မြန်မာအစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်များအပစ်ရပ်စာချုပ်ကိုအပြီးသတ်နိုင်ရန်ရည်ရွယ်

...

မြန်မာအစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်များအပစ်ရပ်စာချုပ်ကိုအပြီးသတ်နိုင်ရန်ရည်ရွယ်

The Nation, 17 Aug 2015

URL: http://www.nationmultimedia.com/breakingnews/Myanmar-government-rebels-aim-to-finalise-ceasefir-30266732.html
မြန်မာသမ္မတဦးသိန်းစိန်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှခေါင်းဆောင်များသည်လာမည့်အပတ်တွင်ကျင်းပသောအစည်း
အဝေးတွင်ကာလကြာရှည်စွာစောင့်ဆိုင်းနေရသည့်အပစ်အခတ်ရပ်စဲရေးအသေးအစိတ်အချက်အလက်များကိုအင်တိုက်အားတိုက်
အပြီးသတ်နိုင်ကြိုးစားမည်ဟုတနင်္လာနေ့တွင်တာဝန်ရှိသူများမှပြောကြားခဲ့သည်။

သဘောတူစာချုပ်တွင်ထည့်သွင်းမည့်တိုင်းရင်းသားအရေအတွက်နှင့်ပက်သက်၍ဆွေးနွေးမှုတွင်မကြေမလည်ဖြစ်ခဲ့သည်။
အစိုးရမှရှမ်းပြည်နယ်တောင်ပိုင်း၌စစ်တပ်နှင့်တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည့်အဖွဲ့(၆)ဖွဲ့ကိုဖယ်ထုတ်ပြီးအဖွဲ့(၁၅)ဖွဲ့ဖြင့်သာလက်
မှတ်ရေးထိုးချင်သည်။

တိုင်းရင်းသားညှိနှိုင်းဆွေးနွေးသူများမှအနည်းဆုံး(၁၇)ဖွဲ့ထည့်သွင်းရမည်ဟုတောင်းဆိုကြသည်။
ဦးသိန်းစိန်မှသူ၏သမ္မတသက်တမ်းမကုန်မီအဆုံးအဖြတ်ပေးနိုင်ရန်မျှော်လင့်နေသည်။ရွေးကောက်ပွဲသစ်ကိုနိုဝင်ဘာလတွင်ကျင်း
ပပြုလုပ်ရန်အစီအစဉ်ရေးဆွဲထားသည်။

နောက်လာမည့်အစိုးရသည်ဆယ်စုနှစ်များစွာဖြစ်ပွားနေသောပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ရန်အတွက်လိုအပ်သည့်နိုင်ငံရေးဆိုင်
ရာအချီချဆွေးနွေးမှုများစတင်ပြုလုပ်နိုင်ရန်၎င်းအနေနှင့်လိုလားကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားပြီး၁၉၄၈ခုနှစ်တွင်ဗြိတိသျှဆီမှလွတ်လပ်ရေးရရှိပြီးနောက်မြန်မာကြီး
စိုးလွှမ်းမိုးထားသည့်နိုင်ငံဖြစ်လာပြီးတိုင်းရင်းသားအဖွဲ့များနှင့်အမြဲတမ်းတင်းမာမှုများရှိခဲ့သည်။တနင်္ဂနွေနေ့တွင်ကရင်အမျိုးသား
အစည်းအရုံးသည်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရာတွင်လူသိရှင်ကြားပါဝင်မည့်ပထမဦးဆုံးအဖွဲ့ဖြစ်လာသည်။