မြန်မာနိုင်ငံအတွက်ဘီဘီစီသတင်းဌာန

...

မြန်မာနိုင်ငံအတွက်ဘီဘီစီသတင်းဌာန

BBC News, 02 Dec 2013

URL: http://www.bbc.co.uk/news/blogs-the-editors-25186835
တခါမှကျွန်တော်ကြားရမယ်လို့တောင်မထင်ထားတဲ့သတင်းတပုဒ်ကိုဒီသတင်းတပတ်မှာကျွန်တော်လက်ခံရရှိခဲ့ပါတယ်၊မြန်မာနိုင်ငံသတင်းဝန်ကြီးဌာနမှဘီဘီစီနှင့်အခြားအပြည်ပြည်ဆိုင်ရာသတင်းအဖွဲ့(၃)ဖွဲ့ကိုမြန်မာဟုခေါ်ဆိုသော မြန်​မာပြည်တွင်သတင်းဌာနလာဖွင့်ရန်တရားဝင်ခွင့်ပြုလိုက်တဲ့အတွက်ပဲဖြစ်ပါတယ်။
ဒီသတင်းရဲ့ရည်ရွယ်ချက်ကိုေတာ့ပုံကြီးချဲ့ဖို့ခက်ခဲပါသေးတယ်၊သို့သော်လည်းနိုင်ငံမှာဘေးချိတ်ခံထားရတာကြာပြီဖြစ်တဲ့ဆင်ဆာလုပ်ငန်းတွေနဲ့စာနယ်ဇင်းတွေအတွက်ကတော့အံ့သြစရာကောင်းလောက်တဲ့ပြောင်းလဲခြင်းခြေလှမ်းတခုပါပဲ။
နိုင်ငံအတွင်းအပြင်နှစ်ဘက်စလုံးမှမြန်မာစကားပြောပရိတ်သတ်တွေအတွက်အဓိကသတင်းသော့ချက်တွေဆက်လက်ရှိနေသော်လည်းဘီဘီစီသတင်းထုတ်လွှင့်တာတွေကိုတော့မြန်မာပြည်မှာပိတ်ထားတာဆယ်စုနှစ်တနှစ်စာရှိပါပြီ။
သို့သော်လည်းပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းကနိုင်ငံဟာသတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်ဆီသို့ရွေ့လျားလို့လာနေပါပြီ။လွန်ခဲ့တဲ့တနှစ်ကျော်ကဘီဘီစီကမၾာ့သတင်းမှာဗမာပြည်တွင်အသံလွှင့်တော့မယ့်အကြောင်းကိုကျွန်တော်ကြေငြာခဲ့ တာဟာတိကျသေလာက်နီးပါးပါပဲ၊ဒါဟာနိုင်ငံအတွင်းမှာစကားပြောခွက်နဲ့တိုက်ရိုက်အအသံလွှင့်တဲ့အစိုးရရဲ့နိုင်ငံတော်အသံလွှင့်သူများအတွက်သာလွန်ကောင်းမွန်တဲ့ခြေလှမ်းတရပ်ပါပဲ၊နိုင်ငံ့သတင်းအဖွဲ့အစည်းမှအသံနဲ့ကြေငြာရန်အတွက် စကားလုံးရွေးချယ်သုံးနှုန်းမှုများကိုဖတ်ပြီးမှသာကြေငြာရန်အတွက်သူတို့ဆီသို့သတင်းများကိုဝေခဲ့တာကြောင့်ပါ။
ဘီဘီစီဖျော်ဖြေရေးလိုင်းတွင်လည်းအသင်းဝင်ကြေးပေးပြီးကြည့်ရသောဘီဘီစီဖျော်ဖြေရေးများနှင့် CBeebies အစီအစဥများရှိတာတို့နဲ့တူညီနေတာကိုတွေ့ခဲ့ရပါတယ်၊
ထိုနောက်ပိုင်းမှာတော့သမိုင်းမှတ်တိုင်များဟာထူထပ်ပြီးမြန်ဆန် လို့လာပါပြီ။ဒီနှစ်အစောပိုင်းကတည်းကမြန်မာနိုင်ငံရှိမိုဘိုင်းဖုန်းတွေမှာအတရားဝင်အသံပိုင်းဆိုင်ရာသတင်းထုတ်ပြန်ဖို့ဘီဘီစီမှစတင်ဆောင်ရွက်နေပါပြီ၊ထိုသို့ပြုလုပ်ရန်အတွက်ပထမဦးဆုံးသောနိုင်ငံတကာသတင်းအဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာမြန်မာနိုင်ငံအတွင်းမှာSMSသတင်းများနဲ့အားကစားသတင်းထုတ်လွှင့်ခြင်းများကိုစီစဥပေးနေတဲ့တခုတည်းသောအပြည်ပြည်ဆိုင်ရာသတင်းထုတ်လွှင့်သူများပါပဲ။ဘီဘီစီမြန်မာပိုင်းဆိုင်ရာထုတ်လွှင့်မှုအစီအစဥများကိုဗမာပြည်ရှိ FM လိုင်းများတွင်ယခုအခါပြန်လည်အသံလွှင့်နေပါပြီ။
