မြန်မာနိုင်ငံနှင့်နယူးစောက်(သ်)ဝေး(လ်)ပညာရေးနှင့်ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်သွားမည်

...

မြန်မာနိုင်ငံနှင့်နယူးစောက်(သ်)ဝေး(လ်)ပညာရေးနှင့်ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်သွားမည်

Xinhua News, 05 Nov 2013

URL: http://www.mizzima.com/mizzima-news/education/item/10494-myanmar-new-south-wales-to-cooperate-in-education
ြန်မာနိုင်ငံနှင့်အော်စတြေးလယားနိုင်ငံမှနယူးစောက်(သ်)ဝေး(လ်)ပြည်နယ်သည်ရန်ကုန်မြို့၌လွန်ခဲ့သောအင်္ဂါနေ့တွင်၎င်းတို့လက်မှတ်ရေးထိုးခဲ့သောသဘောတူညီချက်မှတ်တမ်းအရ္ပညာရေးနှင့်ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဤသဘောတူညီချက်မှတ်တမ်းကိုဆေးတက္ကသိုလ်အမှတ်(၁)နှင့်အမှတ်(၂)နှင့်စစ်တနီ(Sydney)တက္ကသိုလ်ကျောင်း၊စစ်တနီ(Sydney)ဆေးကျောင်းများအကြားလက်မှတ်ရေးထိုးခဲ့သည်ဟုမြန်မာ့အလင်းကဆိုသည်။ယင်းသဘောတူညီချက်တွင်ကျောင်းဆရာဆရာမများ၏အရည်အချင်းကိုမြှင့်တင်ပေးခြင်းသာမက၊ကျောင်းသူကျောင်းသားဖလှယ်ခြင်းအစီအစဥ်၊တက္ကသိုလ်များနှင့်အတူတကွသုတေသနပြုလုပ်ခြင်းနှင့်အချက်အလက်၊စာရေးကိရိယာများဖလှယ်ခြင်းများကိုလည်းမြှင့်တင်ပေးသည်။
ဤသဘောတူညီချက်ကိုအော်စတြေးလယားနိုင်ငံမှနယူးစောက်(သ်)ဝေး(လ်)အုပ်ချုပ်ရေးမှူး(Marie Bashir) မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သောအချိန်တွင်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
အော်စတြေးလယားနိုင်ငံ၏လွတ်တော်အမတ်နှင့်နိုင်ငံခြားရေးဝန်ကြီး(Bob Carr) မြန်မာနိုင်ငံသို့ဇွန်လှိုင်လတွင်လာရောက်လည်ပတ်သည့်အချိန်တွင်မြန်မာနိုင်ငံ၏ပညာရေးပြုပြင်ပြောင်းလဲမှုအတွက်၎င်းသည်အော်စီဒေါ်လာသန်း ၁၀၀ ဖြင့်ထောက်ပံ့မည်ဟုကတိပေးခဲ့သည်။