ကျောင်းစာသင်ရက် ထပ်တိုးမည့်အစီအစဉ်အား မိဘများမှ ဝေဖန်

...

ကျောင်းစာသင်ရက် ထပ်တိုးမည့်အစီအစဉ်အား မိဘများမှ ဝေဖန်

Myanmar Times, 26 Apr 2019

URL: HTTPS://WWW.MMTIMES.COM/NEWS/PARENTS-CRITICISE-PLAN-LONGER-SCHOOL-YEAR.HTML
အခြေခံပညာရေးအတွက် အတန်းတင်စာမေးပွဲသည် လာမည့်နှစ် မတ်လ နောက်ဆုံးအပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဦးမျိုးသိမ်းကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုထက်တိုင် အတန်းတင်စာမေးပွဲများကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်များတွင် ကျင်းပပြီး မတ်လနှင့် မေလများသည် နွေရာ သီကျောင်းပိတ်ရက်ဖြစ်သည်။ အသစ်ရေးဆွဲထားသည့်အချိန်ဇယားအရ နွေရာသီကျောင်းပိတ်ရက်များကို နှစ်လသာထားရှိတော့မည်ဖြစ်ပြီး မိဘများမှာ ထိုအခြင်းအရာနှင့်ပတ်သတ်ပြီး ဝေဖန်နေကြသည်။

သို့သော်လည်း ပညာဝန်ကြီးဌာနသည် ထိုနွေရာသီကျောင်းပိတ်ရက်အချိန်အပြောင်းအလဲကို တရားဝင် မကြေငြာသေးပေ။

“ဝန်ကြီးဌာနက တရားဝင် မကြေငြာသေးပေမယ့် ဒီသတင်းကို မီဒီယာတွေမှာ ဖော်ပြနေတာတွေ့ရတာပဲ။ ကျွန်တော်တို့ ဘာညွှန်ကြားချက်မှ မရသေးပါဘူး” ဟု ပညာရေးမှအရာရှိတစ်ဦးက ပြောခဲ့သည်။
“မတ်လထိ သင်ပေးဖို့ သင်ရိုးညွှန်းတမ်းတော့ ကျွန်တော်တို့ အစီအစဉ်ထားပြီးပါပြီ၊ ဒါပေမယ့် စာသင်ခန်းလုံလုံလောက်လောက်မရှိတာ၊ စာမေးပွဲမှာ ကျောင်းသားတွေ ထိုင်ဖို့ နေရာအခက်အခဲရှိတာတွေက ကျောင်းတွေကို စောစောပိတ်ဖို့ဆုံးဖြတ်ချက်ချစေပါတယ်” ဟု ပညာရေးပင်စာစားအရာရှိတစ်ဦးက ပြောခဲ့သည်။

“ထိုင်းမှာက လေအေးစက်တပ်ထားတဲ့စာသင်ခန်းတွေရှိတယ်၊ စာသင်ခန်းမှာ မြန်မာနိုင်ငံလို ကလေး ၅၀၊ ၆၀ လောက် မရှိဘူး။ နွေရာသီမှာ ကလေးတွေကျောင်းတက်ဖို့က ဘယ်လိုမှကောင်းမှာမဟုတ်ဘူး။ လေအေးပေးစက်အခန်းထဲမှာ ထိုင်ပြီး ဒီလိုအဓိပ္ပါယ်မရှိတာတွေပြောနေတာထက် တာဝန်ရှိသူတွေက မိဘ၊ဆရာနဲ့ ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်သင့်တယ်” ဟု အမည်မဖော်လိုသူ မိဘတစ်ဦးကပြောခဲ့သည်။

မြို့ကြီးပြကြီးများတွင် ထိုအစီအစဉ်သည် အလုပ်ဖြစ်နိုင်သော်လည်း ကျေးလက်ဒေသများတွင် စာသင်ခန်း မလုံလောက်မှု၊ ငွေကြေးရေးကြေးရေးနှင့် ဆရာမလုံလောက်မှုများကြောင့် အလုပ်ဖြစ်နိုင်မည် မဟုတ်ကြောင်း ပင်စင်ဝန်ထမ်းတစ်ဦးက ပြောခဲ့သည်။

အခြေခံပညာရေးစာသင်ကျောင်းများတွင် ကျောင်းသားများသည် မေလကုန်တွင် ကျောင်းအပ်နိုင်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်း စတင်ဖွင့်လှစ်သည်။