ဒီဗွီဘီသတင်းဌာန နှင့် မိဇ္စျိမသတင်းဌာနအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အခမဲ့ရုပ်သံလွှင့်ခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ချထားပေး

...

ဒီဗွီဘီသတင်းဌာန နှင့် မိဇ္စျိမသတင်းဌာနအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အခမဲ့ရုပ်သံလွှင့်ခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ချထားပေး

The Irrawaddy, 12 Apr 2017

URL: https://www.irrawaddy.com/news/former-exiled-news-outlets-granted-licenses-for-state-media-channel.html
ဒီဗွီဘီသတင်းဌာန နှင့် မိဇ္စျိမသတင်းဌာန အပါအဝင် ကုမ္ပဏီ ၅ ခုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ခွင့် ချပေးလိုက်ပြီဖြစ်သည်။

အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းလွှင့်ခွင့်ရမယ့် ကုမ္ပဏီ ၅ ခု စာရင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက ဧပြီလ ၁၁ ရက်နေ့ ညက ထုတ်ပြန်ကြေငြာသွားရာမှာ မိဇ္စျိမမီဒီယာ ၊ Young Investment Group ကုမ္ပဏီ ၊
ကောင်းမြန်မာအောင်ကုမ္ပဏီ ၊ Fortune International ကုမ္ပဏီနှင့် DVB Multimedia Group ကုမ္ပဏီ တို့ ရွေးချယ်ခံရသည်။

ပဏာမ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီ ၁၀ ခုရဲ့ ပွင့်လင်းမြင်သာရှိမှု ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာခိုင်မာမှု ၊ ဥပဒေဆိုင်ရာ နောက်ခံအကြောင်းအရာနဲ့ မူဝါဒလမ်းညွှန်မှုတွေ လိုက်နာဆောင်ရွက်နိုင်မှု အခြေအနေတွေကို
အဆင့်ဆင့် စိစစ်ပြီးမှ ခုလို နောက်ဆုံး ၅ ခုကို ရွေးချယ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုလို အခမဲ့ရုပ်သံလွှင့်ခွင့်ရသွားသည့်အတွက် ဒီဗွီဘီရုပ်မြင်သံကြားအစီအစဉ်တွေကို လက်ရှိဂြိုဟ်တုစလောင်းကနေ ဖမ်းယူကြည့်ရှု့နေရာက ဒစ်ဂျစ်တယ်ရုပ်မြင်သံကြားစက်တွေကနေ နိုင်ငံတဝှမ်းမှာ ဖမ်းယူကြည့်ရှု့
နိုင်တော့မည်ဟု ဒီဗွီဘီသတင်းဌာန၏ မာလ်တီမီဒီယာအယ်ဒီတာ ဦးခင်မောင်စိုးရ ပြောသည်။

“MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဆိုတာ အစိုးရပိုင်တဲ့သတင်းဌာန ၊ အဲဒီသတင်းဌာနကနေပြီးတော့ သူတို့ဆီမှာ လစ်လပ်နေတဲ့ချန်နယ် ၅ ခုကို ပုဂ္ဂလိကပိုင်ပေးလိုက်တဲ့အတွက် အဲဒီ ပုဂ္ဂလိကပိုင် မီဒီယာတွေကနေ
ပြီးတော့ ဖျော်ဖြေရေးတို့ ၊ ပညာပေးရေးတို့ သတင်းတို့ ထုတ်လွှင့်ခွင့်ရမယ်။ အဲလို ထုတ်လွှင့်တဲ့ဟာကို MRTV ဖမ်းယူနိုင်တဲ့ တယ်လီဗေးရှင်းတိုင်းမှာ အခမဲ့ ဖမ်းယူနိုင်မှာဖြစ်တယ်။ ဒီဗွီဘီဟာ အရင်တုန်းကဆိုရင် စလောင်း
တပ်ပြီမှ ထိုင်းနိုင်ငံထုတ်တဲ့ IPM တို့၊ PSI တို့လို စလောင်းတွေ တပ်ပြီးတော့မှ ကြည့်ရှုလို့ ရရာကနေပြီးတော့ အခုဆိုရင် MRTV စက်မှာပဲ ဖမ်းယူလို့ရသွားမယ်။ အစိုးရက လုပ်နေတာတော့ အရင်တုန်းက Analog စက်တွေ
ကိုလည်းပဲ Digital Tuner စက်တွေ ဝေထားတာရှိတယ်။ ရောင်းတဲ့ နေရာတွေလည်းရှိတယ်။ အဲဒီစက်ကလေးတွေ တပ်ပြီးတော့ အရင်စက်ဟောင်းကြီးတွေနဲ့လည်း ကြည့်လို့ရမှာပါ။ အဲဒီတော့ အများပြည်သူကနေပြီးတော့
အလွယ်တကူနဲ့ ဒီဗွီဘီကို ဖမ်းယူရရှိမယ့် အနေအထားပါ။ ”

လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီတွေအနေနဲ့ သဘောတူခွင့်ပြုချက်လက်မှတ်ရေးထိုးပြီး ၆ လလောက်အတွင်းမှာ ရုပ်သံအစီအ စဉ်တွေ ထုတ်လွှင့်ဖို့ ပြင်ဆင်ရမှာဖြစ်ပြီး တနှစ်အတွင်း စတင်ထုတ်လွှင့်ရမှာ ဖြစ်ပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ Multi- Channel Playout စနစ်မှာ Digital Free-to-Air ချန်နယ် ၅ ခုအတွက် Content Provider အဖြစ် လုပ်ကိုင်လိုသူတွေကို ဖိတ်ခေါ်ခဲ့ရာမှာ ပထမအဆင့် အောင်မြင်တဲ့ ကုမ္ပဏီနဲ့ အဖွဲ့
အစည်း ၄၂ ခု ၊ ဒုတိယအဆင့်မှာ ၂၉ ခု ၊ တတိယအဆင့်မှာ ၁၀ ခုနဲ့ နောက်ဆုံးအဆင့်မှာ ၅ ခုကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ရွေးချယ်မှုအဆင့်ဆင့်ကို အကြံပေးကုမ္ပဏီဖြစ်သည့် Tun Group Asia ကုမ္ပဏီက စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။