မြန်မာအစိုးရနှင့်တိုင်းရင်းသားအဖွဲ့များနောက်တပတ်တွင်ပြုလုပ်မည့်အစည်းအဝေးတွင်အပစ်အခတ်ရပ်စဲရေးစာချုပ်ရရှိရန်မျှော်မှန်း

...

မြန်မာအစိုးရနှင့်တိုင်းရင်းသားအဖွဲ့များနောက်တပတ်တွင်ပြုလုပ်မည့်အစည်းအဝေးတွင်အပစ်အခတ်ရပ်စဲရေးစာချုပ်ရရှိရန်မျှော်မှန်း

Eleven Media, 17 Sep 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7587:ceasefire-draft-expected-as-myanmar-govt-and-ethnic-groups-meet-next-we
အစိုးရနှင့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များမှအတူတကွလုပ်ဆောင်ရန်နည်းလမ်းနှင့်၎င်းတို့၏ဖြစ်ပွားနေဆဲပြဿနာများနှင့်ကွဲပြားမှုများကိုဖြေရှင်းရန်နည်းလမ်းများရှာဖွေတွေ့ရှိပါက
မြန်မာနိုင်ငံသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရန်အတွက်ကြိုးစားမှုရလဒ်များသယ်ဆောင်လာနိုင်မည်ဖြစ်သည်ဟုတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲ
ရေးညှိနှိုင်းအသင်း(NCCT)အဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မုန်မှပြောခဲ့သည်။

အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်NCCTတို့မှစက်တင်ဘာလ(၂၂)ရက်နေ့တွင်ထပ်မံတွေ့ဆုံရန်အစီအစဉ်ပြုလုပ်ထားသောကြောင့်အပစ်အခတ်ရပ်စဲ
ရေးမူကြမ်းနှင့်ပက်သက်သည့်မေးခွန်းကို၎င်းမှတုန့်ပြန်ဖြေကြားခဲ့သည်။

“ဒါကျွန်တော့်ကိုယ်ပိုင်သဘောထားပါ။ကျွန်တော်တို့တဖွဲ့လုံးရဲ့သဘောထားမဟုတ်ပါဘူး။တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချု ပ်လက်မှတ်ရေးထိုးဖို့ကိုကျွန်တော်တို့စတင်ဆွေးနွေး
နေတာတနှစ်နီးပါးရှိနေပါပြီ။ကျွန်တော်တို့အခက်အခဲဟာကျယ်ပြန့်ပြီးလေးနက်တယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့အချိန်ယူရမယ်ဆိုတာအမှန်ပါပဲ။ဒါပေမယ့်နှစ်ဘက်စလုံးကသူ
တို့ဘာကိုဆွေးနွေးရမယ်ဆိုတာသိနှင့်နေပါပြီ။ဒီနားလည်မှုတွေနဲ့အတူတိုင်းပြည်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာကျွန်တော်တို့ပူး
ပေါင်းဆောင်ရွက်မှုန​ည်းလမ်းတွေကိုချဉ်းကပ်လုပ်ဆောင်မယ်ဆိုရင်ပိုမိုလွယ်ကူလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်”ဟုဒေါက်တာဆလိုင်းလျန်မုန်ကပြောသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုစတုတ္ထကြိမ်မြောက်အစည်းအဝေးအတွင်းအပြီးသတ်နိုင်ရန်မျှော်လင့်ခဲ့ကြသည်။ပြီးခဲ့သောလတွင်ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင်အပြီးသတ်အဖြေမရှာနိုင်ခဲ့ပေ၊
အဘယ့်ကြောင့်ဆိုသော်အစိုးရသည်တိုင်းရင်းသားအဖွဲ့အစည်းများ၏ရပ်တည်ချက်နှင့်ဆက်လက်ရှင်သန်နိုင်ရေးကိုအဆုံးအဖြတ်ပေးနိုင်သည့်ကြားဖြတ်ကာလတွင်အချုပ်အခြာအာဏာခွဲ
ဝေအုပ်ချုပ်မှုဖြစ်ပေါ်ရန်ထောက်ခံလိုလားဟန်ရှိခဲ့သည်“ကျွန်တော်တို့တိုင်းရင်းသားလူနည်းစုတွေကိုယ်ပိုင်အုပ်ချုပ်ရေးကိုဘာလို့တောင်းဆိုချင်ရတာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
ကျွန်တော်တို့မှာကိုယ်ပိုင်အုပ်ချုပ်ရေးရှိခဲ့ပါတယ်။အစိုးရဟာကျွန်တော်တို့နယ်ပယ်ဒေသတွေမှာဒီအခွင့်အာဏာကိုဆက်လက်ပေးပြီးအာမခံချက်ပါပေးသင့်ပါတယ်။ဒါဟာကျွန်တော်တို့ရေ
ရှည်ဆက်လက်အသက်ရှင်နေထိုင်ဖို့အတွက်အာမခံပေးပါလိမ့်မယ်”ဟုဆလိုင်းလျန်မုန်ကပြောသည်။

အစိုးရမှတိုင်းရင်းသားအဖွဲ့အစည်းများကိုချဉ်းကပ်မှုပြုရာတွင်ငွေရေးကြေးရေးအကူအညီများဖြင့်ပံ့ပိုးပေးခြင်းသည်မှန်ကန်မှုမရှိဟု၎င်းမှပြောခဲ့သည်။နှစ်ဘက်စလုံးမှအပစ်အခတ်ရပ်စဲရေး
ကြိုးပမ်းမှုများ၏အခက်ခဲဆုံးအပိုင်းဖြစ်သည့်နိုင်ငံရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကိုသဘောတူညီခဲ့သော်လည်းညှိနှိုင်းဆွေးနွေးရန်​ကျန်ရှိနေသည့်ကဏ္ဍများကိုချန်ထားကြသည်။အခက်
အခဲနောက်တစ်ခုမှာပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်ပူးတွဲဦးဆောင်ကော်မတီကိုတည်ထောင်မည့်ကိစ္စဖြစ်သည်။

နှစ်ပေါင်းခြောက်ဆယ်ကြာဖြစ်ပွားခဲ့သည့်ပြည်တွင်းစစ်ပွဲများမှအကျိုးဆက်ပြဿနာများကိုနှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတစ်ခုတည်းဖြင့်သာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၎င်းမှပြောခဲ့
သည်။NCCTသည်ကျန်ရှိနေသောကွဲပြားခြားနားချက်များအပေါ်UPWC နှင့်ဆွေးနွေးရန်အတွက်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်သည်။ထိုအချိန်အတောအတွင်းUPWCသည်သမ္မတဦးသိန်း စိန်ဦးဆောင်မှုအောက်၌ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)၏စည်းမျဉ်းစည်းကမ်းများနှင့်ပက်သက်၍ဆောင်ရွက်နေသည်။