မြန်မာ့အခြေခံပညာရေးသင်ရိုးညွှန်းတမ်းများ ပြောင်းလဲခြင်း

...

မြန်မာ့အခြေခံပညာရေးသင်ရိုးညွှန်းတမ်းများ ပြောင်းလဲခြင်း

Myanmar Times, 09 Mar 2017

URL: http://www.mmtimes.com/index.php/special-features/educentre/25297-myanmar-s-basic-education-curriculum-gets-a-makeover.html
ပညာသင်ချိန်ကာလကို နိုင်ငံတကာအဆင့်အတန်းနှင့်အညီ တိုးမြှင့်လိုက်ပြီဖြစ်ပြီး သင်ရိုးညွှန်းတမ်းအသစ်ကိုလည်း ကဏ္ဍကြီး ၅ ရပ်ဖြင့် ကျောင်းသားများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရေးဆွဲခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေးသင်ရိုးညွှန်းတမ်းသည် နှစ်ပေါင်း ၃၀ ကျော်ကြာရှိနေပြီဖြစ်သည်။ နောက်ဆုံးပြင်ဆင်ခဲ့သည့်နှစ်မှာ ၁၉၈၅ ခုနှစ်တွင်ဖြစ်သည်။ ခေတ်မီမှုမရှိတော့ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သုံး
သပ်ခဲ့ကြပြီး မြန်မာ့ပညာရေးစနစ်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နှိုင်းယှဉ်ကြည့်ပါက နောက်ကျကျန်ရစ်သည်။

ကလေးများသည် အလွတ်ကျက်စနစ်အောက်တွင် ဆန်းစစ်ဝေဖန်နိုင်သည့်အရည်အသွေး လျော့နည်းစွာဖြင့် ကြီးပြင်းလာခဲ့ကြသည်။ အလွတ်ကျက်စနစ်သည် နည်းပညာခေတ်တွင် သင့်တော်မှုမရှိတော့သည်မှာ
ကြာလှပြီဖြစ်သည်။

ထို့ကြောင့် ပညာရေးဌာနလက်အောက်ရှိ ပညာရေးသုတေသနဌာနသည် ၂၀၁၂ ခုနှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ကို ရွေးဆွဲခဲ့သည်။ သုံးနှစ်ကြာပြီးနောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ သင်ရိုးမာတိကာအသစ်တစ်
ခုကို KG တန်းတွင် စတင်မိတ်ဆက်သင်ကြားခဲ့သည်။

“နိုင်ငံတကာအဆင့်အတန်းနဲ့ကိုက်ညီမှုရှိဖို့အတွက် အမျိုးသားပညာရေးဥပဒေအရ သင်ရိုးညွှန်းတန်းကို ပြောင်းလဲခဲ့ပါတယ် ” ဟု ပညာရေးသုတေသနဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာခိုင်
မြဲကပြောခဲ့သည်။

အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလတွင် အတည်ပြုခဲ့ပြီး ယင်းအားပြင်ဆင်ဖြည့်စွက်ချက်များကို ၂၀၁၅ ခုနှစ် ၊ ဇွန်လ (၂၅)ရက်နေ့တွင် အတည်ပြုခဲ့သည်။ ဤပညာရေးဆိုင်ရာဥပဒေသည်
မြန်မာနိုင်ငံတွင် ပထမဦးစွာ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေအခန်း(၅)၊ အပိုဒ်(၁၆)(က)တွင် အခြေခံပညာရေးအား အဆင့်(၃)ဆင့်ဖြင့် ပိုင်းခြားထားသည်၊ မူလတန်းပညာရေး၊ အလယ်တန်းပညာရေးနှင့် အထက်တန်းပညာရေးဟူ၍ အမည်ပေးထား
သည်။ အစိုးရသင်ရိုးညွှန်းတမ်းအောက်၌ ကျောင်းသားများသည် သူငယ်တန်းပြီးမြောက်သောအခါပညာ (၁၂)နှစ် သင်ကြားရမည်ဖြစ်သည်။

အာဆီယမ်နိုင်ငံများတွင် အသက်(၆)နှစ်မှ စတင်ကျောင်းတက်ရသော်လည်း ယခင်က မြန်မာနိုင်ငံရှိ ကျောင်းပညာရေး သည် အသက်(၅)နှစ်တွင် စတင်ခဲ့သည်။ ကျောင်းသားများသည် ကျောင်းတွင် (၁၁)နှစ် ပညာသင်
ကြားရသည်။

ပညာသင်ချိန်ကာလကို နိုင်ငံတကာအဆင့်အတန်းနှင့်အညီဖြစ်စေရန် တိုးမြှင့်လိုက်ပြီဖြစ်ပြီး သင်ရိုးညွှန်းတမ်းအား ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား၊ ခင်မင်ရင်းနှီးမှုနှင့် ကြွယ်မှုရရှိစေရန် ရည်
ရွယ်၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

လာမည့် ပညာသင်နှစ်တွင် ကျောင်းသားများအတွက် ပြောင်းလဲမှုအဆင့်အလိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ဒုတိယတန်းကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းကို ၂၀၁၈-၁၉ ခုနှစ်တွင်သော်လည်းကောင်း၊
တတိယတန်းကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းကို ၂၀၁၉-၂၀ ခုနှစ်တွင်သော်လည်းကောင်း၊ စတုတ္ထတန်းနှင် ပဉ္စမတန်းကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းကို ၂၀၂၀- ၂၁ ခုနှစ် နှင့် ၂၀၂၁-၂၂ ခုနှစ်တွင်
သော်လည်းကောင်း ပြောင်းလဲသွားမည်ဖြစ်သည်။

အလယ်တန်းနှင့် အထက်တန်းပညာရေးသင်ရိုးညွှန်းတမ်းကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ကူညီမှုဖြင့် ဆက်လက်ရေးဆွဲသွားမည်ဖြစ်သည်။