မြန်မာနိုင်ငံမသန်မစွမ်းသူများကောင်စီဖွဲ့စည်းမည်

...

မြန်မာနိုင်ငံမသန်မစွမ်းသူများကောင်စီဖွဲ့စည်းမည်

Democratic Voice of Burma, 15 Jun 2014

URL: http://english.dvb.no/news/disabled-rights-council-to-be-formed-in-burma/41521
မြန်မာနိုင်ငံမှရှိသောမသန်မစွမ်းတစ်သန်းကျော်ကိုကိုယ်စားပြုသည့်မြန်မာနိုင်ငံမသန်မစွမ်းသူများကောင်စီဖွဲ့စည်းရန်ရန်ကုန်မြို့၌ညီလာခံတစ်ရပ်ကျင်းပဆွေးနွေးခဲ့သည်။

ပြည်ထောင်စုအဆင့်မြန်မာနိုင်ငံမသန်မစွမ်းသူများကောင်စီဖွဲ့စည်းရန်ရည်ရွယ်ချက်ဖြင့်တနိုင်ငံလုံးကမသန်မစွမ်းသူဦးရေ(၅၀၀)လောက်စုစည်းပြီးတနိုင်ငံလုံးဆိုင်ရာမသန်မစွမ်းသူများညီလာခံ
ကိုဆီဒိုးနားဟိုတယ်တွင်ကျင်းပခြင်းဖြစ်သည်။

ညီလာခံကိုဇွန်လ(၁၀)ရက်နေ့မှ(၁၃)ရက်နေ့အထိ(၃)ရက်ကြာကျင်းပမည်ဖြစ်ပြီးညီလာခံအပြီးတွင်မြန်မာတနိုင်ငံလုံးဆိုင်ရာမသန်မစွမ်းသူများကောင်စီကိုတရားဝင်ဖွဲ့စည်းသွားရန်ရှိသည်။

ညီလာခံတက်ရောက်ခဲ့သည့်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှုချုပ်ဦးစိုးကြည်မှဒီညီလာခံကနေပြီးမသန်မစွမ်းသူတွေရဲ့ဆန္ဒနဲ့အညီနိုင်ငံတော်ကိုယ်စားပြုမည့်အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာ
မယ်လို့ပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့်ညီလာခံကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ကလည်းသဝဏ်လွှာပေးပို့ခဲ့သလိုမြန်မာနိုင်ငံဆိုင်ရာအမေရိကန်
သံအမတ်ဒဲရစ်မစ်ချယ်ကလည်းတက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏သဝဏ်လွှာကိုအဲန်အယ်ဒီပါတီဗဟိုအလုပ်အမှုဆောင်ဒါရိုက်တာမေဝင်းမြင့်ကဖတ်ကြားသွားပါတယ်။

မြန်မာနိုင်ငံမျက်မမြင်များအသင်းဥက္ကဌဦးအောင်ကိုမြင့်မှလည်းနိုင်ငံတော်အစိုးရအပါအဝင်လွှတ်တော်နှင့်ရင်ဘောင်တန်းပြီးအမျိုးသားရေးအသွင်မသန်မစွမ်းအရေးလုပ်ဆောင်ပေးဖို့အတွက်ညီ
လာခံနောက်ဆုံးနေ့မှာမြန်မာနိုင်ငံမသန်မစွမ်းသူများကောင်စီကိုဖွဲ့စည်းမယ်ဟုပြောသည်။

လူမှုဝန်ဝမ်းဦးစီးဌာန၏ထုတ်ပြန်ချက်အရမြန်မာနိုင်ငံလူဦးရေ၏(၂.၃၂)ရာခိုင်နှုန်းသည်မသန်မစွမ်းသူများဖြစ်ပြီးဦးရေ(၁၃)သိန်းခန့်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။

မသန်စွမ်းမှုဆိုင်ရာသုတေသနစာတန်းအရမြန်မာနိုင်ငံမှာမသန်စွမ်းမှုအများဆုံးက ဉာဏ်ရည်ပိုင်းဆိုင်ရာမသန်မစွမ်းဖြစ်ပြီးအခြားမသန်စွမ်းမှုတွေကတော့ကိုယ်အင်္ဂါမသန်စွမ်းမှု၊အမြင်အာရုံမသန် စွမ်းမှု၊အကြားအာရုံမသန်စွမ်းမှုနှင့်ကလေးများနှင့်ပက်သက်သည့်မသန်စွမ်းမှုတို့ဖြစ်ကြသည်။