အသစ်တက်ရောက်လာမည့် KNU ခေါင်းဆောင်များအား ရေကာတာစီမံကိန်းကို လက်မခံရန် ကရင်လူထုတောင်းဆို

...

အသစ်တက်ရောက်လာမည့် KNU ခေါင်းဆောင်များအား ရေကာတာစီမံကိန်းကို လက်မခံရန် ကရင်လူထုတောင်းဆို

Burma News International, 20 Mar 2017

URL: http://www.bnionline.net/news/karen-state/item/2846-karen-idps-ask-knu-leadership-to-reject-hydropower-dams.html
ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်အပြီး အသစ်တက်လာမည့်ကေအဲန်ယူခေါင်းဆောင်များအနေဖြင့် သံလွင်မြစ်ပေါ်ရှိ ရေကာတာစီမံကိန်းများကို လက်မခံရန် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(KRW)နှင့်
ဒေသခံကရင်ပြည်သူလူထုက မတ်လ(၁၄)ရက်နေ့တွင် တောင်းဆိုခဲ့ကြသည်။

ထိုနေ့တွင် ကျရောက်သည့် နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ကေအဲန်ယူနယ်မြေ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ အီတူးထာ့ပြည်တွင်းဒုက္ခသည်စခန်းရှိ အူးဝဲကလိုးကျေးရွာအနီး သံလွင်မြစ်ကမ်းနံဘေးတွင်
ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (KRW) နှင့် ဒေသခံများ ပူးပေါင်းကျင်းပပြီး ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ အခမ်းအနားဦးဆောင်သူ စောထူးထူးစတင်းက ၁၆ ကြိမ်မြောက်ကွန်ဂရက်ပြီးရင် အသစ်တက်လာမယ့် ခေါင်းဆောင်တွေအနေနဲ့ ရေကာတာစီမံကိန်းတွေကို လက်မခံဖို့ ကျွန်တော်တို့ဆန္ဒရှိပါတယ်။ ဘာဖြစ်လို့လဲဆို
တော့ ခေါင်းဆောင်သစ်တွေအနေနဲ့ စိတ်ပြောင်းပြီး သံလွင်မြစ်ပေါ်နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို လစ်လျှူရှုမယ်ဆိုရင် ဒေသခံတွေအတွက် ကြီးမားတဲ့ စိုးရိမ်ဒုက္ခကို ဖြစ်စေပါတယ် ” ဟု ကေအိုင်
စီသို့ ပြောသည်။

အခမ်းအနားတွင် ဦးဆောင်ပါဝင်ခဲ့သူ အီတူးထာ့စခန်း ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ နော်သဲနေက “ အသစ်တက်လာမယ့် ကေအဲန်ယူခေါင်းဆောင်တွေအနေနဲ့ ဒီရေကာတာစီမံကိန်းတွေ ကျွန်မတို့နေရာဒေသမှာ
ဖြစ်မလာဖို့ ကျွန်မတို့ဒေသခံပြည်သူလူထုတွေကို ရဲဝံ့ပြတ်သားစွာကာကွယ်ဖို့၊ ပြတ်ပြတ်သားသားနဲ့တာဝန်ယူပေးဖို့အတွက် အကြီးမားဆုံးတောင်းဆိုချင်ပါတယ် ” ဟု အခမ်းအနား၌ ပြောဆိုခဲ့သည်။

KNLA ဒုတိယစစ်ဦးစီးချုပ်စောဘောကျော်ဟဲက " ကျွန်တော့်တစ်ယောက်အနေနဲ့ကတော့ ရေကာတာစီမံကိန်းတွေမလုပ်ပါနဲ့လို့ တောင်းဆိုလို့မရဘူး။ ကျွန်တော်တို့က ကရင်ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အဖွဲ့
အစည်းဖြစ်တာကြောင့် ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေအတိုင်း အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ် " ဟု ယမန်နှစ်က ရေကာတာဆန့်ကျင်ရေးနေ့တွင် ကေအိုင်စီသို့ ပြောခဲ့သည်။