"စု" အသက်မွေးဝမ်းကျောင်းသိပ္ပံ(ပညာဒါန)ကျောင်းဆောင်သစ်ဖွင့်ပွဲ လှိုင်သာယာမြို့နယ်၌ ကျင်းပ

...

"စု" အသက်မွေးဝမ်းကျောင်းသိပ္ပံ(ပညာဒါန)ကျောင်းဆောင်သစ်ဖွင့်ပွဲ လှိုင်သာယာမြို့နယ်၌ ကျင်းပ

The Myanmar Times, 31 Jan 2018

URL: https://www.mmtimes.com/news/new-vocational-institute-opens-yangon.html
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ပြုလုပ်သည့် ]]စု}} အသက်မွေးဝမ်းကျောင်းသိပ္ပံ(ပညာဒါန)ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း
ဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် စိန်ပန်းမြိုင်လမ်းရှိ အဆိုပါကျောင်း၌ ကျင်းပသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးအောင်လေးနွယ်(ခေါ်)ကိုငယ်က ]] ဒီအဆောက်အအုံကို ၇ လ လောက် ဆောက်ခဲ့ရတာပါ။ အခုတော့ အဆောက်အအုံကြီး
ပြီးမြောက်အောင်မြင်သွားပြီဖြစ်တဲ့အတွက် သင်တန်းတွေ စတင်ဖွင့်လှစ်ပါတော့မယ်။သင်တန်းအနေနဲ့ အဓိကကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်
နဲ့အညီ အသက်မွေးဝမ်းကျောင်း ပညာသီးသန့်သင်မယ့်ကျောင်းဖြစ်ပါတယ်၊ အခုဆိုရင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ၊ ဂျပန်စကားပြောသင်တန်းတွေလည်း စတင်သင်ကြားပေးနေပါပြီ။

ကျောင်းသားလက်ခံတဲ့အပိုင်းအနေနဲ့ကတော့ ပညာအရည်အချင်း ကန့်သတ်ထားတာမျိုးမရှိပါဘူး၊ ဒါပေမယ့် အလုပ်သမားဥပဒေအရ အသက်ကတော့ ကန့်သတ်ထားပါတယ်။ အသက် ၁၇
နှစ်ရဲ့ အထက်ကိုသာ ပညာသင်ကြားပေးမှာဖြစ်ပါတယ်}} ဟု ပြောကြားသည်။

လူငယ်ထု၏ အရည်အသွေးကို မြှင့်တင်ကာ တိုင်းပြည် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လူငယ်များအတွက် အသက်မွေးဝမ်း ကျောင်းပညာများဖြစ်သော ကွန်ပျူတာသင်တန်း ၊ အင်္ဂလိပ်
နှင့် ကိုရီးယားဘာသာစကားသင်တန်း၊ အခြေခံလျှပ်စစ်သင်တန်း၊ အ ခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းများကို အဆိုပါကျောင်း၌ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကိုရီးယား၊ တ
ရုတ်ဘာသာစ
ကားများအပြင် စက်ချုပ် သင်တန်းအစရှိသည့် အသက်မွေးဝမ်းကျောင်းပညာများကို တို့ချဲ့ ဖွင့်လှစ်၍ သင်ကြားပို့ချသွားရန် စီစဥ္ ထားကြောင်း သိရသည်။