မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနောက်ကွယ်မှအိုဘားမား၏အရေးပါမှု

...

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနောက်ကွယ်မှအိုဘားမား၏အရေးပါမှု

Radio Free Asia, 14 Nov 2014

URL: http://www.rfa.org/english/news/myanmar/obama-meets-assk-11142014161642.html
U.Sသမ္မတဘားရက်အိုဘားသည်သောကြာနေ့တွင်မြန်မာနိုင်မှပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီးနိုင်ငံခြားသားနိုင်ငံသားများဖြစ်သည့်အ တိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏သားသမီးများအပေါ်အခြေခံထားသည့်သူမသမ္မတဖြစ်ခြင်းကိုတားမြစ်ထားမှုများအပါ အဝင်သမ္မတဘားရက်အိုဘားမားမှအကြောင်းအရာကိစ္စများနှင့်ပက်သက်၍သူ၏အခိုင်မာဆုံးသောကြေငြာချက်တွင်အတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားသည့်နိုင်ငံတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်သည်။


“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များဟာချန်လှပ်ထားခြင်းထကထည့်သွင်းပါဝင်ဖို့လိုအပ်ပါတယ်”၂၀၁၀ခုနှစ်တွင်ဒေါ် အောင်ဆန်းစုကြည်အားမလွှတ်ပေးမီသူမအားနေအိမ်အကျယ်ချုပ်ဖြင့်(၁၅)နှစ်တာထားခဲ့သောရန်ကုန်ရှိစီးပွားရေးအချက်အချာကျ သည့်နေရာတွင်ရှိသည့်သူမ၏နေအိမ်ဖြစ်သည့်အင်ယားလမ်းရှိသူမ၏နေအိမ်တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစည်းဝေးပွဲလုပ် အပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင်အိုဘားမားမှပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့်ဟာပြီးပြည့်စုံမှုမရှိသေးသလိုဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်ကိုတား ဆီးပိတ်ပင်ထားတာဟာအဓိပ္ပယ်သိပ်မရှိဘူးဟုအမေရိကန်သမ္မတအိုဘားမားကပြောကြားခဲ့သည်။

အိုဘားမားမှဒေါ်အောင်ဆန်းစုကြည်နာမည်ကိုထုတ်ဖော်မပြောဆိုသော်လည်းပုဒ်မ(၅၉)သည်အတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမို ကရေစီအဖွဲ့(NLD)မှခေါင်းဆောင်အားနောင်လာမည့်နှစ်တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်တားမြစ်
ပိတ်ပင်ထားသည်။အဘယ်ကြောင့်ဆိုသော်သူမ၏သားနှစ်ဦးစလုံးမှာဗြိတိန်နိုင်ငံသားများဖြစ်ခြင်းကြောင့်ဖြစ်သည်။

“ကလေးတွေကြောင့်တစုံတဦးဟာသမ္မတမဖြစ်ရဘူးဆိုတဲ့ပြုလုပ်မှုမျိုးကိုကျွန်တော်နားမလည်ပါဘူး”ဟုအိုဘားမားကပြောကြားခဲ့သည်၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကျန်ရှိတဲ့အပိုင်းတွေကိုပြင်ဆင်ဖို့အတွက်မြန်မာနိုင်ငံသားတွေနဲ့အတူနောက်ဆုံးအကြိမ်ဆုံးဖြတ်ချက် ဖြစ်ကြောင်းထပ်ပေါင်းပြောကြားခဲ့သည်။“ဒါဟာကျွန်တော့်အတွက်အဓိပ္ပာယ်မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်မှသူမ၏ပါတီသည်ဘာကြောင့်ပုဒ်မကိုပြင်ဆင်စေချင်သည့်အကြောင်းကိုပိုမိုပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။

“ကျွန်မတို့ဒီပုဒ်မကိုကန့်ကွက်တယ်ဆိုတာအဲ့ဒါကကျွန်မကိုသမ္မတဖြစ်ဖို့တားဆီးထားလို့ပါပဲ၊ဘာ့ကြောင့်လဲဆိုတော့ဒါဟာဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေကိုဆန့်ကျင်ထားတာဖြစ်ပြီးဖွဲ့စည်းပုံလည်းမကျလို့ပါပဲ”ဟုသူမကပြောသည်။

“ဖွဲ့စည်းပုံခြေခံဥပဒေမှာနိုင်ငံသားတိုင်းတန်းတူညီတူရှိရမယ်လို့ဆိုပါတယ်။ဒါဟာကျွန်မသားသမီးတွေကျွန်မသားသမီးတွေရဲ့အိမ်ထောင် ဖက်အနေအထားတွေအပေါ်ခွဲခြားထားတာပါပဲ။ဒီလိုမျိုးကိုလက်မခံနိုင်ပါဘူး။

ကျွန်မတို့ပြည်သူလူထုဟာကျွန်မတို့နောက်မှာမြဲမြဲရပ်နေတာကြောင့်ပုဒ်မကိုပြင်ဆင်ဖို့ဆုံးဖြတ်ချက်ချခဲ့တာပါ။”

ဒေါ်အောင်ဆန်းစုကြည်အားသမ္မတဖြစ်ခြင်းကိုတားဆီးထားသည့်ပုဒ်မများအပါအဝင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲခြင်းအပေါ် စစ်တပ်၏ဗီတိုအာဏာသုံးခြင်းကိုဖယ်ရှားရန်အတွက်ကြံ့ခိုင်ရေးပါတီအားဖိအားပေးရန်မေလ(၂၇)ရက်နေ့မှဇူလိုင်လ(၁၉)ရက်နေ့ထိပြုလုပ် သောကမ်ပိန်းတွင်လက်မှတ်ပေါင်း(၅)သန်းနီးပါးကိုအန်အယ်လ်ဒီနှင့်မြန်မာနိုင်ငံ၏၈၈မျိုးဆက်သစ်ကျောင်းသားအဖွဲ့များမှစုဆောင်းရရှိခဲ့ သည်။

“ကျွန်မတို့ဒီမိုကရေစီအသွင်အပြည့်အဝကူးပြောင်းမယ်ဆိုရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မရဘူးဆိုတာကျွန်မတို့ပြည်သူအများစုကနားလည် သဘောပေါက်ကြပါတယ်”ဟုသူမကပြောသည်။

“သူတို့ရဲ့ကလေးတွေဘာပဲလုပ်လုပ်သင်တို့အပြစ်ပေးလို့မရနိုင်ပါဘူး။”