ဘီဘီစီမြန်မာပိုင်းဆိုင်ရာထုတ်လွှင့်မှုများကို ၁၉၄၀ ခုနှစ်ကတည်းကရရှိနိုင်ခဲ့ပြီးယခုအခါတွင်နားထောင်သူပရိတ်သတ်(၈.၄)သန်းရှိပြီးနိုင်ငံလူဦးရေ၏လေးပုံတပုံနီးပါးရှိ နေပါပြီ။ဗမာပြည်တွင်ယုံကြည်မှုခံရဆုံးသောအသံလွှင့်သူ့များမှ ဘီဘီစီတွင်၎င်းတို့ကိုယ်တိုင်လပ်စွာသင်ယူလေ့လာနိုင်တဲ့ဖျော်ဖြေတင်ဆက်မှုတွကိုတည်ထောင်ခဲ့ပါတယ်။
မြန်မာအစိုးရမှဘီဘီစီပေးစာများကိုမှတ်ယူထားပါတယ်။ဒီသတင်းတပတ်ဆုံးဖြတ်ချက်များကိုကြေငြာရာတွင်သတင်းဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးရဲထွန်းမှဘီဘီစီသည်သတင်းပညာအဆင့်အတန်းတွင်“ စံပြ” ဖြစ်ကြောင်းကိုဝန်ခံခဲ့သည်ဟု ပြောကြားပြီးဒီပြောကြားမှုဟာဘီဘီစီသတင်းဌာနဖွင့်လှစ်ရန်အတွက်ရရှိလာတဲ့ဦးစားပေးမှုတခုပါပဲ။
ဘီဘီစီရဲ့ပြန်ကြားရေးဆက်သွယ်ရေးပိုင်းဆိုင်ရာအများအကျိုးဆောင်သောလုပ်ဆောင်မှုများသည်နိုင်ငံတွင်အသံလွှင့်လှုပ်ရှားသူများအပါအဝင်ဗမာသတင်းစာဆရာများ၏နောက်မျိုးဆက်သစ်များကျွမ်းကျင်မှုရစေရန်အတွက်လုပ်ဆောင်သွား မည်ဖြစ်ပြီးနည်းပညာပိုင်းဆိုင်ရာသင်တန်းများသာမကအရေးပါသောတည်းဖြတ်ခြင်းသင်တန်းများကိုပါပေးရန်ကမ်းလှမ်းခဲ့ခြင်းသည်ဘီဘီစီ၏လွတ်လပ်စွာအစီရင်ခံခြင်း၏တန်ဖိုးတခုပင်ဖြစ်သည်။
ဘီဘီစီ၏သတင်းစာပညာတန်းညီတူညီမျှဖြစ်ရန်နှင့်သမာသမတ်ကျရန်အတွက်ကတိပေးပြီးသောအလုပ်များသည်မပြောင်းလဲတဲ့အရာနဲ့ပြောင်းလဲလာမှာမဟုတ်တဲ့အရာတွေပဲဖြစ်ပါတယ်။
ကျွနုပ်တို့ရဲ့သတင်းဌာနကိုနောင်နှစ်မှာဖွင့်ဖို့ရည်ရွယ်ချက်ရှိပါတယ်။သတင်းဌာနကိုအဂၤလိပ်ဘာသာနဲ့မြန်မာဘာသာနှစ်ဘာသာစလုံးကိုတာဝန်ယူထားတဲ့သတင်းစာဆရာတွေနဲ့ပံ့ပိုးထားပါတယ်။ဘီဘီစီ၏နှစ်ဘာသာဝန်ဆောင်မှုလောကမှသတင်း စာဆရာများသည်၎င်းတို့ရဲ့ကျွမ်းကျင်မှုများနဲ့ထိုးထွင်းမြင်တတ်မှုတွေကိုကျွနုပ်တို့ရဲ့ပြည်တွင်းလုပ်ငန်းများဆီသို့သယ်ဆောင်လာပြီးပြည်တွင်းသတင်းဌာနများရှိှသူတို့၏လုပ်ဖော်ကိုင်ဖက်များနှင့်ပိုပြီးအနီးကပ်လုပ်ဆောင်လာတာကြောင့်တိုးပွား မှုအလားအလာများပုံရိပ်ထင်လာပါတယ်။