PEDU မှ ကရင် IDPs များကို ထောက်ပံ့ပေးရန်အတွက် ငွေကျပ်သိန်း ၁၀၀ ကျော်လှူဒါန်း

...

PEDU မှ ကရင် IDPs များကို ထောက်ပံ့ပေးရန်အတွက် ငွေကျပ်သိန်း ၁၀၀ ကျော်လှူဒါန်း

KIC, 16 Sep 2016

URL: http://www.bnionline.net/news/karen-state/item/2312-pedu-donates-over-10-million-kyats-of-supplies-to-karen-idps.html
ဘားအံ အခြေစိုက် ဖလုံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် မြန်မာငွေ သိန်းတစ်ရာကျော် (ခန့်မှန်းခြေ ယူအက်စ်ဒေါ်လာ ၈၁၇၀)
တန်ဖိုးရှိ အစားအစာနှင့် အခြားသော ထောက်ပံ့ပစ္စည်းများကို ကရင်ပြည်နယ်ရှိ၊ မြိုင်ကြီးငူဒေသတွင် စစ်ပြေးရှောင်လာသည့် သူများ
အတွက် လှူဒါန်းခဲ့သည်။

IDPs များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မဲ့သဝေါဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
“စက်တင်ဘာလ(၁၂)ရက်နေ့မှာ စစ်ကြောင့် မြိုင်ကြီးငူကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကျွန်မတို့က ဆန်အိတ်(၃၀၂)အိတ်၊ အစား
အစာနဲ့ အခြားပစ္စည်းတွေကို သိန်းတစ်ရာကျော်ဖိုး သွားရောက်လှူဒါန်းခဲ့ပါတယ်၊ ကျွန်မတို့သွားတဲ့အချိန်တုန်းက ခြင်ထောင်၊ စောင်နဲ့
အဝတ်အစားတွေကို သူတို့ လတ်တလော လိုအပ်နေတာကို တွေ့ခဲ့ရပါတယ်”ဟု PEDU မှ ဦးစီးမှူးဖြစ်သူ နန်းခင်သက်မာဝင်းက ပြောခဲ့
သည်။

စက်တင်ဘာလ အစောပိုင်းတွင် မဲ့သဝေါ၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လူ (၃၈၀၀)ကျော်သည် မြိုင်ကြီးငူသို့ လာရောက်
ခိုလှုံနေကြကြောင်း သူမက ပြောပြခဲ့သည်။

PEDU အား ဘားအံမြို့နယ်မှ လာသည့် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိ(တောမှီရဟန်း)က တည်ထောင် ပေးခဲ့
ခြင်းဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် နာဂစ်မုန်တိုင်း ရိုက်ခတ်ဒဏ်ခံရသော ဧရာဝတီတိုင်းသို့လည်း အဖွဲ့အစည်းမှ လှူဒါန်းမှုများ ပေးပို့ခဲ့သည်။