မြန်မာနိုင်ငံသည်ငယ်ရွယ်သောစီးပွားရေးလုပ်ငန်းရှင်များပိုမိုပေါ်ထွန်းလာရန်အတွက်အသင့်ပြင်ဆင်ထားပြီ

...

မြန်မာနိုင်ငံသည်ငယ်ရွယ်သောစီးပွားရေးလုပ်ငန်းရှင်များပိုမိုပေါ်ထွန်းလာရန်အတွက်အသင့်ပြင်ဆင်ထားပြီ

Beauty Crib TV, 24 Oct 2014

URL: http://beautycribtv.com/news/myanmar-set-for-more-young-entrepreneurs
ပတ်ဝန်းကျင်မျက်နှာသာမပေးသည်ကတကြောင်း၊စီးပွားရေးဆိုင်ရာယဉ်ကျေးမှုချို့ငဲ့ခြင်းနှင့်အရင်းအနှီးမရှိသည်​ကတစ်မှု၊စသည်တို့သည်​မြန်မာနိုင်ငံမှ​စီးပွားရေးစတင်လုပ်ကိုင်
သောစီးပွားရေးလုပ်ငန်းရှင်များရင်ဆိုင်နေရသောအဓိကပြဿနာဖြစ်သည်။

သို့သော်တိုင်းပြည်သည်ဆက်လက်၍ပွင့်လင်းလာသည့်အတိုင်းလူငယ်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့မှကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလူအများပိုမိုစတင်လုပ်ကိုင်
လာမည်ကိုမြင်တွေ့ရန်မျှော်လင့်နေကြသည်။။ယနေ့အခါဤအသင်းအဖွဲ့သည်အသင်းဝင်အယောက်(၃၀၀)ရှိသော်လည်း၂၀၁၆ခုနှစ်တွင်အသင်းဝင်(၁၅၀၀)ရှိရန်မျှော်လင့်နေသည်။

ထွန်းထွန်းနိုင်၊အသက်(၁၉)နှစ်သည်၎င်း၏ပထမဦးဆုံးစီးပွားရေးကိုအာလူးကြော်ရောင်းခြင်းဖြင့်လွန်ခဲ့သော(၁၃) နှစ်ကစတင်ခဲ့သည်။သို့သော်နောက်ထပ်(၈)လထဲနှင့်အရှုံးပေါ်ခဲ့
သည်။သူသည်ဆက်လက်၍တခြားသောစီးပွားရေးလုပ်ငန်းအမျိုးမျိုးကိုစတင်လုပ်ကိုင်ခဲ့သော်လည်းအလားတူပင်မအောင်မမြင်ဖြစ်ခဲ့သည်။“ကျွန်တော့်​အဖေကပြောတယ်။မင်းဟာ
တော်တော်မိုက်တယ်။မင်းပိုက်ဆံတွေဆုံးမယ်လို့ကျွန်တော့်ကိုပြောခဲ့တယ်။ကျွန်တော်တို့ဟာလခစားဝန်ထမ်းတွေဖြစ်ဖို့ပဲအသင်ခံရတယ်။ကျွန်တော့်မိသားစုအားလုံးနဲ့မိတ်ဆွေ၊လူ အားလုံးဟာလခစားဝန်ထမ်းတွေပဲ။စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အခန်းကဏ္ဍမရှိဘူး၊ပြီးတော့မြန်မာလူမျိုးတွေဟာမစွန့်စားချင်ကြဘူး”ဟုသူကပြောသည်။

သို့သော်ထွန်းထွန်းနိုင်သည်ဇွဲရှိရှိဖြင့်ဆက်လက်စွန့်စားမှုများလုပ်ခဲ့သည်။ယနေ့သူသည်ရောင်းဝယ်ဖောက်ကားခြင်းအများအပြားနှင့်စီးပွားရေးစီမံခန့်ခွဲခြင်းကုမ္ပဏီဖြစ်သော Blue
Ocean Operating Managementပိုင်ရှင်နှင့်စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်ပြီးသုံးစွဲငွေအမေရိကန်ဒေါ်လာ(၂၅)သန်းရှိ၍samsung နှင့်Telenorကဲ့သို့နိုင်ငံအများအပြားနှင့်ပက်
သက်သည့်ကုမ္ပဏီများအားဆက်သွယ်ဝန်ဆောင်မှုပေးနေသည်။သူသည်ယခုနှစ်တွင်လည်းအာစီယံမြန်မာလူငယ်စီးပွားရေးလုပ်ငန်းရှင်များဆုကိုဆွတ်ခူးရရှိသူဖြစ်သည်။

