မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ကရင်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီဖွဲ့စည်း

...

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ကရင်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီဖွဲ့စည်း

Democratic Voice of Burma, 11 Jul 2014

URL: http://www.dvb.no/dvb-video/karen-rebels-form-anti-narcotics-task-force-burma-myanmar/42220
ကရင်လက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့မှခေါင်းဆောင်များသည်မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းတွင်မူးယစ်ဆေးဝါးအသုံးပြုခြင်းနှင့်ထုတ်လုပ်ခြင်းကိုတိုက်ဖျက်ရန်အတွက်ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(KPF)နှင့်နယ်ခြားစောင့်တပ်(BGF)တို့သည်ဇူလိုင်လ(၈)ရက်နေ့၌မြဝတီရှိရွှေကု
က္ကို မြိုင်မြို့ နယ်BGFဌာနချုပ်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့မှမူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးတွဲကော်မတီကိုဖွဲ့စည်းခဲ့ပြီးဇူလိုင်လ(၁၅)ရက်နေ့တွင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်ကိုစတင်ရန်ရည်ရွယ်သည်။

KNUကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှတပ်မှူးဗိုလ်မှူးစောဖောဒို့ကလူငယ်လူရွယ်များအတွင်းမူးယစ်ဆေးဝါးသုံးစွဲပျံ့နှံ့မှုနှင့်ပက်သက်၍စိုးရိမ်ပူပန်နေကြသည့်ပြည်နယ်တွင်း
ရှိပြည်သူများ၏တောင်းဆိုမှုကြောင့်ကော်မတီကိုဖွဲ့စည်းခဲ့ဖြစ်သည်ဟုပြောကြားခဲ့သည်။

“ဒီအစည်းအဝေးပြီးတဲ့နောက်ပိုင်းကျွန်တော်တို့စတင်အကောင်အထည်ဖော်ဆောင်ရွက်ပါမယ်၊ပြီးတော့မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကိုင်နေတဲ့သူတွေကိုသူတို့လုပ်နေတာတွေချက်ချင်းရပ်
လိုက်ဖို့ကျွန်တော်တို့အကြံပေးချင်ပါတယ်”ဟု၎င်းမှပြောကြားခဲ့သည်။

လက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့မှတဖွဲ့လျှင်ကိုယ်စားလှယ်သုံးဦးစီဝင်ရောက်ပါဝင်ဆောင်ရွက်ပေးမည်ဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်နှင့်တွဲဖက်၍၎င်းတို့သည်မူးယစ်ဆေးဝါးပြစ်မှုဖြင့်စွဲဆိုထားသောသူများကိုအကျဉ်းချရန်အတွက်ခေတ္တထိမ်းသိမ်းရာစခန်းနှစ်ခုကိုရွှေကုက္ကိုမြိုင်တွင်​စခန်း
တစ်ခုနှင့်ဘားအံခရိုင်တွင်စခန်းတစ်ခုတည်ဆောက်မည်ဖြစ်သည်ဟုကော်မတီမှပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၏သက်ရောက်မှုသည်ကရင်ပြည်နယ်ကိုဆယ်စုနှစ်များစွာဒုက္ခပေးခဲ့ပြီးဆက်လက်တိုးပွားလာစေရန်အတွက်ထိုင်းနိုင်ငံနှင့်ရောင်းဝယ်ဖောက်ကားမှုအထွေထွေလုပ်
ကိုင်နေကြသောကြောင့်မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန်အတွက်အခွင့်အလမ်းများသည်၎င်းနှင့်အတူမြင့်တက်လာသည်။အထူးသဖြင့်ကရင်ပြည်နယ်နှင့်ထိုင်းနိုင်ငံအတွင်းရှိနယ်စပ်ဖြတ်ကျော်
ရာနေရာများသည်ဘိန်းဖြူအစားထိုးထုတ်လုပ်သည့်မက်သတ်ဖက်တမင်းဆေးပြားများနိုင်ငံတကာရောင်းဝယ်ဖောက်ကားမှုအတွက်အဓိကကျသောဝင်ပေါက်ထွက်ပေါက်လမ်းဖြစ်ပြီးပြည်တွင်းရှိ
မြို့ များတွင်လည်း၎င်းတို့၏ကိုယ်ပိုင်လမ်းကြောင်းများဖြင့်လုပ်ကိုင်ကြသည်။

ကရင်ပြည်နယ်အမျိုးသားဒီမိုကရေစီသဘာပတိနန်းခင်ထွေးမြင့်မှမြန်မာပြည်အရှေ့ဘက်ခြမ်း၌မြို့နယ်(၇)မြို့နယ်တွင်(၆)မြို့နယ်သည်မူးယစ်ဆေးဝါးပြဿနာများမြင့်တက်လာသောကြောင့်လူထု
ဆီမှတိုင်ကြားစာများကိုပါတီမှလက်ခံရရှိထားသည်ဟုပြောခဲ့သည်။

“ကျွန်မတို့ကရင်ပြည်နယ်မှာရှိတဲ့မြို့ နယ်တိုင်းကမူးယစ်ဆေးဝါးပြဿနာများနဲ့ပက်သက်တဲ့တိုင်ကြားစာအများဆုံးကိုလူထုအဖွဲ့များထံကကျွန်မတို့လက်ခံရရှိထားပါတယ်။ဒေသထဲမှာရှိတဲ့မြို့ နယ် ခုနစ်ခုကခြောက်ခုမှာကျောင်းသားလူငယ်တွေဟာမူးယစ်ဆေးဝါးဆိုးဆိုးဝါးဝါးစွဲနေခိုက်မှာပဲမြဝတီမှာမူးယစ်ဆေးဝါးထုပ်လုပ်ရောင်းဝယ်ဖောက်ကားမှုတွေရှိနေတာကျွန်မတို့သိခဲ့ပါတယ်”ဟုသူမ
မှ​ပြောခဲ့သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ပြောကြားချက်အရမက်သတ်ဖက်တမင်း(သို့မဟုတ်)ရာဘဆေးပြားများကိုကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ပြီးထိုဆေးပြားများကိုကျေးရွာများရှိစျေးဆိုင်ငယ်လေးများတွင်
ပေါ်တင်ရောင်းချနေကြကြောင်းသိရသည်။