အမျိုးသားပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများ ချမှတ်

...

အမျိုးသားပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများ ချမှတ်

Mizzima, 06 Jun 2019

URL: http://www.mizzima.com/article/myanmar-announces-national-environment-and-climate-change-policies
နိုင်ငံ၏သဘာဝပတ်ဝန်းကျင်အား ကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲသက်ရောက်မှုများအတွက် အစိုးရသည် မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုအတွက် နည်းဗျူဟာ အသစ်နှစ်ရပ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံအစိုးရက ယမန်နေ့ကကြေငြာခဲ့သည်ဟု ယူအဲန်၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာကြေငြာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိနိုင်ငံများထဲတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံရဆုံးဖြစ်သည့်နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထင်ရှားသည့်ဇီဝမျိုးစုံနှင့် သဘာဝသံယံဇာတများသည် နိုင်ငံ၏ဖွံ့ ဖြိုးမှုများကြောင့် ဖိစီးမှုများရှိလာသည်။ ပိုများပြင်းထန်သည့် ရေလွှမ်းမိုးမှုများ၊ မုန်တိုင်းများနှင့် မိုးခေါင်ရေရှားမှုများ မကြာမဏဖြစ်ပေါ်လာမှုသည် အခြေခံအဆောက်အဦးများနှင့်စီးပွားရေးအတွက် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

သမ္မတဝင်းမြင့်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတစ်ခုတွင် မူဝါဒသစ်နှစ်ရပ်ကို ကြေငြာခဲ့သည်- ယင်းတို့မှာ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် မြန်မာနိုင်ငံရာ သီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒတို့ဖြစ်ကြသည်။ အခမ်းအနားသို့ အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်း များ၊ စီးပွားရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှကိုယ်စားလှယ်များ၊ ယူအဲန် Resident Coordinator နှင့် ဥရောပသမဂ္ဂဆိုင်ရာသံအမတ်ကြီး စသည်တို့ တက်ရောက်ခဲ့ကြသည်။

မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားအနေဖြင့် လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုဆိုင်ရာ စိန်ခေါ်မှုပြဿနာများထဲတွင် လေထုညစ်ညမ်းမှုပြဿနာသည် ဦးစားပေးအနေဖြင့် အရေးတကြီး အလေးထား ဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်သည်ကို မီးမောင်းထိုးပြသည့်အနေဖြင့် ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား၏ ဆောင် ပုဒ်အဖြစ် လေထုညစ်ညမ်းမှု တိုက်ဖျက်စို့ (Beat Air Pollution) ဟု သတ်မှတ်ထားပါကြောင်းပြောကြားခဲ့သည်။

လက်ရှိထုတ်ပြန် ပြဌာန်းထားပြီးဖြစ်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ မြို့ပြအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကျောင်းသူ ကျောင်းသားများ၊ ပြည်သူများအနေဖြင့် သိရှိနားလည်ရန်၊ မိမိတို့ ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်း အသီး သီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို မဖြစ် မနေ ထည့်သွင်း ပေါင်းစပ်ပြီး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာတွင် အောင်မြင်နေသည့် နည်းပညာ၊ အတွေ့အကြုံ များအပေါ် အခြေခံပြီး သဘာဝဂေဟစနစ်နှင့် သယံဇာတများ ရေရှည်တည်တံ့ရေး၊ မှန်လုံအိမ်ဓါတ် ငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်သွားခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး စီးပွား ရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ဟန်ချက်ညီသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ရရှိနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်းပြောကြားခဲ့သည်။