးနားမြို့မှာထပ်မံတွေ့ဆုံပြီးအစိုးရကိုယ်စားလှယ်တွေနှင့်ဆွေးနွေးဖို့အတွက်ညှိနှိုင်းကြမှာဖြစ်သည်။