“အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်း ဖြေလျော့မှု စမ်းသပ်စီမံကိန်း စတင်

...

“အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်း ဖြေလျော့မှု စမ်းသပ်စီမံကိန်း စတင်

Myanmar Times, 29 May 2019

URL: https://www.mmtimes.com/news/govt-launches-new-payment-system-injured-workers.html
အလုပ်သမားဝန်ကြီးဌာနသည် မှတ်ပုံတင်စာရင်းသွင်းထားသည့်လုပ်သားများနှင့်အလုပ်ရှင်များ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုရရှိစေရန်အတွက် လူမှုလုံခြုံရေးငွေပေးချေမှုစနစ်ကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

စနစ်သစ်ကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် မန္တလေးတိုင်းရှိ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် စမ်းသပ်လုပ်ဆောင်နေပြီဖြစ်သည်၊ ထိုနေရာများသည် စက်ရုံအလုပ်ရုံများ အများဆုံးတည်ရှိရာနေရာများဖြစ် သည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းနှင့်အစိုးရမဟုတ်သည့်အဖွဲ့အစည်းဖြစ်သည့် Vision Zero Funds (VSF) အဖွဲ့တို့သည် စမ်းသပ်စီမံကိန်းအတွက် ကူညီပံ့ပိုးမှုများ ပေးနေသည်။

ဝန်ကြီးဌာနသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကပင် စမ်းသပ်စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။

စနစ်သစ်အောက်၌ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိသောအလုပ်သမားစာရင်းသွင်းထားသူများသည် အနီးဆုံးဆေးရုံဆေးပေးခန်းများတွင် သွားရောက်ကုသနိုင်သည်။

ဒီစမ်းသပ်စီမံကိန်းကို ၆ လ စမ်းသပ်မှာပါ။ အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်တို့ဒီစနစ်သစ်ကို အခြားမြို့နယ်တွေမှာပါ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။