"ကျွန်တော်သံဓိဌာန်ချထားတာကဘာဖြစ်လို့ငါဟာတခြားကုမ္ပဏီကြီးကြီးကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်မဖြစ်နိုင်ရမှာလဲ။ဒုတိယတစ်ခုကအကယ်၍ငါသာစီးပွားရေးလုပ်
ငန်းရှင်ဖြစ်ခဲ့ရင်ငါရဲ့လူမှုအဖွဲ့အစည်းတွေကိုအကူအညီပေးနိုင်မယ်။ငါ့လိုလူမျိုးတွေကိုလည်းအကူအညီပေးနိုင်မယ်"ဟုသူကဆိုသည်။

မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်အများအပြားသည်သူတို့၏လုပ်ငန်းများအားအကူအညီနှင့်ဦးဆောင်လမ်းပြမှုမရှိဘဲစတင်ခဲ့ကြသည်။ထို့အတွက်ကြောင့်သူတို့သည်စီးပွားရေးနှင့်
ဆိုင်သောစိတ်ဓာတ်များကိုအားပေးထောက်ပံ့ရန်အတွက်ပို၍များသောအရာများကလုပ်ဆောင်ပေးနိုင်သည်ဟုခံစားရခြင်းဖြစ်သည်။

Channel NewsAsia Lithan နှင့် University College ဖက်စပ်လုပ်ငန်းဖြစ်သောစတင်အစီအစဉ်အောက်၌ဒေသအတွင်းမျှော်လင့်ထားသောစီးပွားရေးလုပ်ငန်းရှင်များသည်
လုပ်ငန်းစတင်ခြင်းအခြေခံနှင့်စီးပွားရေးလည်ပတ်မှုများကိုသင်ယူနေကြသည်။အစီအစဉ်ကမကထလုပ်သူများမှဤအစီအစဉ်အတွက်မြန်မာနိုင်ငံမှပါဝင်သူတစ်ယောက်ကိုရွေးချယ်
မည်ဖြစ်ပြီး အရွေးခံရသူသည်အမေရိကန်ဒေါ်လာ(၂၀၀၀)ရရှိမည်ဖြစ်ပြီးအခြားသောဒေသဆိုင်ရာစီးပွားရေးစတင်လုပ်ကိုင်သူများနှင့်အိန်ဂျယ်လ်ရင်းနှီးမြှုပ်နှံသူများ၏အသင်းဝင်နှင့်
ရန်ပုံငွေထည့်ဝင်လှူ ဒါန်းထားသောဆုအကြီးကြီးရရှိရန်အတွက်စင်္ကာပူနိုင်ငံထဲတွင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လူငယ်မြန်မာစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့၏ဒုတိယဥက္ကဌအောင်စိုးသာက“ဒီအသင်းအဖွဲ့မှာယခုအခါ “ပြုစုပျိုးထောင်ခြင်းစင်တာ”တစ်ခုကိုပြုလုပ်နေပါတယ်။ဒီပြု စုပျိုးထောင်
ခြင်းစင်တာအောက်တွင်အသင်းအဖွဲ့မှစီးပွားရေးလုပ်ငန်းများကိုမည်သို့အစပြုရမည်၊မိမိထုတ်ကုန်ကိုမည်သို့ရောင်းဝယ်ဖောက်ကားရမည်၊မိမိထုတ်ကုန်များကိုမည်သို့ကောင်းမွန်စွာရောင်း
ချရမယ်ဆိုတာကိုသင်ကြားပေးပါတယ်။ဒုတိယတစ်ခုကဒီအသင်းအဖွဲ့ဟာလုပ်ငန်းစတင်လုပ်ကိုင်သူများအားမိမိထံ၌ရင်းနှီးမြှုပ်နှံလိုသောလုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့်လည်းတွေ့ဆုံပေး
ခြင်းဖြင့်ကူညီနေသောကြောင့်လုပ်ငန်းစတင်ခြင်းအားတိုးတက်ကောင်းမွန်စေပါတယ်”ဟုပြောခဲ့သည်။

ဤအသင်းအဖွဲ့သည်မြန်မာနိုင်ငံအစိုးရကိုလည်းအခွန်လျော့ပေါ့ရန်နှင့်အ​ခွင့်​အ​လမ်း​​ပေးသောမူဝါဒများကိုချမှတ်ပေးခြင်းဖြင့်လူငယ်စီးပွားရေးလုပ်ငန်းရှင်များအားသူတို့အိမ်မက်များကိုဆက်
လက်အကောင်အထည်ဖော်ရန်အတွက်အားပေးထောက်ပံ့ပေးစေလိုသည်။