မြန်မာအလုပ်သမားများ နိုင်ငံကူးစာအုပ်အသစ်လဲလှယ်ရန်အတွက် ယာယီစင်တာ ဖွင့်လှစ်မည်

...

မြန်မာအလုပ်သမားများ နိုင်ငံကူးစာအုပ်အသစ်လဲလှယ်ရန်အတွက် ယာယီစင်တာ ဖွင့်လှစ်မည်

Myanmar Times, 07 Mar 2019

URL: https://www.mmtimes.com/news/temporary-thai-centre-renew-myanmar-workers-passports.html
ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ၎င်းတို့၏နိုင်ငံကူးစာအုပ်များပြန်လည်လဲလှယ်ရာအဆင်ပြေလွယ်ကူစေရန်အလို့ငှာ စမတ်ပရာကန်ခရိုင် တွင် မြန်မာအလုပ်သမားအချက်အလက်စုဆောင်းရေးယာယီစင်တာကို တည်ထောင်ရန် အင်္ဂါနေ့တွင်သဘောတူညီခဲ့သည်။

မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်နှစ်မျိုးနှစ်စားအား ပြန်လည်လဲလှယ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက ရည်မှန်းထားသည်။

အလုပ်သမားစာအုပ်လုပ်ဆောင်ပေးရေးစင်တာကို ယခင်ကထိုင်းနိုင်ငံတွင် ရှိခဲ့ပြီး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ၊ ယာယီနိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်းလက်မှတ်များ ထုတ်ပေးခဲ့သည်။

အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို အဆင့်ဘီတွင် ခွင့်ပြုပေးခဲ့ပြီး နိုင်နှစ်နိုင်ငံအကြား MoU ဖြင့် လုပ်ဆောင်စေခဲ့သည်။ ၎င်းတို့စာအုပ်များကို လေးနှစ်စာပြီးဆုံးပြီးနောက် စင်တာသစ်တွင် လာရောက်လဲလှယ်နိုင် သည်။

စင်တာသည် ထိုင်းအလုပ်သမားများအတွက်လည်း ဘဝပိုမိုအဆင်ပြေစေရန် ကူညီပေးမည်ဖြစ်သည်။