မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဆက်ဆံရေး ပိုမိုကောင်းမွန်လာ ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

...

မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဆက်ဆံရေး ပိုမိုကောင်းမွန်လာ ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

Myanmar Times, 07 Apr 2017

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/25616-myanmar-s-international-relations-better-says-foreign-affairs-ministry-official.html
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဦးဆောင်သည့်အစိုးရ အာဏာရလာသည့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးတက်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းရေးမှူးဖြစ်သူ
ဦးကျော်ဇေယျက ယမန်နေ့က ပြောခဲ့သည်။

“ကျွန်တော်တို့ လုပ်ဆောင်မှုတွေ ကျွန်တော်တို့ ပြန်လည်သုံးသပ်ပြီးတဲ့အခါ ဘယ်နေရာတွေမှာ အောင်မြင်မှုရရှိတယ်ဆိုတာကို ကျွန်တော်တို့ အဓိကဦးတည်ထား သုံးသပ်ပါတယ်။ မအောင်မြင်တဲ့လုပ်ဆောင်မှုတွေ
ကို အကဲဖြတ်ဖို့ ခက်ခဲပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဝန်ကြီးဌာန၏ အကြီးမားဆုံးအောင်မြင်မှုမှာ ယမန်နှစ်တွင် ကျင်းပသည့် ယူအဲန်အထွေထွေညီလာခံ တတိယအကြိမ်မြောက်ကော်မတီအစည်းအဝေးတွင် ဥရောပသမဂ္ဂမှ တင်သွင်းလာသည့် မြန်မာနိုင်ငံအပေါ်ဆုံး
ဖြတ်ချက်ကို မဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောခဲ့သည်။

၁၉၉၁ခုနှစ် နောက်ပိုင်းတွင် ကျင်းပသည့် ယူအဲန်ညီလာခံတိုင်း၌ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သတ်သည့်ကိစ္စရပ်များကို ဖြေရှင်းပေးရန် ဥပရောပသမဂ္ဂမှ အမြဲအာရုံစိုက်တိုက်တွန်းနေသည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်း တိုးတက်မှုကို အသိအမှတ်ပြုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ပြန်လည်လုပ်ဆောင်ခြင်းနှင့် အစိုးရသစ်၏ လူ့အခွင့်အရေးလုပ်ဆောင်မှုတွင် တိုး
တက်ရန် အပြုသဘောဆောင်သည့်ခြေလှမ်းများရှိလာခြင်း စသည်တို့ပါရှိကြောင်း EU ကိုယ်စားလှယ်ကပြောသည်။

“ ဒါဟာ အောင်မြင်မှု အကြီးအကျယ်ပါပဲ ” ဟု ဦးကျော်ဇေယျကဆိုသည်။ “ဘယ်အရာတွေက အောင်မြင်မှုမရတာလဲဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့အလုပ်က ဆက်
ဆံရေးကောင်းဖို့ တိုးမြှင့်လုပ်ဆောင်နေလို့ပါပဲ။” “ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံခြားတိုင်းပြည်တွေက ကူညီပံ့ပိုးပေးနေပါတယ်။ တချို့နိုင်ငံတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ အခြေ
အနေတွေကို ပိုမိုအာရုံစိုက်ချင်ကြပါတယ်။ ကျွန်တော်တို့ သူတို့နဲ့အတူဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ။”

ဦးကျော်ဇေယျမှ ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံတွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေး၊ ၎င်းတို့မွေးရပ်မြို့များသို့ ဆန္ဒအလျောက်နေရပ်ပြန်ရာတွင် သယ်ယူပို့ဆောင်ရေး၊ စင်ကာ
ပူနိုင်ငံရှိ မြန်မာအိမ်အကူများကို အကာအကွယ်ပေးခြင်း၊ နိုင်ငံခြားတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူခြင်း၊ မြန်မာနိုင်ငံသားများကို နာမည်ပျက်စာရင်းမှ ဖယ်ထုတ်ပေးခြင်းနှင့် အလည်
အပတ်ဗီဇာသက်တမ်း တိုးပေးခြင်းစသည်ဖြင့် နိုင်ငံခြားတိုင်းပြည်များတွင်ရှိသည့် မြန်မာနိုင်ငံသားများ၏အရေးကိုလည်း စိတ်ဝင်တစားလုပ်ဆောင်နေကြောင်းပြောခဲ့သည်။.

အစိုးရသစ်၏ပထမဆုံးနှစ်အတွင်း MOFA မှရင်ဆိုင်ရသည့် စိန်ခေါ်မှုများမှာ ရခိုင်ဒေသအကြမ်းဖက်မှုများအပေါ် အနိုင်ငံတကာမှ ဖိအားပေးခြင်း၊ ဝန်ထမ်းများအတွင်း လုပ်နိုင်မှုစွမ်းရည်မြှင့်တင်ခြင်း၊ ဝန်ထမ်းအ
သစ်များခန့်အပ်ခြင်း ၊ ဝန်ကြီးဌာနတွင် ဝန်ထမ်းအင်အားကန့်သတ်မှုရှိသောကြောင့် အာဆီယမ် ၊ အာရှ ၊ ဥရောပနှင့် အမေရိကန်နိုင်ငံ စသည်တို့မှ အရာရှိများအလည်အပတ်လာရောက်မှုကို အောင်အောင်မြင်မြင်
လုပ်ဆောင်နိုင်ခြင်း စသည်တို့ဖြစ်သည်။

“ ကျွန်တော်တို့ အစိုးရဝန်ထမ်းတွေကို သင်တန်းပို့ပေးပါတယ်။ သူတို့ကို နိုင်ငံတကာအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ကြဖို့ တိုက်တွန်းအားပေးနေပါတယ်။ နိုင်ငံတကာဆက်ဆံရေးတွေတိုးလာတာကြောင့်
ဒီလိုစိန်ခေါ်မှုတွေကို ကျွန်တော်တို့ အဆင်ပြေပြေနဲ့ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း ပြောနိုင်ပါတယ် ” ဟု ဦးကျော်ဇေယျ ကပြောသည်။